ဘေးလ်၏ ပယ်နယ်တီဂိုးကြောင့် အမေရိကန်ကို သရေကျခဲ့သည့် ဝေးလ်

 

ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု (ခ) ပွဲစဉ် (၁) မှ အမေရိကန်နှင့် ဝေးလ် အသင်းတို့ပွဲစဉ်ကို နိုဝင်ဘာ  ၂၂ ရက် နံနက် ၁ နာရီခွဲက ယှဉ်ပြိုင် ကစားခဲ့ရာ တစ်ဖက်တစ်ဂိုးစီဖြင့် ပွဲပြီးဆုံးခဲ့သည်။ 

 


အဆိုပါ ပွဲစဉ်၌ အမေရိကန်အသင်းက ပွဲချိန် ၃၆ မိနစ်တွင် ဦးဆောင်ဂိုးရရှိခဲ့သော်လည်း  ပွဲချိန်  ၈၂ မိနစ်တွင် ပယ်နယ်တီ ခွင့်ပြုပေးခဲ့ရပြီး ဘေးလ်က အမှားအယွင်းမရှိ အဆုံးသတ်နိုင်ခဲ့သည့် အတွက် သရေကျခဲ့ခြင်းဖြစ်သည်။ 
နှစ်သင်းကြား ခြေစွမ်းကွာဟမှုမရှိဘဲ အပြန်အလှန်ထိုးဖောက် မှုများဖြင့် ပြိုင်ဆိုင်မှုပြင်းထန်ခဲ့သည်။ 

 


ယခုပွဲ သရေကျခဲ့သောကြောင့် ပွဲစဉ် (၁) အပြီးတွင် ဝေးလ်နှင့် အမေရိကန်အသင်းက တစ်မှတ်စီရရှိထားပြီး အင်္ဂလန်အသင်းက သုံးမှတ်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်ထားသည်။ 

အောင်ဇော်