
ယူရိုပါလိဂ်ပြိုင်ပွဲ ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်များမှ မတ် ၁၇ ရက် နံနက် ယှဉ်ပြိုင်ကစားခဲ့သည့် ရီးရဲဘက်တစ်နှင့် မန်ယူအသင်းတို့ပွဲစဉ်တွင် မန်ယူအသင်းက ရက်ဖို့ဒ်၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ထို့ကြောင့် မန်ယူအသင်း သည် ဘက်တစ်အသင်းကို နှစ်ကျော့ပေါင်းရလဒ် ငါးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိပြီး ကွာတားဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။
ပထမအကျော့တွင် ဘက်တစ်ကို ဂိုးပြတ်အနိုင်ယူထားသော မန်ယူအသင်းသည် ယခုဒုတိယအကျော့တွင်လည်း အသာရယူရန် ဖိအားပေးကစားနိုင်ခဲ့သည်။ ဘက်တစ် အသင်းက မန်ယူအသင်းဘက်သို့ ထိရောက်သည့် ဂိုးပေါက်ခြိမ်းခြောက်မှုများနှင့် အတူ ဂိုးကန်သွင်းမှုများ မကြာခဏ ပြုလုပ်နိုင်ခဲ့သော်လည်း အဆုံးသတ်ပိုင်းအား နည်းမှုရှိသည့်အတွက် လိုအပ်သည့် သွင်းဂိုးများနှင့် ဝေးကွာခဲ့ပြီး ရှုံးပွဲကြုံတွေ့ခဲ့ခြင်း ဖြစ်သည်။ မန်ယူအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၅၅ မိနစ်တွင် ရရှိခဲ့ပြီး အဓိက တိုက်စစ်ကစားသမား ရက်ဖို့ဒ်က သွင်းယူပေးခဲ့သည်။ ယခုသွင်းဂိုး ကြောင့် ရက်ဖို့ဒ်သည် ယူရိုပါလိဂ်ပြိုင်ပွဲ၌ ယခုနှစ်ရာသီတွင် သွင်းဂိုးခြောက်ဂိုးအထိ ရှိလာပြီ ဖြစ်သည်။
အခြားသောပွဲစဉ်ရလဒ်များမှ အာဆင်နယ်နှင့် စပို့တင်းအသင်းတို့ပွဲစဉ်တွင် တစ် ဖက်တစ်ဂိုးစီ သရေကျခဲ့ပြီး အနိုင်အရှုံး အဖြေမပေါ်သည့်အတွက် ပယ်နယ်တီအဆုံး အဖြတ်ခံယူခဲ့ရာ စပို့တင်းက ငါးဂိုး-သုံးဂိုးဖြင့် အနိုင်ရရှိပြီး နောက်တစ်ဆင့်တက်လှမ်း နိုင်ခဲ့သည်။
မိုးဇက် - စုစည်းသည်