အတိတ်သမိုင်းက ဆိုးမွေကို မျက်မှောက်သမိုင်းတွင် မပါစေလို

Type
1

 

  စံထိပ်ထားနိုင်  
 

(ယမန်နေ့မှ အဆက်) 


ထိုအချိန်ကာလက ရဲဘော်ဖြူများ သည် ကျောက်ပန်းတောင်း၊ ညောင်ဦး၊ တောင်သာ၊ မိတ္ထီလာတစ်ခွင် စိုးမိုးထား သည့်အချိန်လည်း ဖြစ်သည်။ ရဲဘော်ဖြူ များသည် ပုပ္ပားတောင်ကိုပါ သိမ်းထား သည်။ ထိုစဉ်က ပုပ္ပားတောင် ပြန်လည် သိမ်းယူရန်   ကြိုးပမ်းခဲ့သည့်  ဖြစ်စဉ် နှင့်  ပုပ္ပားတောင်ကလပ်ပေါ်   တက်ရင်း   တွေ့ကြုံခဲ့ရပုံကို   ဖတ်ရှုရသည်မှာ စိတ်ဝင်စားဖွယ် ကောင်းလှသည်။ 

 


မိဘအပေါ် တန်ဖိုးထား


ပုပ္ပါးတောင်ကလပ်ပေါ်တွင် လေ က   တဝူးဝူး၊   တောင်ကလပ်ပေါ်က စေတီကလေး  တစ်ဆူ   ရှိနေသည်။ စေတီကို လက်ယာရစ်  ပတ်နိုင်လျှင် မိခင်၏   နို့တစ်လုံးဖိုး  ကျေသည်ဟု ဆိုကြသည်။ ရဲဘော်များက စာရေးသူ တို့   ပတ်နိုင်မလား   သိချင်စိတ်များ နေသည်၊ မိခင်ကျေးဇူး နို့တစ်လုံးကျေ မည် ဆိုသည့်အတွက်  ကိုယ်တိုင်က လည်း စေတီကိုပတ်တာနှင့် ကျေသည် ဆိုသည့် ယုံကြည်မှုရှိနေသည်။ စာရေးသူ ၆  တန်းနှစ်ကပင်    ရှေ့ဆင့်နောက်ဆင့် ဆုံးပါးသွားကြသည့်    မိဘနှစ်ပါးဂုဏ် ကျေးဇူးကို ရည်မှန်းကာ ပတ်ချင်သည့် စိတ်က ကြီးစိုးနေသည်။ ချောက်ကြီး နှင့် လေက  တဝူးဝူး  တိုက်နေသည့် အပြင် ပတ်လျှောက်ရန်        ခြေတစ်ဖဝါး တစ်လွှာစာသာရှိနေသည်။    သို့သော် စေတီလေးကို   အားပြုဖက်ပြီး  ပတ်ခဲ့ သည်။ အမိ အဖ ကျေးဇူးကို ရည်မှန်း၍၊ အဓိဋ္ဌာန်ပြု၍   လက်ယာရစ်   တစ်ပတ် ပတ်နိုင်ခဲ့သည်ကို       ဖတ်ရှုရသည်မှာ စာရေးသူ၏  မိဘအပေါ်  တန်ဖိုးထား ချစ်ခင်စိတ်ကိုပါ သိမြင်ခံစားရသည်။

 


စာအုပ်တွင်      စာရေးသူသည် တာဝန်များဖြင့်   ဟိုမှသည်    သည်မှဟို အလီလီ    ပြောင်းရွှေ့ထမ်းဆောင်နေရ သည်ကို လေ့လာဖတ်ရှုရသည်။     “မ” သုံးလုံးဒေသတွင် ဗကပ ဗဟို၏ အချက် အချာကျသည့်နေရာများကို တပ်မတော် က  တိုက်ခိုက်မှုများကြောင့်   ဗကပတို့ သည် ပဲခူရိုးမသို့ အခြေခံရန် ဖြစ်လာ တော့သည်။ “မ” သုံးလုံး နယ်မြေများရှိ ကျေးရွာများကိုပါ တပ်မတော်က စိုးမိုး ထားနိုင်သည့်   အခြေအနေဖြစ်သည်။ ထို့ကြောင့်      တခြားတပ်ရင်းများသို့ စစ်ဆင်ရေးနယ်မြေအား    လွှဲအပ်ခဲ့ပြီး တရုတ်ကူမင်တန်တပ်များကို    တိုက် ခိုက်ရမည့်   အထူးစစ်ဆင်ရေးအတွက် စာရေးသူတို့         တပ်ရင်းတစ်ခုလုံး တောင်ကြီးမြို့သို့   ပြောင်းရွှေ့ခဲ့ကြရ ကြောင်း ဖော်ပြထားသည်။

 


ထွက်ပြေးတိမ်းရှောင်


တောင်ကြီးမြို့သို့    ရောက်ရှိသည့် အခါ      ကျိုင်းခမ်းရှမ်းရွာများ          ရှိ သည့်       ဒေသသို့      ထပ်မံပြောင်းရွှေ့ ခဲ့ရသည်။   တာဝန်နှင့်   တိုက်ရမည့် ရန်သူများသည်  တရုတ်ဖြူများပင်။ ထိုအချိန်က   တရုတ်ပြည်မကြီးတွင် ကွန်မြူနစ်မော်စီတုံး ပြည်သူ့တပ်များ ပေါ်လာပြီး  တရုတ်ဖြူ  ကူမင်တန်တပ် များနှင့်   နင်လား   ငါလား   တိုက်ကြ  သည်။ တရုတ်ပြည်ကွန်မြူနစ်ပါတီတပ် များသည် လူထု၏ ထောက်ခံမှုကြောင့် တရုတ်ဖြူတပ်များ တရုတ်ပြည်မကြီးတွင် မရပ်တည်နိုင်ဘဲ ချန်ကေရှိတ် စစ်သူကြီး ဦးဆောင်ကာ တရုတ်ပြည်  ဖော်မိုဆာ ကျွန်းကြီးသို့   ထွက်ပြေးတိမ်းရှောင်ကြ သည်။ 

 


တရုတ်ဖြူများကို တိုက်ခိုက်ခဲ့


တရုတ်ဖြူတို့၏ ရေရှည်စီမံချက်အရ တစ်နေ့ တရုတ်ပြည်မကြီးအား ပြန်တိုက် ရန်   မြန်မာနိုင်ငံတွင်   တတ်နိုင်သမျှ ခြေကုပ်ယူရန်ဖြစ်သည်။ ထို့ကြောင့် ရှမ်း ပြည်နယ်တစ်ခွင်တွင်   လှုပ်ရှားစည်းရုံး ကာ စီးပွားရေးပါ လုပ်ဆောင်နေသည်။ ထိုအချိန်က ဖဆပလအစိုးရက တပ်မတော် ကို တရုတ်ဖြူများ တိုက်ထုတ်ရန်အတွက် ကာကွယ်ရေးဦးစီးချုပ်ရုံးကို    တာဝန် ပေးသည်။    ကာကွယ်ရေးဦးစီးချုပ်ရုံးက တရုတ်ဖြူတပ်များ   ရှမ်းပြည်တစ်ခွင် ဝင်ရောက်သောင်းကျန်းလာမှုကို မောင်း ထုတ်ရန်   စာရေးသူ   (ဗိုလ်မှူးချုပ် သန်းတင်) တို့အပါအဝင်    တပ်ရင်း သုံးရင်းကို တာဝန်ပေးခဲ့ကြောင်း သိရှိ ရသည်။ ထို့အတွက် နဂါးနိုင်စစ်ဆင် ရေးဖြင့်  တိုက်ခိုက်ခဲ့သည်။   ထို့အတူ ရန်ကြီးအောင် စစ်ဆင်ရေးဖြင့် တရုတ် ဖြူများကို တိုက်ခိုက်ခဲ့သည်။

 


ဤကဲ့သို့ တရုတ်ဖြူများကို   မြန်မာ့ မြေပေါ်မှ      တိုက်ခိုက်နှင်ထုတ်သည့် စစ်ဆင်ရေးတွင်   စိတ်ရောကိုယ်ပါ နစ်မြုပ်၍    ပါဝင်ထမ်းဆောင်ခဲ့ပုံမှာ တပ်မတော်သားတစ်ဦး၏ နိုင်ငံချစ်စိတ် ကို ပေါ်လွင်စေသည်။ ဗိုလ်မှူးချုပ် သန်းတင်သည်       ရာထူးတာဝန် အဆင့်ဆင့်ဖြင့်  နိုင်ငံအတွင်း လှည့်လည် ထမ်းဆောင်ရင်း      ရောက်ရှိသည့်  နေရာတိုင်းတွင်    သောင်းကျန်းသူ များကို  တိုက်ခိုက်သည့် အဖြစ်အပျက်များကို ဖတ်ရှုလေ့လာရသည်မှာ      စိတ်ဝင် စားဖွယ် ကောင်းသည်။
အဘယ်ကြောင့်ဆိုသော်   ဗိုလ်မှူး ချုပ်သန်းတင်     ပါဝင်တွေ့ကြုံခဲ့သည့်    သိန္နီတံတားတိုက်ပွဲ၊    ပန်ကျုံးတိုက်ပွဲ တို့သည်  ရောင်စုံသောင်းကျန်းသူများ အထိနာခဲ့သည့်တိုက်ပွဲများ ဖြစ်သော ကြောင့်ပင်။ စစ်သမိုင်း၊ စစ်ဥပဒေများ၌ တိုက်ပွဲတစ်ပွဲ  ရှုံးလင့်ကစား စစ်ပွဲကြီး အား   မထိခိုက်နိုင်သလို  ဤစစ်ပွဲမျိုး   ဆုံးရှုံးလိုက်ရသည့် အတွက် စစ်ဆင်ရေး ကြီးတစ်ခုလုံး အထိနာ ဆုံးရှုံးသွားနိုင် သည်ဟု ဖော်ပြထားသည်။   စစ်ဥပဒေ များအရ ပန်ကျုံးတိုက်ပွဲကြောင့် ဗကပ အဝေးရောက် ဗမာပြည် ကွန်မြူနစ်ပါတီ အတွက် စစ်ရေးပြလှုပ်ရှားပြသမှု  ဆုံးရှုံး သဖြင့်  ဗကပတို့ စစ်စတင် ရှုံးခြင်းပင်ဖြစ် သည်။ 

 


စာဖတ်သူကို ဆွဲဆောင်


ဗမာပြည်ကွန်မြူနစ်ပါတီ၏ ဗဟိုခွဲ စခန်းအား တိုက်ခိုက်ချေမှုန်းရာတွင် ပါဝင်ခဲ့သည့်  ဗိုလ်မှူးချုပ်သန်းတင်၏ အတွေ့အကြုံမှာလည်း စာဖတ်ပရိသတ် ကို စိတ်လှုပ်ရှားစေသည်။ ဗဟိုခွဲစခန်း ရှိရာတောသည်   အင်ကြင်းပင်များနှင့်    အင်ကြင်းကျောက်များ ပေါများလှသည်။ ထို့ကြောင့်ပင် အင်တောကျောက်ဂူဟု  အမည်တွင် နေခြင်းဖြစ်ပေမည်။ အတွင်း ပိုင်းရောက်လေလေ တောက  ထူလေ လေဖြစ်သလို တောင်ကုန်းများကလည်း   မြင့်မားလာသည်။    တစ်တောင်ဆင်း တစ်တောင်တက်ဖြင့်   ပင်ပင်ပန်းပန်း စစ်ချီခဲ့ရပုံဖြင့် စာဖတ်သူကို ဆွဲဆောင် ထားသည်။

 


ထိုကဲ့သို့ တောကြီးတောင်ကြီးကြား က ဗကပ ဗဟိုခွဲ အင်တောကျောက်ဂူ ဒေသအား စမ်းတဝါးဝါးနှင့် စစ်ဆင်ရေး ပြုလုပ်ပါက အင်တောကျောက်ဂူ၏ ခွင် အတွင်းမှ တခြားခွင်တစ်ခုသို့  ပြောင်း ရွှေ့သွားနိုင် သည်။ ထို့ကြောင့်   လက်ရှိ    အင်တောကျောက်ဂူခွင်အတွင်းပင် အပြီး ချေမှုန်းနိုင်ရန်  ကြိုးပမ်းခဲ့ပုံကို တင်ပြ ထားသည်။

 


ထိုကဲ့သို့   ချေမှုန်းနိုင်ရန်အတွက် ဗိုလ်မှူးချုပ် သန်းတင်တို့ တပ်အနေဖြင့် သတိကြီးစွာ လှုပ်ရှားနေရင်း ဗကပနှင့် စတင်ထိတွေ့ တိုက်ပွဲဖြစ်ပုံကို တင်ပြ ထားသည်မှာ စိတ်ဝင်စားဖွယ်ကောင်း သည်။   ဗိုလ်မှူးချုပ်     သန်းတင်တို့   တပ်ဘက်မှ သောက်ရေရှာဆင်းရင်း ဝါးခုတ်နေသည့် ဗကပတစ်ဦးနှင့် တွေ့ခဲ့ သည်။ ထိုဗကပ တစ်ဦးကို   ပါးစပ်ကိုပိတ်   အသံမထွက်အောင်    ဖမ်းသော်လည်း “ရန်သူ၊ ရန်သူ”ဟု ဗကပက ရအောင် အော်သည်။    အော်သံကြားသည်နှင့် ဗကပတို့က ပစ်တော့သည်။   ဗကပများ လည်း ကျဆုံးသည်။ ရဲဘော်များလည်း နိုင်ငံအတွက် အသက်ပေးရင်း  ကျဆုံးမှု ရှိခဲ့သည်။ 

 


နိုင်ငံကို ကာကွယ်ရင်း သေဆုံးခဲ့သည့် ရဲဘော်တို့၏ ရုပ်ကြွင်းရှေ့ အသက်ရှင် ကျန်ခဲ့သည့် ရဲဘော်တို့က “ငါ့ တိုင်းပြည်၊ ငါ့လူမျိုး။   ငါ့တပ်မတော်အတွက်၊   ငါ့ အသက်ကို စွန့်လွှတ်ပါသည်”ဟု  သစ္စာ လေးချက်ဆိုခဲ့သည်သာ။ ထိုအခြေအနေ ကို မျက်မြင်တွေ့ကြုံရသလို ပုံဖော်ခံစား နိုင်အောင်   ဗိုလ်မှူးချုပ်   သန်းတင်က ရေးသားတင်ပြထားပြီး   နိုင်ငံအတွက် စွန့်လွှတ်ဝံ့သူတို့အတွက်   စာဖတ်သူတို့ ဝမ်းနည်းခံစားရစေသည်။ 
သို့သော် ဗကပဗဟိုခွဲမှ သခင်တင်ထွန်း ကို အသေဖမ်းဆီးရမိခဲ့သည့် အောင်မြင် သောတိုက်ပွဲဖြစ်ခဲ့သည်။ ထိုသို့  ဗကပ ဗဟိုခွဲကို တိုက်ခိုက်ခံရသည့် အကြောင်း ကြောင့်   အဖွဲ့ကွဲသွားသည့်   ဗကပများ လည်း   ကျေးရွာများကို   ချဉ်းကပ်ကာ လက်နက်များ ချကြသည်။ နိုင်ငံတော်ကို ရင်ဆိုင်ရန် ပြုလုပ်ထားသည့် ဗကပဗဟို ဌာနချုပ်၏  မိုးလုံးဟိန်း   စီမံချက်သည် ပြိုပျက်ရတော့သည်။ 

 


တပ်မတော်အနေဖြင့် စစ်ဆင်ရေးပြီး စစ်ဆင်ရေးအမည်အမျိုးမျိုးဖြင့် သောင်း ကျန်းသူများကို ချေမှုန်းနေသောကြောင့် ကျဆုံး၊ လက်နက်ချ၊ ဒဏ်ရာရဖြင့် အထိနာ သော်လည်း  ကုန်သွားပြီဟု   မရှိသေး။ ဗိုလ်မှူးချုပ် သန်းတင်သည် စစ်ဆင်ရေး များတွင် နှစ်ပေါင်းသုံးလေးဆယ် ပါဝင် ထမ်းဆောင်ရင်း   စစ်ဆင်ရေးသံသရာ လည်ခဲ့ကြောင်း၊ အသက်ပင် ဇရာထောက် လာကြောင်း တင်ပြထားသည်။

 


လူထုကို   မြေဇာပင်ဖြစ်စေခဲ့


ဤနေရာတွင် ဗိုလ်မှူးချုပ် သန်းတင် က ၎င်း၏ အတွေ့အကြုံအရ ခံစားသိမြင် ရသည့်  သဘောထားကို   လှစ်ဟဖော်ပြ ထားသည်။ လွတ်လပ်ရေးရသည့်အချိန် နိုင်ငံတော်၏  လွတ်လပ်ရေးအတွက် အင်္ဂလိပ်ကိုတိုက်၊ ဖက်ဆစ်ဂျပန်ကိုတိုက်၊ ထိုတုန်းက အောင်နိုင်ခဲ့သည်။ ပြည်တွင်း သောင်းကျန်းသူများကို လွတ်လပ်ရေးရ သည့်အချိန်မှ  စ၍ တိုက်ခိုက်ခဲ့ရသည်။ သောင်းကျန်းသူများလက်မှ   ကျေးရွာ၊ မြို့နယ်၊  ခရိုင်၊  ပြည်နယ်၊  တိုင်းများကို ပြန်သိမ်းခဲ့ရသည်။ သို့သော် သောင်းကျန်း သူများ ရှိမြဲရှိနေဆဲပင်။ အဖျက်လုပ်ငန်း များ လုပ်ဆောင်နေဆဲပင်ဖြစ်ပြီး နိုင်ငံရေး တွင်  သူတို့ဝါဒကို  စွဲမြဲစွာ  ကိုင်စွဲထား ပြီး  လူထုကို   မြေဇာပင်ဖြစ်စေခဲ့သည်။ ပြည်သူများ၏ စားကောင်းခြင်း မစားရ၊ အိပ်ကောင်းခြင်း မအိပ်ရဘဲ မနက်မိုးလင်း လာလျှင် မျက်နှာသစ်စရာ  မျက်နှာမှရှိပါ့ မလားဆိုသည့် ကြောက်ရွံ့မှုကို   စာနာ နားလည်ခဲ့သည်။ 

 


ထို့ကြောင့်   သောင်းကျန်းသူများကို ချေမှုန်းနိုင်ရန် တပ်မတော်က ဖြတ်လေး ဖြတ် စစ်နည်းဗျူဟာစီမံချက်ကို ချမှတ် ဆောင်ရွက်ခဲ့သည်။ ရောင်စုံသောင်းကျန်း သူများ၏  အမာခံများ   ဖော်ထုတ်ခြင်း၊ ရိက္ခာပိတ်ဆို့၊ ရိက္ခာဖြတ်ခြင်း၊ ဆက်ကြေး များဖြတ်ခြင်း၊  ကျေးရွာများရှိ   သောင်း ကျန်းသူ     ဆန့်ကျင်ရေးအဖွဲ့များက သောင်းကျန်းသူများအား တန်ပြန်တိုက် ကာ   လက်နက်များ   ရယူခြင်းတို့ဖြင့် ဆောင်ရွက်ခဲ့သည်။ 

 


ဗကပ ဗဟိုဌာနချုပ်သည် ၁၉၄၈ ခုနှစ်က ပဲခူးရိုးမကို အခြေပြုခဲ့သေးသည်။ ၁၉၅၂    ခုနှစ်  ဝန်းကျင်တွင်  ပဲခူးရိုးမ ကို  စွန့်ခွာပြီး   အထက်မြန်မာနိုင်ငံသို့ ပြောင်းရွှေ့ခဲ့သော်လည်း တပ်မတော်မှ အဆက်မပြတ် ထိုးစစ်ဆင်ခြင်းကြောင့် ၁၉၅၈ ခုနှစ်တွင် ပဲခူးရိုးမသို့   ပြန်လည် ပြောင်းရွှေ့အခြေစိုက်ရလေသည်။ ၁၉၆၂ ခုနှစ်အကုန်တွင် ပဲခူးရိုးမတိုင်းဖွဲ့စည်းရေး ကွန်ဖရင့်ကျင်းပ၍ ပဲခူးရိုးမအမြန်ဖွဲ့စည်း ကာ  လက်နက်ကိုင်တိုက်ပွဲ   နည်းလမ်း ဖြင့်သာ နိုင်ငံရေးအာဏာကို ထိန်းချုပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။

 


ထိုအချိန်     တပ်မတော်ဘက်မှ ဟေမာန်ဦး၊ သူရိန်၊ မာဃ၊ ရိုးမ၊ မဟော်၊ ဒေါန၊ မိုးကြိုး၊ မိုး၊ သိန်း၊ ဆောင်း၊ မီးခိုး၊ ကျား၊ မြဖြူ၊ အောင်သူရ၊ ရန်ရှင်း၊ ရောင်နီ၊ ဇေယျ၊ ဒေသန္တရ၊ အောင်စင်္ကြာ၊ ဒေဝေါ၊ ဂဠုန်ပျံ   စစ်ဆင်ရေးအပြင်   ဒေသန္တရ စစ်ဆင်ရေး  ၂၁  ခုဖြင့်  စစ်ဆင်ရေးပြီး စစ်ဆင်ရေး ပြုလုပ်တိုက်ခိုက်ခဲ့သည်။
တပ်မတော်၏ စစ်ဆင်ရေးပြီး စစ်ဆင် ရေးဖြင့် တိုက်ခိုက်မှုများကြောင့် ဗကပ ဗဟိုဌာနချုပ်သည် ရွှေ့ပြောင်းပြေးနေရ ပြန်သည်။ ဗကပ သခင်သန်းထွန်းသည် “ရန်သူထိုးစစ်ကို ငါတို့ ထိုးစစ်ဖြင့် ချေမှုန်း ရမည်” ဟူသော လမ်းစဉ်ညွှန်ကြားချက် ဖြင့် တိုက်တိုင်းအောင်တပ်ကို ဖွဲ့စည်းပေး ခဲ့သော်လည်း တပ်မတော်၏ တပ်မတို့ကို မီအောင်  စစ်စွမ်းရည်မရှိခဲ့ခြင်းကြောင့်မထူးခြားပေ။ တပ်မတော်သည် ဗကပ ဗဟိုအထိ  ဝင်စီးနိုင်ခဲ့သည်။  သို့သော် သခင်သန်းထွန်းမှာ   တပ်မတော်နှင့် ထိတွေ့ရာမှ     သေဆုံးခြင်းမဟုတ်ဘဲ ရဲဘော်မြကြီးက လုပ်ကြံ၍ သေဆုံးခဲ့ရ ခြင်းဖြစ်သည်မှာ သင်ခန်းစာယူဖွယ်။

 


ဗမာပြည်   ကွန်မြူနစ်ပါတီဥက္ကဋ္ဌ သခင်သန်းထွန်းနောက်    သခင်ဇင်၊ သခင်ချစ်တို့ဖြင့်  အဆက်ဆက်သည် နိုင်ငံတော်အာဏာကို ရရှိရန်၊ တပ်မတော် ကို အနိုင်ရရန် သွေးခင်းသည့် လမ်းကို သာ ဖောက်ခဲ့သည်။ ပြည်သူကို ရန်သူ ဟု  ထင်လာသည်၊   ရန်ပြုလာသည်၊ အချင်း ချင်း  ဖြုတ်၊  ထုတ်၊   သတ်လာသည်။ တပ်မတော်ဘက်မှ ရဲဘော်များလည်း ဗကပကိုတိုက်ရင်း အသက်ပေး လှူခဲ့ရ သည်မှာလည်း မနည်းခဲ့ပေ။ ဖြတ်လေး ဖြတ်   စစ်ဗျူဟာကြောင့် နောက်ဆုံးတွင်  ပဲခူးရိုးမကြီးနှင့်   ပဲခူးတိုင်း    တစ်ခုလုံး သည် အဖြူရောင်နယ်မြေအဖြစ် တည်ရှိ လာခဲ့ပေပြီ။ 

 


သောင်းကျန်းသူများ၏ ရန်စွယ်မှ မြို့၊  ရွာ၊  ဒေသများ   အေးချမ်းခဲ့သလို စာရေးသူ  ဗိုလ်မှူးချုပ်သန်းတင်သည် စစ်ဆင်ရေးပြီး  စစ်ဆင်ရေးဖြင့်   ကျရာ တာဝန်ထမ်းဆောင်ရင်း အငြိမ်းစားယူခဲ့ ပေပြီ။  ၎င်း၏   ဘဝတစ်လျှောက်လုံး တာဝန်ကို ဦးလည်မသုန် ထမ်းဆောင်ရင်း စွဲမြဲစွာ    မှတ်သားထားသည်က ဗိုလ်သင်တန်းကျောင်းတွင်   ဗိုလ်ချုပ် အောင်ဆန်းပြောကြားခဲ့သည့် ကျောင်း ဖွင့်မိန့်ခွန်း။

 


ဗိုလ်ချုပ်အောင်ဆန်းက   တောင့် တင်းခိုင်မာသော   ကိုယ်ပိုင်စစ်တပ် မရှိဘဲ တိုင်းပြည်လွတ်လပ်ရေးကို ရနိုင် မည်မဟုတ်၊   ရရှိသော်လည်း   ထို လွတ်လပ်ရေးကို   ထိန်းသိမ်းနိုင်မည် မဟုတ်၊  ထို့ကြောင့်   ဇွဲ၊  စွမ်းရည်၊ တိုင်းပြည်လူမျိုးနှင့်   တပ်မတော်ကို ချစ်သည့်  စိတ်ဓာတ်လိုသည်ဟူသည့် မိန့်ခွန်းကို မြွက်ကြားခဲ့သည်။


စစ်ဆင်ရေးပြီး စစ်ဆင်ရေးမှ


ဗိုလ်မှူးချုပ်   သန်းတင်(ငြိမ်း)၏ စစ်ဆင်ရေးပြီး   စစ်ဆင်ရေးမှ စာအုပ် သည် ငယ်ငယ်ရွယ်ရွယ် တပ်သားဘဝ မှသည် ဇရာထောက်လာသည့်  အချိန် အထိ  တာဝန်များ   အဆင့်ဆင့်ထမ်း ဆောင်ခဲ့သည့် တပ်မတော်သားတစ်ဦး ၏ ဘဝတစ်ခုကို  စာမျက်နှာပေါ်တွင်   ဖတ်ရှုခံစားရသလို      သောင်းကျန်းသူ များ က   ပြည်သူကို   မြေဇာပင်ဖြစ်စေကာ သွေးခင်းသည့်   လမ်းကို    ဖောက်၍ တိုင်းဖျက်ပြည်ဖျက် လုပ်ဆောင်မှုများ၊ သောင်းကျန်းသူအချင်းချင်း   ဖြုတ်၊ ထုတ်၊  သတ်   လမ်းစဉ်ကျင့်သုံးခဲ့ပုံ စသည့်သမိုင်းဟောင်းတစ်ခုကိုလည်း သိမြင်ရသည်။ 

 


စာရေးသူ ဗိုလ်မှူးချုပ် သန်းတင် (ငြိမ်း)  က     သမိုင်းဟောင်းတွင် တစ်ထောင့်တစ်နေရာက ပါဝင်ခဲ့သည်။ သူ၏ ဘဝအတွေ့အကြုံများကို စာဖတ် သူများထံ တင်ပြရင်း   “ကိုင်း  သမိုင်း မှာ  ဒီအမှားမျိုးတွေ၊   ဒီဆိုးကျိုးတွေ ထပ်လုပ်ကြဦးမှာလား”ဆိုသည့် စာအုပ် နိဂုံးသည်  သုံးသပ်ဆင်ခြင်စရာ   ဖြစ် သည်ကို    ဖတ်ရှုမျှဝေလိုက်ရပါတော့ သည်။      ။