အတတ်ပညာ၊ နာသုံးနာနှင့် အရေးပါဆုံးသော ဗိသုကာများ

 

၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက် အခြေခံပညာသင်ကျောင်း များ လာမည့်  ဇွန်လ  ၂  ရက်နေ့တွင်  စတင်ဖွင့်လှစ်တော့မည်  ဖြစ်သည်။ နိုင်ငံ၏ အနာဂတ်အတွက် မျိုးဆက်သစ်လူငယ်များကို တန်ဖိုးမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်လာအောင် ပြုစုပျိုးထောင်ရာတွင် အခြေခံပညာရေးမှာ လွန်စွာအရေးကြီး သည်။ မြင့်မားသည့် အဆောက်အအုံများ တည်ဆောက်ရာတွင် အခြေခံအုတ်မြစ်ကို အထူးကောင်းမွန်စွာ တည်ဆောက်ကြရ သကဲ့သို့ပင်  အခြေခံပညာကို   အရည်အသွေးပြည့်ပြည့်ဝဝနှင့် ကျေညက်စွာ  သင်ယူနိုင်ခွင့်ရရှိရန် လိုအပ်သည်။ 

 


ကျောင်းဆရာဖြစ်ခဲ့ဖူးသူ   ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဟောင်း  ဦးသန့်က  “မည်သို့ပင်ဖြစ်စေ  မူလတန်းကျောင်းသား အရွယ်သည်  စာရိတ္တပြုပြင်ရန်   အလွယ်ဆုံးသော  အရွယ်ဖြစ် ကြောင်း သေချာသည်။ ထို့ကြောင့် ကျွန်ုပ်တို့နိုင်ငံတွင် ဘဝသစ် ထူထောင်ရေးအတွက် စာရိတ္တမဏ္ဍိုင်တည်ဆောက်ရာတွင် မိဘ နှင့် မူလတန်းကျောင်းဆရာ၊ ဆရာမများသည် အရေးပါဆုံးသော ဗိသုကာကြီးများ   ဖြစ်ကြသည်မှာ   ထင်ရှားလှ၏။”ဟုဆိုကာ အခြေခံပညာမူလတန်း၏    အရေးကြီးပုံကို    ဆောင်းပါးတစ်ပုဒ်တွင်  ရေးသားခဲ့ဖူးသည်။   ယင်းဆောင်းပါးတွင်ပင်  “အမှန်စင်စစ်မှာ စာရိတ္တမဏ္ဍိုင်သာမက အခြားမဏ္ဍိုင်လေးရပ်  တည်ဆောက်ရေး အတွက်လည်း စာသင်ကျောင်းများသည်  အရေးအပါဆုံးသော   ဌာနကြီးများ ဖြစ်ကြလေသည်။” ဟူ၍ ရေးသားခဲ့ရာ အခြေခံပညာ ရေးသည် ကျောင်းသူ ကျောင်းသားတို့၏ ကာယ၊  ဉာဏ၊  စာရိတ္တ၊ မိတ္တ၊  ဘောဂတည်းဟူသော    ဗလငါးတန်  မဏ္ဍိုင်ငါးရပ်တို့ကို အခြေတကျ    စတင်ပြုစုပျိုးထောင်ရာ   ဌာနကြီးများအဖြစ် ထင်ရှားစေခဲ့ခြင်းပင်ဖြစ်သည်။

 

 သို့ဖြစ်ရာ နောင်တစ်ခေတ်တွင် ခေါင်းဆောင်ဖြစ်လာမည့်၊ နိုင်ငံတော်ကို တည်ဆောက်ကြမည့် မျိုးဆက်သစ်ကလေးများကို    ပြုစုပျိုးထောင်ပေးကြရသည့် အခြေခံပညာ  ဆရာ  ဆရာမတို့မှာ  အရေးပါဆုံးသော   ပုဂ္ဂိုလ် များပင်ဖြစ်သည်။

 


ပြီးခဲ့သည့်နှစ်နှစ်တာကာလအတွင်း မိမိတို့နိုင်ငံသည် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် နိုင်ငံရေးအပြောင်းအလဲကို အကြောင်းပြု၍ ဖြစ်ပေါ်လာသော မတည်မငြိမ်မှုများ၊ အကြမ်းဖက်မှုများဟူသော အကြောင်းတရားတို့ကြောင့်      ကျောင်းသူ    ကျောင်းသားတို့၏ ပညာသင်ကြားမှုများ  ထိခိုက်နစ်နာခဲ့ကြရသည်။  CDM ပြုလုပ် ကာ စာသင်ခန်းကို စွန့်ခွာထွက်သွားကြသည့် ဆရာ ဆရာမများ ရှိခဲ့သလို  လုပ်ဖော်ကိုင်ဖက်များ၏  စည်းရုံးမှု၊  နိုင်ငံရေးအစွန်း ရောက်များနှင့် အကြမ်းဖက်အုပ်စုများ၏ ဖိအားပေးအကျပ်ကိုင် မှု၊ ခြိမ်းခြောက်မှု အမျိုးမျိုးတို့ကြောင့် စာသင်ခန်းနှင့်တကွ တပည့် များကို ကျောခိုင်းခဲ့ရသည့် ဆရာ ဆရာမများလည်း ရှိခဲ့သည်။ အချို့မိမိ၏ဆန္ဒအလျောက် CDM ပြုလုပ်ခဲ့ကြစေကာမူ အခြေ အနေမှန်ကို  သိမြင်နားလည်လာသည်နှင့်အမျှ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက် တာဝန်ထမ်းဆောင်လိုသူ ဆရာ ဆရာမများ လည်း ရှိနေကြသည်။

 


ယခုအခါ  တာဝန်မှ  ကင်းကွာနေသော  အခြေခံပညာရေး ဝန်ထမ်းများကို ပြန်လည်ဖိတ်ခေါ်လျက်ရှိသည်။ စိုးရိမ်ကြောင့်ကြ မှုများကြောင့် တာဝန်မှကင်းကွာခဲ့ကြသော၊ ဝန်ထမ်းစည်းကမ်း ဖြင့် အရေးယူခံထားရသော ဆရာ ဆရာမများကို ကြီးလေးသော ရာဇဝတ်မှု        ကျူးလွန်ထားသူများမှအပ    တာဝန်ပြန်လည် ထမ်းဆောင်နိုင်ရေး ပေးအပ်သော အခွင့်အလမ်းကို ဆုပ်ကိုင် လျက် အနာဂတ်မျိုးဆက်သစ်များကို    မိမိတို့၏  အတတ်ပညာ၊  နာသုံးနာနှင့်  ပြုစုပျိုးထောင်ပေးနိုင်ကြပါစေကြောင်း။      ။