ဘားအံမြို့နှင့် မိုင်းဆတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 

နေပြည်တော်  အောက်တိုဘာ  ၂၃


မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ မှ  တပ်ဖွဲ့ဝင်များပါဝင်သော  ပူးပေါင်းအဖွဲ့ သည်      အောက်တိုဘာ  ၂၂  ရက်    မွန်းလွဲ ၂ နာရီခွဲတွင်    ဘားအံမြို့နယ်  ကော့ကဒါ ကျေးရွာအုပ်စု     တမံဦးကျေးရွာနေ   ပြည့်စုံ အောင်(ခ)ပေါက်စီ၏  နေအိမ်သို့   ဝင်ရောက် ရှာဖွေရာ  ၎င်းနှင့်အတူ ကျော်ရဲအောင်ကို    တွေ့ရှိရပြီး    စိတ်ကြွရူးသွပ်ဆေးပြား ၁၇၂၀ ကို လည်းကောင်း၊ အလားတူ အောက်တိုဘာ ၂၁ ရက် နံနက် ၁၀ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည်    မိုင်းဆတ် မြို့နယ်    မဟုန်လွယ်ကျေးရွာအုပ်စု   မဟုန် လွယ်ကျေးရွာအနီးတွင် အမျိုးသားတစ်ဦး (စိစစ်ဆဲ)မောင်းနှင်လာသည့်    ဆိုင်ကယ်ကို     ရပ်တန့်စစ်ဆေးရှာဖွေရာ  စိတ်ကြွရူးသွပ် ဆေးပြား   ၂၄၀၀၀ ကို   လည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့်  ၎င်းတို့ကို မူးယစ် ဆေးဝါးနှင့်     စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ   ဥပဒေအရ   အရေးယူ ထားကြောင်း သိရသည်။            

ရဲပြန်ကြား