ဘက်စုံအသုံးဝင်သည့် အဖိုးတန်ရွှေကောက်ရိုး

Type
8

 

ကေအောင်(မဟာဝိဇ္ဇာ)

ကောက်ရိုးဆိုသည်က စပါးရိတ်သိမ်းပြီး ခြွေလှေ့ကာကျန်ရှိခဲ့သော စပါးရိုးများဖြစ်သည်။  ကောက်ရိုးကို တောင်သူအများစုက တိရစ္ဆာန်အစာအဖြစ် အသုံးပြုကြပါသည်။ အချို့ကလည်း လယ်မြေထဲတွင် မီးရှို့ပြီး မြေကြီးအာဟာရဓာတ်ရရှိအောင် ပြုလုပ်ကြပါသည်။ သို့သော် ထိုသို့မီးရှို့ခြင်းသည် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များ    ထုတ်လွှတ်သောကြောင့်  သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် ကမ္ဘာကြီးပူနွေးမှုကို ဖြစ်စေပါသည်။ ထို့ပြင် မြေကြီးထဲရှိ အကျိုးပြုအဏုဇီဝပိုးများနှင့် သက်ရှိအများစုကို သေဆုံးနိုင်ပါသည်။  ကောက်ရိုးများကို  တိရစ္ဆာန်အစာအတွက်သာမက အကျိုးရှိရှိပြန်လည်အသုံးချနိုင်သည့် နည်းလမ်းပေါင်းစုံရှိနေသည်ကို လေ့လာတင်ပြသွားပါမည်။
ယူရီးယားဖြင့်ပြုပြင်ပြီး တိရစ္ဆာန်အစာအဖြစ် အသုံးပြုခြင်း
မိမိတို့နိုင်ငံတွင် ကောက်ရိုးကို ကျွဲ၊ နွားအစာအဖြစ် ကျွေးမွေးခဲ့ကြသည်မှာ ရှေးပဝေသဏီကတည်းကပင်      ဖြစ်ပါ သည်။   အများစုမှာ   ပုံမှန်အတိုင်းသာ ကျွေးမွေးကြပြီး ကောက်ရိုးကို ပြုပြင် မွမ်းမံ၍ ကျွေးမွေးခြင်းမှာ ရှားပါးလှပါ သည်။ ကောက်ရိုးတွင် အသားဓာတ်ပါဝင် မှုနည်းပါးပြီး   အမျှင်ဓာတ်ပါဝင်မှုသာ များသောကြောင့် အာဟာရဖြစ်မှုနည်းပါး သည်။ ထို့အပြင် ကောက်ရိုးတွင်ပါဝင် သော    အမျှင်ဓာတ်  (ခေါ်)   လစ်ဂနင် (Lignin) ဓာတ်ကို ကျွဲ၊ နွားများ၏ အစာ အိမ်ကခြေဖျက်မရခြင်းကြောင့် ဗိုက်ကြီး တစ်ခုလုံးပြည့်နေအောင် စားထားသော် လည်း   ကြီးထွားမှုနှုန်း  နည်းပါးသော ကြောင့် ကျွေးသလောက်အကျိုးမရှိပေ။ ထို့ကြောင့်   ကောက်ရိုးကို  အာဟာရ ပိုဖြစ်ပြီး ကျွဲ၊   နွားများ  အသားတိုးနှုန်း ပိုလာစေရန်အတွက်   ကောက်ရိုးတွင် ပါဝင်သော  လစ်ဂနင်ဓာတ်ကို ယူရီးယား နှင့်    ချေဖျက်ရပါသည်။    ကောက်ရိုး တစ်ကီလိုဂရမ်အတွက် ရေတစ်လီတာ နှင့်   ယူရီးယား ၅ဝ ဂရမ်နှုန်း   ဖျော်ပြီး ဖျန်းပေးရမည်ဖြစ်ပါသည်။
ကောက်ရိုးပြုပြင်ရန်အတွက်   မိမိ ပတ်ဝန်းကျင်ရှိ  သမံတလင်းခင်းထားသော အခန်း၊ ကျင်း၊ သံပုံး၊ ပလတ်စတစ်ပုံးကြီး များအတွင်းသို့ ကောက်ရိုးကို သေချာစွာ နင်းသိပ်ရမည်။ ပြီးလျှင် ယူရီးယားအရည် ကို နှံ့စပ်စွာဖျန်းပြီး လေလုံအောင်ဖုံးအုပ် ထားရန်လိုပါသည်။ ထိုသို့ လေလုံအောင် ဖုံးထားပြီး နှစ်ပတ်၊ သုံးပတ်ကြာသည့် အခါ ပြုပြင်ပြီးကောက်ရိုးကို ကျွဲ၊ နွား များကျွေးရန် အဆင်သင့်ဖြစ်ပြီဖြစ်ပါသည်။ မကျွေးမီ နှစ်နာရီမှ ခြောက်နာရီအကြား လေသလပ်ခံရန် လိုအပ်ပါသည်။ ယူရီး ယားဖြင့် ပြုပြင်ထားသော ကောက်ရိုးကို ကျွဲ၊ နွားများကို ကျွေးပါက ပိုမိုစားသည့် အပြင် အကောင်ကြီးထွားနှုန်းကောင်းမွန် ပြီး ရောဂါခံနိုင်ရည်စွမ်းအား ရှိလာသည့် အကျိုးကျေးဇူးများ    ရရှိနိုင်ပါသည်။ ထို့ကြောင့်  ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက် ရန်လွယ်ကူသော       ထိုနည်းလမ်းကို တောင်သူလယ်သမားများ   အနေဖြင့် အကျိုးရှိရှိ လိုက်ပါဆောင်ရွက်ကြခြင်း ဖြင့် မိမိမွေးမြူထားသော ကျွဲ၊ နွားများကို အဖိုးနည်းဝန်ပါ        အစားအစာများကို ကျွေးမွေးနိုင်မည်ဖြစ်ပါသည်။
အာဟာရဖြည့် နွားစာတုံးပြုလုပ်ခြင်း
အာဟာရဖြည့်နွားစာတုံးဆိုသည်မှာ ကောက်ရိုးကို ပဲဖတ်၊ နှမ်းဖတ်၊ ကစီဓာတ် နှင့် ဆားရောပြီး အတုံးပြုလုပ်ထားခြင်း ဖြစ်သည်။ ထိုအာဟာရဖြည့် နွားစာတုံး မှာ ကောက်ရိုး ၈၅ ရာခိုင်နှုန်း၊ ပဲဖတ်/နှမ်းဖတ် ၄ ဒသမ ၅ ရာခိုင်နှုန်း၊ ကစီဓာတ် (ကော်မှုန့်) ၇ ဒသမ ၅ ရာခိုင်နှုန်း၊ ဆား              တစ်ရာခိုင်နှုန်းနှင့် အာဟာရစုံ နှစ်ရာခိုင် နှုန်း ရောစပ်ပြီး  ဟိုက်ဒရောလစ်ဖိအားဖြင့် ဖိနှိပ်ပြုလုပ်ထားခြင်းဖြစ်သည်။ ဥပမာ အာဟာရဖြည့်နွားစာတုံး  ပိဿာ ၁၀၀ ပြုလုပ်မည်ဆိုလျှင်    ယူရီးယားမြေသြဇာ၊ ရေဖြင့်နှပ်ထားသည့်    ကောက်ရိုး  ၈၅ ပိဿာ၊ ပဲဖတ် သို့မဟုတ် နှမ်းဖတ် ၄ ဒသမ ၅ ပိဿာ၊ ဆန်မှုန့်    သို့မဟုတ်    ဂျုံမှုန့်၊ ဖွဲနုမှုန့် ၇ ဒသမ ၅ ပိဿာ၊      ဆား တစ်ပိဿာ၊    အာဟာရစုံသတ္တုဓာတ် အရော နှစ်ပိဿာနှင့်  ရောစပ်ရန်လိုပါ သည်။ မြေပဲရိုး၊ ပဲစင်းငုံရိုး၊  ပဲလွမ်းရိုး စသည့် ဘေးထွက်ပစ္စည်းများပါရော၍ ထည့်နိုင်ပါသည်။  အညာဒေသ၌  ဒေသ ထွက် ကောက်ပဲသီးနှံအရွက်၊ အရိုးအပြင်   အခြားအာဟာရဖြစ်စေသည့်    အရွက်၊ အရိုးများကိုပင် လက်တွေ့အသုံးပြုကြ ကြောင်း တွေ့ရသည်။ ကျွဲ၊ နွားများပင်ပန်း ပြီး အားအင်ကုန်ခန်းသည့်အခါ ကျွေးမွေး ရန်၊ ခရီးသွားသည့်အခါ အလွယ်တကူ သယ်ယူနိုင်ရန် ပြုလုပ်ခြင်းဖြစ်ပါသည်။
မြေဆွေးပြုလုပ်ခြင်း
ကောက်ရိုးများကို မြေဆွေးပြုလုပ် ခြင်းသည်လည်း အော်ဂဲနစ်စိုက်ပျိုးရေး လုပ်ကိုင်နေသူများအတွက်     အလွန် အရေးပါပါသည်။ စပါးစိုက်တောင်သူများ အတွက်လည်း   ရရှိလာသော မြေဆွေး များကို မိမိတို့စိုက်ခင်းများတွင် ပြန်လည် ထည့်သွင်းပေးခြင်းဖြင့် မြေဩဇာကုန်ကျ စရိတ်ကို   များစွာသက်သာစေပါသည်။
ကောက်ရိုးများကို     စုဆောင်းပြီး ကောက်ရိုးမြေဆွေး   ပြုလုပ်မည့်နေရာ ကို    ရွေးချယ်ရာတွင်   ထိုနေရာသည် ရေလွှမ်းမိုးမှုမရှိသော နေရာဖြစ်ရပါမည်။ လုပ်ဆောင်ရမည့် လုပ်ငန်းအဆင့်ဆင့်မှာ ပထမအလွှာကို    ကောက်ရိုးများဖြင့် ဖြန့်ခင်းပါ။     ကောက်ရိုးများ   အလွန် ခြောက်သွေ့နေပါက ရေလောင်းပြီး ဖိသိပ် ပါ။ အီးအမ်ဖျော်ရည်ကို နှံ့စပ်စွာပက်ဖျန်း ပါ။ သို့သော် အလွန်အမင်း မများစေရပါ။ ထို့နောက် ဒုတိယအလွှာကို ကောက်ရိုး၊ ဗေဒါပင်၊ ငှက်ပျောရွက်တို့ဖြင့် ဖြန့်ခင်း ပါ။      ထိုနည်းအတိုင်း    စုစုပေါင်း ခြောက်လွှာ ပြုလုပ်ရပါမည်။
အီးအမ်ဖျော်ရည်နှင့် ရေကို နှံ့စပ်စွာ ထပ်မံပက်ဖျန်းပါ။    နောက်ဆုံးအဆင့် အနေဖြင့်      ကောက်ရိုးမြေဆွေးပုံကို ပလတ်စတစ်ဖြင့်    ဖုံးအုပ်ပါ။   သဘာဝ မြေဩဇာပုံကို   မကြာခဏ  စစ်ပေးပါ။ အကယ်၍ ခြောက်သွေ့နေလျှင် ရေဖျန်း ပေးရပါမည်။ တစ်လခွဲကြာလျှင် သဘာဝ မြေဩဇာပုံကို ဘေးဘယ်ညာ၊ အထက် အောက်ပြောင်းပြန်လှန်ပေးပါ။ သုံးလမှ ငါးလကြာလျှင် အသုံးပြုရန် အဆင်သင့် ဖြစ်ပြီဖြစ်ပါသည်။    ထိုသို့   သဘာဝ ကောက်ရိုးမြေဩဇာကို တောင်သူများ စနစ်တကျ လုပ်ဆောင်ကြမည်ဆိုပါက ဓာတ်မြေဩဇာသုံးစွဲမှုကို        အထိုက် အလျောက် လျှော့ချသုံးစွဲနိုင်မည်ဖြစ်ပြီး စိုက်ပျိုးရေးကုန်ကျစရိတ်   လျော့နည်း လာမည်ဖြစ်ပါသည်။
ကောက်ရိုးမှိုစိုက်ပျိုးခြင်း
ကောက်ရိုးမှိုသည် မြန်မာလူမျိုးတို့ နှစ်သက်စွာစားသုံးကြပြီး ကောက်ရိုးမှို စိုက်ပျိုးခြင်းသည် မြန်မာလူမျိုးတို့နှင့် မစိမ်းပါ။ သဘာဝအလျောက် ကောက်ရိုး ပုံ၊ ကောက်ရိုးပြတ်ပုံ၊  နှမ်းပြောင်းရိုးပုံ၊ ဂုန်လျှော်အဆွေးပုံများမှ         အလို အလျောက်   ကောက်ရိုးမှိုများ  ပွင့်လာ သည်ကို       တွေ့ရတတ်ပေသည်။ ကောက်ရိုးမှိုသည်  စိုက်ပျိုးရလွယ်ပြီး       ဈေးကွက်လည်းရှိသဖြင့် ကောက်ရိုးမှို စိုက်နည်းကို တင်ပြလိုက်ပါသည်။
ကောက်ရိုးမှို     ပြုလုပ်ရန်အတွက် သန့်ရှင်းခြောက်သွေ့သော      ကောက်ရိုး များကို အလျားသုံးပေ၊ အချင်း ရှစ်လက်မ မှ ၁၀ လက်မအရွယ် အထုံးများရရှိအောင် ကျစ်လျစ်စွာထုံးပြီး    တစ်ညရေစိမ်ကာ ရေစစ်ထားရပါမည်။ ပထမအလွှာအတွက် ကောက်ရိုးထုံး ခုနစ်ထုံးကို  ကပ်၍စီပါ။    အလွှာ၏  ဘေးနားပတ်လည်မှ သုံးလက်မ အကွာတွင်    မှိုမျိုးတစ်ထုပ်ကို   ဖြူးထည့် ပေးပါ။ ဒုတိယအလွှာအတွက်     ကောက်ရိုး ထုံး ခုနစ်ထုံးကို  ကန့်လန့်ဖြတ်ဖြန့်ခင်းပြီး မှိုမျိုးတစ်ထုပ်ကို   ပထမအလွှာကဲ့သို့  ထည့်ပေးရပါမည်။ ထိုနည်းအတိုင်း အလွှာ ငါးလွှာအထိ ထပ်စီရပါမည်။ အပေါ်ဆုံး အလွှာတွင် မှိုမျိုးထည့်ရန်မလိုပါ။
မှိုမျိုးထည့်ပြီးသော ကောက်ရိုးထုံး အပုံကို       ပလတ်စတစ်ဖြင့်အုပ်ပြီး သက်ငယ်ဖြင့် ထပ်မံအုပ်ပေးရပါမည်။ စိုက်ပျိုးပြီး ၁၄ ရက်၊ ၁၅ ရက်ခန့်အကြာ တွင် မှိုများကို စတင်ခူးနိုင်ပါပြီ။ အနည်း ဆုံး လေးကြိမ်မှ ခြောက်ကြိမ်၊ ရှစ်ကြိမ် အထိ ခူးနိုင်ပါသည်။       မှိုအထွက်နှုန်းမှာ တစ်ပိဿာခွဲမှ သုံးပိဿာအထိ ထွက်ရှိ နိုင်ပါသည်။ ကောက်ရိုးမှိုသည် အရောင်း အဝယ်လိုက်သဖြင့် မှိုစိုက်သူများအတွက် ဝင်ငွေလည်းရ အဆင်လည်းပြေစေသည့် နည်းလမ်းတစ်ခုပင်ဖြစ်ပါသည်။
ကောက်ရိုးစက္ကူပြုလုပ်ခြင်း
စက္ကူကို ဝါးပင်ကသာ အဓိကရရှိ ကြောင်း မိမိတို့ သိရှိခဲ့ကြပြီးဖြစ်ပါသည်။ သို့သော်       စက္ကူကို      ကောက်ရိုးမှ ထုတ်လုပ်၍ရသည်ကိုမူ သိရှိသူနည်းပါး ပါလိမ့်မည်။       မှန်ပါသည်။      ကောက်ရိုး ကနေ    စက္ကူထုတ်လုပ်၍     ရပါသည်။ ထိုသို့ အဖိုးတန်သောကောက်ရိုးမှ စက္ကူ ထုတ်လုပ်နည်း အဆင့်ဆင့်ကို တင်ပြပေး ပါမည်။
စက္ကူထုတ်လုပ်ရန်အတွက် လိုအပ် သောပစ္စည်းများမှာ ကောက်ရိုး၊ တာကမ် ပေါင်ဒါ၊ ဆိုဒီယမ်ဆီလီကိတ်၊ ပိုတက် ဆီယမ်ဟိုက်ဒရောဆိုက်၊ ကျောက်ချဉ်၊ ထင်းရှူးဆီ၊ ဆိုဒါမှုန့်၊ ကစီဓာတ်နှင့် ဆိုးဆေး များ ဖြစ်ပါသည်။    လိုအပ်သောစက်ပစ္စည်း များမှာ ပျော့ဖတ်ကြိတ်စက်၊ စက္ကူပုံသွင်း စက်၊ ရေညှစ်စက်၊ အချောကိုင်စက်နှင့်  စက္ကူဖြတ်စက်တို့   ဖြစ်ပါသည်။
ပထမဦးစွာ      ကောက်ရိုးများကို ပိုတက်ဆီယမ်ဟိုက်ဒရောဆိုက်       ၁၅ ရာခိုင်နှုန်းရော၍ ငါးနာရီကြာ ပြုတ်ပေး ရပါမည်။ ပြုတ်ပြီးသားကောက်ရိုးများကို ရေဆေးပေးရပါမည်။ ပါဝင်သော ဓာတု ပစ္စည်းများကိုလည်း     ပြင်ဆင်ထားပါ။ ထို့နောက်    ပျော့ဖတ်ကြိတ်စက်ထဲသို့ ရေတစ်ဝက်ခန့်ဖြည့်ပြီး ကောက်ရိုးများ ကို ၁၀ နာရီကျော်ခန့် ကြိတ်ချေပါ။
ပြီးလျှင်  ပါဝင်သော  ဓာတုပစ္စည်း တစ်မျိုးချင်းစီထည့်၍     ငါးမိနစ်ခန့်စီ ကြိတ်ချေပါ။  ထို့နောက်   ၁၅ မိနစ်ခန့်
ထပ်မံကြိတ်ချေခြင်းဖြင့် ကောင်းမွန်သော
ပျော့ဖတ်ကို    ရရှိစေပါသည်။   ရရှိလာ သော   ပျော့ဖတ်များကို   ပလတ်စတစ် ကန်ထဲသို့ထည့်ပါ။      ပျော့ဖတ်များကို   မိမိပြုလုပ်မည့်       စက္ကူပမာဏအတိုင်း ချိန်တွယ်၍ ပုံစံခွက်ထဲသို့ထည့်ခြင်းဖြင့် စက္ကူအစိုကိုရရှိပါမည်။   ပုံစံခွက်ထဲမှ စက္ကူအစိုများကိုယူပြီး     တစ်ချပ်ချင်း အဝတ်စပါးပါးဖြင့်ခံ၍ ထပ်ထားပါ။ စက္ကူ အစိုတွင်ရှိသော ရေများကုန်စင်သွားစေ ရန်  ဟိုက်ဒရောလစ်ဖိစက်ဖြင့်  ရေများ ဖိထုတ်ပါ။    ထို့နောက်    တစ်နာရီခန့် နေလှန်းပြီး အရိပ်ထဲတွင် တစ်ညချိတ်ဆွဲ ထားပါ။   ပြီးလျှင်   စက္ကူအရောင်တင် ချောမွေ့စက်တွင်ထည့်ကာ ချောမွေ့အောင် ပြုလုပ်ပါ။             နောက်ဆုံးအဆင့်အနေဖြင့် မိမိအလိုရှိသည့်    စက္ကူအရွယ်အစား အတိုင်း စက္ကူဖြတ်စက်ဖြင့် ဖြတ်တောက် ပြီး အသုံးပြုနိုင်ပြီဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် ၂၀၂၄-၂၀၂၅ ခုနှစ် အတွင်း  မိုးစပါးစိုက်ပျိုးရန် လျာထားဧက ၁၅ သန်းရှိပါသည်။ ကောက်ရိုးထွက်ရှိမှု အနေဖြင့် လယ်တစ်ဧကလျှင် ကောက်ရိုး နှစ်တန်ထွက်ရှိသောကြောင့် စပါးရိတ် သိမ်းပြီးချိန်တွင် ကောက်ရိုးတန်သန်း ၃၀ ရရှိပါမည်။ တန်သန်း ၃၀ သည် ပိဿာ အားဖြင့် ၁၈၃၇ ဒသမ ၂   သန်း ရှိပါသည်။ တိရစ္ဆာန်များကို       အစာကျွေးမွေးမှု တွက်ချက်ကြည့်ပါက   ကျွဲတစ်ကောင် လျှင်    တစ်ရက်အတွက်   ကောက်ရိုး ခုနစ်ပိဿာနှုန်းဖြင့်    ကျွေးမွေးရပါသည်။ ထို့ကြောင့် ကျွဲတစ်ကောင်ကို  တစ်နှစ် ပတ်လုံးကျွေးမွေးရန် ကောက်ရိုး ၂၅၅၅ ပိဿာကုန်ကျပါမည်။    ထို့ကြောင့် ကောက်ရိုး တန်သန်း ၃၀ အတွက် ကျွဲ  ၇၁၉၀၆၀၆ ကောင်ကို ကျွေးနိုင်ပါမည်။ ထို့အတူ နွားတစ်ကောင်လျှင် တစ်ရက် အတွက် ကောက်ရိုး ခြောက်ပိဿာနှုန်းဖြင့် ကျွေးပါက   တစ်နှစ်လျှင်   ကောက်ရိုး ပိဿာ ၂၁၉၀ ကုန်ကျပါမည်။ ထို့ကြောင့် ကောက်ရိုး တန်သန်း ၃၀ အတွက် နွား  ၈၃၈၉၀၄၁ ကောင်ကို ကျွေးနိုင်ပါမည်။ လယ် ၁၀ ဧကရှိသော တောင်သူများ အတွက် ကောက်ရိုးတန် ၂၀ ထွက်ရှိပါ မည်။ ကျွဲ၊  နွားများကို  သတ်မှတ်ထား သော ပမာဏအတိုင်းကျွေးပါက တစ်နှစ် ပတ်လုံး ကျွဲငါးကောင်  သို့မဟုတ်  နွား ခြောက်ကောင်ကို     လုံလောက်အောင် ကျွေးမွေးနိုင်ပါသည်။
ကောက်ရိုးဖြင့်   စက္ကူလုပ်ရာတွင် အထက်ပါ     စက္ကူလုပ်နည်းအတိုင်း ဆောင်ရွက်ပါက ကောက်ရိုး တစ်ပိဿာ လျှင် ပျော့ဖတ် ၅၀ ကျပ်သား ရှိပါမည်။ ထို့ကြောင့် ယခုနှစ်တွင် စိုက်ပျိုးထား သော   စပါးလယ်   ၁၅ သန်းအတွက် ကောက်ရိုးတန်ချိန် သန်း ၃၀ (၁၈၃၇ ဒသမ ၂ ပိဿာသန်း)    ထွက်ရှိပါမည်။ ကောက်ရိုးပိဿာ ၁၈၃၇ ဒသမ ၂ သန်း အတွက် ပျော့ဖတ်ပိဿာ ၉၁၈ ဒသမ ၆ သန်းရရှိပါမည်။     ကောက်ရိုးပျော့ဖတ်များ ဖြင့်      တန်ဖိုးမြင့်စက္ကူထုတ်ကုန်များ ပြုလုပ်သုံးစွဲနိုင်သောကြောင့် စိုက်ပျိုးရေး ဘေးထွက်ပစ္စည်းများဖြင့် နိုင်ငံခြားငွေ သုံးစွဲရမှုကို များစွာသက်သာစေမည်ကို တွေ့ရှိနိုင်ပါသည်။
စိုက်ပျိုးထားသော မိုးစပါး ၁၅ သန်း မှ ထွက်ရှိလာသောကောက်ရိုးတန် သန်း ၃၀ ကို ကျွဲ၊ နွားများကို  ၅၀ ရာခိုင်နှုန်း၊ စက္ကူပျော့ဖတ်အတွက် ၅၀ ရာခိုင်နှုန်း အသုံးပြုပါက ကောက်ရိုးတန် ၁၅ သန်း (ပိဿာ ၉၁၈ ဒသမ ၆ သန်း)ရရှိပါမည်။ ကျွဲတစ်ကောင်လျှင်   တစ်ရက်   ခုနစ် ပိဿာနှုန်းဖြင့်      တစ်နှစ်ပတ်လုံးကျွေးပါ က ကျွဲစုစုပေါင်း  ၃၅၉၅၃၀၃ ကောင် ကျွေးနိုင်ပါမည်။    နွားတစ်ကောင်လျှင် တစ်ရက် ခြောက်ပိဿာနှုန်းဖြင့် တစ်နှစ် ပတ်လုံးကျွေးပါက     နွားကောင်ရေ ၄၁၉၄၅၂၀ ကို   ကျွေးနိုင်ပါမည်။ ကျန် ကောက်ရိုးတန် ၁၅ သန်းကို စက္ကူပျော့ ဖတ်ပြုလုပ်ပါက တန်ချိန် ၇ ဒသမ ၅ သန်းရရှိပါမည်။     စပါးပင်ဘေးထွက် ပစ္စည်းဖြင့် တိရစ္ဆာန်အစာအဖြစ် ကျွေးမွေး နိုင်ပါက ကုန်ကျစရိတ်ကို များစွာသက်သာ စေနိုင်သည့်အပြင်    ကောက်ရိုးပျော့ဖတ် ကို ဆောင်ရွက်နိုင်ပါက    စပါးစိုက်ပျိုး သည့်တောင်သူများ      ဝင်ငွေတိုးတက် စေပြီး    ဒေသခံများ    အလုပ်အကိုင် အခွင့်အလမ်း      များစွာရရှိစေနိုင်ပါ သည်။
စိုက်ပျိုးရေးနိုင်ငံဖြစ်သည့် မြန်မာ နိုင်ငံသည် ဆန်စပါးကို အဓိကစိုက်ပျိုးစားသုံးသည့်နိုင်ငံဖြစ်ပါသည်။   စပါးမှ ဆန်ရရှိသကဲ့သို့ ကျန်ရှိခဲ့သော ကောက်ရိုး သည်လည်း စွန့်ပစ်စရာမလိုဘဲ နည်းလမ်း ပေါင်းစုံဖြင့်  အကျိုးပြုလျက်ရှိရာ  စပါး တစ်ပင်လုံးသည်        လူသားတို့အတွက် အသုံးဝင်သော   အဖိုးတန်အပင်   ဖြစ်ပါ သည်။  ကောက်ရိုးသည်   ကျွဲ၊  နွားများ အတွက် အစားအစာဖြစ်သကဲ့သို့ စနစ် တကျ   အသုံးချနိုင်လျှင်   လူသားတို့ အတွက် အကျိုးရှိသော ကုန်ကြမ်းပစ္စည်း များအဖြစ် လူမှုစီးပွားဘဝများ တိုးတက် လာစေရန်   အထောက်အပံ့များဖြစ်ပါ သည်။    ထို့ကြောင့်    ကောက်ရိုးများကို မီးရှို့ပစ်ခြင်းမပြုလုပ်ကြဘဲ ဖော်ပြခဲ့သော နည်းလမ်းများကို လိုက်နာဆောင်ရွက် ခြင်းဖြင့် အဖိုးတန်ရွှေကောက်ရိုးများကို အကျိုးရှိစွာ        အသုံးချနိုင်ကြပါရန် တိုက်တွန်းတင်ပြလိုက်ရပါသည်။     ။