ဘောင်ခတ်ခြင်းမှ ရုန်းထွက်ရမည့်နယ်ပယ်များ

Type
1

 

ခန့်ဇော် (ကျေးလက်)

 

မြန်မာ့လူ့အဖွဲ့အစည်းသည်  စည်းနဲ့၊ ကမ်းနဲ့၊ ဘောင်နဲ့စသည်ဖြင့်  စည်းနှင့်ဘောင်ကို   နေရာအတော်များများတွင် အလေးဂရုပြုပြောဆိုလေ့ရှိကြသလို တစ်စုံတစ်ရာ စဉ်းစားတွေးခေါ်ကြရသည့်အခါတွင် စည်းဘောင်အတွင်းမှသာ အခြေပြုစဉ်းစားလေ့ရှိကြသည်။ တစ်နည်းဆိုရသော် အတွေးအမြင်တို့ကို ထုံးဓလေ့အစဉ်အလာ၊ လုပ်ရိုးလုပ်စဉ်များကိုအခြေခံ၍ ဘောင်ခတ်ပစ်လိုက်ခြင်းလည်း မည်ပေသည်။ ဤသည်မှာ မကောင်းဟုဆိုရန်ခက်သော်လည်း  ရံဖန် ရံခါတွင်မူ ဘောင်ခတ်ခြင်းကြောင့် ဖွံ့ဖြိုးမှုတို့ အကန့်အသတ်ဖြစ်စေတတ်သည်ကို တွေ့ရပြန်သည်။ ထိုအခါ အခြေအနေကိုလိုက်၍  ဘောင်ခတ်သင့်/မခတ် သင့်၊ ဘောင်ပြင်ထွက်၍ စဉ်းစားသင့်/မစဉ်းစားသင့်ကို ဦးစွာ ချင့်တွက်ချိန်ဆကြည့်ဖို့ လိုလာသည်။

 


အဖွဲ့အစည်းတို့တွင်   လိုအပ်သည့် စည်းမျဉ်း စည်းကမ်းမူဘောင်များ  မဖြစ်မနေ ချမှတ်ကြရပေ မည်။ သို့မှသာ စည်းကမ်းတကျ  ဆောင်ရွက်ရမည့် ကိစ္စ၊ မလုပ်ရမည့်ကိစ္စ၊  စောင့်ထိန်းရမည့်ကျင့်ဝတ် စသည်ဖြင့်  စည်းကမ်းမူဘောင်အတွင်းမှ   အဆင် ပြေပြေ  အောင်အောင်မြင်မြင် လုပ်နိုင်မှာဖြစ်သည်။ ဥပမာ- ငြိမ်းချမ်းရေးကိစ္စ၌     NCA  လက်မှတ်ထိုး သည်- လိုက်နာဆောင်ရွက်ရန်      စည်းမျဉ်းစည်းကမ်း မူဘောင်တွေ  ရှိသည်၊  စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ထားသည်။ သည်သို့ သတ်မှတ်မထားပါက ဆန္ဒအလျောက် လုပ်ချင်တာလုပ်ကြလျှင် ယုံကြည် မှု    ပျက်ကြမည်၊    ညှိနှိုင်းမရဖြစ်ကာ    စည်းလုံး ညီညွတ်ရေးကို    ထိခိုက်ပေမည်။    အကျိုးဆက် အနေဖြင့်  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို  နှောင့်နှေး ထိခိုက်စေမည်။ ထို့ကြောင့် စည်းမျဉ်းစည်းကမ်းနှင့် မူဘောင်ဆိုသည်က  နေရာတိုင်းတွင်  အရေးကြီး သည့် အခန်းကဏ္ဍမှ ပါဝင်နေသည်။

 

ကျယ်ကျယ်ပြန့်ပြန့် တွေးခေါ်မြော်မြင်


သို့သော်   ကိစ္စတိုင်းမှာ၊   ဖွံ့ဖြိုးတိုးတက်ရေးမှာ Open Mind    အတွေးအခေါ်   အယူအဆတွေကို ဘယ်သူ့ကိုမှ    မထိခိုက်လျှင်     ဘောင်မခတ်ဘဲ ကျယ်ကျယ်ပြန့်ပြန့်  တွေးခေါ်မြော်မြင်စဉ်းစားသင့် သည်။ ဆွေးနွေးတိုင်ပင်သင့်သည်။ ကလေးတွေကို ယဉ်ကျေးစွာ ပြောဆိုဆက်ဆံရန်  သင်ကြားသည့် အခါ အတွေးအခေါ် အယူအဆပိုင်းတွင် ဘောင်ခတ် မထားဘဲ Critical Thinking အပိုင်း၊ Logic အပိုင်း စတာတွေမှာ    စဉ်းစားတွေးခေါ်တတ်အောင် လေ့ကျင့်ပြုစု  သင်ကြားပေးကြရမည်။  “ဟိုဟာ မလုပ်နဲ့ ဒီဟာမလုပ်နဲ့” ဆိုပြီး တားမြစ်ထားရာကနေ စဉ်းစားတွေးခေါ်မှုစွမ်းရည် နည်းလာပြီး မှီခိုသူတွေ ဖြစ်လာတတ်ကြသည်ကို သတိချပ်ရပေမည်။ 

 


မိသားစုတွင်ဖြစ်စေ၊   အဖွဲ့အစည်းအတွင်းမှာ ဖြစ်စေ  ဦးဆောင်သူတွေအနေဖြင့်  သမားရိုးကျမှ ဖောက်ထွက်စဉ်းစားလုပ်ဆောင်သူတွေ၊   တီထွင် ကြံဆတတ်သူတွေဖြစ်အောင်  မြေတောင်မြှောက် ပေးဖို့လိုသည်။ မလိုလားအပ်၊ အကျိုးမဖြစ်စေတတ် သည့်    ဘောင်ခတ်ခြင်းမျိုးဖြင့်    ချုပ်ချယ်မှုတွေ မရှိသင့်။

 


ဘောင်ခတ်ခြင်းများမှ ရုန်းထွက်နိုင်ဖို့


သို့သော်   ယဉ်ကျေးအောင်၊    မိမိလုပ်ရပ်က သူတစ်ပါး မထိခိုက်အောင်၊ အများအကျိုး နားလည် အောင်၊    ကိုယ်ချင်းစာတတ်အောင်၊    တာဝန်ယူ တာဝန်ခံစိတ်ရှိအောင်    လေ့ကျင့်သင်ကြားပေးရန် လိုသည်။ သို့မှသာ စည်းဘောင်ကို နားလည်သိရှိပြီး ဘောင်ပြင်ပမှ တွေးခေါ်စဉ်းစားတတ်သည့်  အလေ့ အကျင့်ကောင်းမျိုး     ရရှိပေမည်။   ထိုမှတစ်ဆင့် နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက်     အကန့်အသတ် ဖြစ်စေသည့် ဘောင်ခတ်ခြင်းများမှ  ရုန်းထွက်နိုင် ဖို့ရန် စဉ်းစားကြရပေမည်။

 


နိုင်ငံဖွံ့ဖြိုးရေးကိစ္စတွေကို ယခင်ကာလ ၂၀၁၀ မတိုင်မီအချိန်များတွင်  နိုင်ငံတကာအကူအညီတွေ အလွန်နည်းသည့်အတွက်    နိုင်ငံတော်၏ခွင့်ပြု ရန်ပုံငွေအတွင်းသာ  ဆောင်ရွက်ခဲ့ကြရသည်။  ဒီနေရာ မှာ အဓိကကန့်သတ်ချက်သည် ရန်ပုံငွေ(Financing)လိုအပ်ချက်ဖြစ်၍  ခွင့်ပြုရန်ပုံငွေနှင့်  ကိုက်ညီမည့် Plan တွေ၊ Design တွေကို  စဉ်းစားပြီး စီမံခဲ့ကြရ သည်။     ဤသည်ကပင်     ဘောင်ခတ်ခြင်း၏အစ ဖြစ်သည်။   ဖြစ်သင့်သည်က  လိုအပ်ချက်အပေါ်မှာ ရည်မှန်းချက်တွေ၊ မျှော်မှန်းချက်တွေ ပြည့်မီအောင် စီမံကိန်း၊   စီမံချက်တွေ   ရေးဆွဲကြရမှာဖြစ်ပြီး စီမံကိန်း(Planning)  အရ    ဘတ်ဂျက်ရေးဆွဲ (Budgeting)   အကောင်အထည်ဖော်ရမည်ဖြစ် သည်။ စီမံကိန်းစီမံချက်များဖြင့် Design ရေးဆွဲရာ မှာ ပညာရှင်များ၏ အတွေးအခေါ် အယူအဆတွေကို ဘောင်ခတ်မထားသင့်ပါ။     Strategic Thinking ဗျူဟာကျကျ   ဘက်ပေါင်းစုံက လေ့လာဆန်းစစ် စဉ်းစားပြီးမှ Open Mind ဖြင့်  ဆောင်ရွက်ကြရ မည်ဖြစ်သည်။ သို့မှသာ စီမံကိန်းတွေ၊ Design တွေ ကောင်းပြီး  Sustainable ဖြစ်ပေမည်။ သို့ရာတွင် ကျွန်တော်တို့တွေသည် ရန်ပုံငွေအပေါ်သာ အခြေ တည်ပြီး ဘောင်ခတ်စဉ်းစားခဲ့ကြရသည်။

 


ခေတ်နောက်ကျ ကျန်ရစ်ခဲ့


စည်ပင်သာယာလက်ထက်တွင်        ရသည့် အခွန်အခဝင်ငွေကို အခြေခံသုံးစွဲပြီး မြို့ပြဖွံ့ဖြိုးရေး လုပ်ခဲ့ကြခြင်းဖြစ်သည့်အတွက်   နှစ်စဉ်  လိုအပ် ချက်များပြီး ရန်ပုံငွေမလုံလောက်ခဲ့ချေ။ ထိုအခါ အင်ဂျင်နီယာတွေ၊   စီမံခန့်ခွဲသူတွေသည်  ရန်ပုံငွေ အပေါ်သာအခြေပြု၍ ဘောင်ခတ်စဉ်းစားခဲ့ကြရပြီး အတွေးအခေါ်၊   အယူအဆ၊ အတွေးအမြင်တို့သည် တစ်စတစ်စ  ခေတ်နောက်ကျ    ကျန်ရစ်ခဲ့သည်။ အိမ်နီးချင်းနိုင်ငံတွေ၊ အခြားနိုင်ငံတွေကို လိုက်မမီ တော့ပါ။    အမှိုက်စနစ်၊  လမ်း၊    ပလက်ဖောင်း၊ မြို့ရေပေးရေး အားလုံး ခေတ်မမီတော့ပါ။  ယခု နောက်ပိုင်းခေတ်တွင် JAPAN ODA Loan (ဂျပန် ဖွံ့ဖြိုးရေးချေးငွေ) တွေ  ရလာသည့်အခါ မြို့ရေပေး ရေးအတွက် ချေးငွေအဆိုပြုလွှာ(Loan Proposal)တွေ ပြင်ဆင်ကြရသည်။

 


အစဦးပိုင်း Loan Proposal တွေ    ပြင်ကြရ သည့်အခါ လုပ်ထုံးလုပ်နည်းအရ  ကျွမ်းကျင်မှုမရှိ တာရယ်၊  စနစ်မရှိတာရယ်ကြောင့်  အဆင့်ဆင့် ပြင်ဆင်ကြရင်း  နှစ်နှစ်လောက်ကြာခဲ့ကြရသည်။ ထို့အပြင် Consultant Fee တို့၊  Design Fee တို့နှင့် အကျွမ်းမဝင်သည့်အတွက်  အတော်ညှိယူခဲ့ကြရ သည်။ Design အပ်ဖို့ရာ အချိန်ရော ငွေပါ ကန့်သတ် ချက်ရှိသည့်အတွက်  ဘောင်ခတ်ထားသည့် အတွေး အခေါ်  အတွင်းမှပဲ  Consultant Fee   ပြင်ခဲ့ကာ Consultant ပါဝင်သော်လည်း  ဘောင်ခတ်စဉ်းစား နေကျ  စည်ပင်အင်ဂျင်နီယာများ၏  Design ကို အခြေခံစဉ်းစားခဲ့ပြီး  Designer သီးခြားမငှားခဲ့ဘဲ ဆောင်ရွက်ခဲ့ကြသည်။      Consultant    မှလည်း Design ပိုင်းကို စိစစ်ကူညီပေးခဲ့ရသည်။ ထို့ကြောင့် လုပ်ငန်း    လက်တွေ့လုပ်သည့်အချိန်တွင်   ထပ်တိုး လိုအပ်ချက်တွေ   အများအပြား  ရင်ဆိုင်ခဲ့ကြရ သည်။ 

 


ဘောင်ခတ်ခြင်းမှ ရုန်းထွက်သင့်ကြပြီ


ဤသည်မှာ   ခေတ်မမီတော့သည့်    ဘောင်တွေ/ ကန့်သတ်ချက်တွေကြောင့်  ဖြစ်ခဲ့ရခြင်းဖြစ်ပြီး ဒီလို စီမံကိန်းတွေ  အကောင်အထည်ဖော်ရင်းနဲ့မှ မိမိတို့ ဝန်ထမ်းတွေ   အရင်မရှိခဲ့တဲ့    အတွေ့အကြုံတွေ ရလာခဲ့သည်။ ဝန်ထမ်းတွေမှာ  လိုအပ်နေသေးသည့် Capacity Building    အပိုင်းတွေ၊    Market မှာ ရေနှင့်ပတ်သက်သည့်     ကုမ္ပဏီတွေ    အားနည်းနေ သေးတာ၊  ရေအင်ဂျင်နီယာတွေ  နည်းနေသေးတာ တွေ့ခဲ့ရသည်။
ဒီသင်ခန်းစာတွေကို  ဖော်ထုတ်ပြီး   ODA Loan Phase II မှာ   ဘောင်ခတ်ထားသည့်     အယူအဆ ဟောင်းတွေမှ      ဖောက်ထွက်ပြီး    Strategic ကျကျ  ပြုပြင်ဖို့ ဖြစ်လာခဲ့သည်။ ထိုအခါ Design အတွက်  သီးခြားတင်ဒါခေါ်ဖို့   ရန်ပုံငွေကျခံရန်၊ Consultant ငှားရမ်းနိုင်ရေးအတွက်    ရန်ပုံငွေကျ ခံရန်တို့အပြင်  သက်ဆိုင်ရာဌာနက  အင်ဂျင်နီယာ ဝန်ထမ်းတွေကို  ကျွဲကူးရေပါ    Capacity Build လုပ်ဖို့ကိုပါ စဉ်းစားကြရမည်။  ဈေးကွက်တွင် ရေနဲ့ ပတ်သက်သည့်ကုမ္ပဏီတွေ၊ ရေအင်ဂျင်နီယာတွေ တိုးချဲ့မွေးထုတ်နိုင်ဖို့ စဉ်းစားကြရမည်။

 


အနှစ်နှစ်အလလ   ရရှိခဲ့သည့်  အတွေ့အကြုံ များအရ   နောက်ဆုံးရလိုက်သည့်   သင်ခန်းစာက စီမံကိန်း၊ စီမံချက်တွေရေးဆွဲရာမှာ   နည်းပညာ၊ ငွေကြေးဆိုင်ရာတွေကို    ဘောင်ခတ်စဉ်းစားပြီး မရေးဆွဲကြဖို့နဲ့  ခေတ်နဲ့အညီ၊  လိုအပ်ချက်နဲ့အညီ မျှော်မှန်းချက်နဲ့အညီ   ဆောင်ရွက်ကြဖို့   အလွန် အရေးကြီးသည် ဆိုသည့်အချက်ဖြစ်သည်။ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေမှာ အကန့်အသတ်တွေ ရှိမလာ စေဖို့၊ နောက်ကျကျန်ရစ်ခြင်းကနေ  လွတ်မြောက် ဖို့ရာအတွက်  ကျွန်တော်တို့တွေသည် နည်းပညာ နယ်ပယ်၊    လုပ်ငန်းနယ်ပယ်များတွင်   ဘောင်ခတ် ခြင်းမှ ရုန်းထွက်သင့်ကြပြီဖြစ်ပါကြောင်း…။