ဘင်္ဂါလီတွေဟာ မရှိတဲ့ ‘ရိုဟင်ဂျာလူမျိုး’ နာမည်နဲ့ ဘာကြောင့် တိုင်းရင်းသားဖြစ်ချင်နေကြတာလဲ

Type

မောင်ရိုး

====

 

ခေတ်အဆက်ဆက် မြန်မာ့မြေပေါ်မှာမရှိခဲ့တဲ့ “ရိုဟင်ဂျာ” ဆိုတဲ့ သူတွေက လူမျိုးတောင်မရှိဘဲနဲ့ ဘာဖြစ်လို့များ တိုင်းရင်းသားအဖြစ် လိုချင်နေကြတာပါလဲဗျာ။ အကြောင်းအကြီးကြီး ရှိလို့ပေါ့ဗျာ။  ဒါကို အယောင်ယောင်အမှားမှားနဲ့သော်လည်းကောင်း၊  သူ့ဆန်စားရဲရ၍သော်လည်းကောင်း၊ ပုဆိန်ရိုးလုပ်ချင်လို့သော်လည်းကောင်း၊ နိုင်ငံတကာဖိအားကြောင့်သော်လည်းကောင်း၊ ငါ့ရန်သူရဲ့ ရန်သူဟာ ငါ့ရဲ့ မိတ်ဆွေဆိုတဲ့ အယူအဆနဲ့သော်လည်းကောင်း၊ ပေးလိုက်မိလို့တော့ ကမ္ဘာ့မြေပုံမှာ မြန်မာ့မြေပုံဟာ ၂၀၃၀ မတိုင်ခင် ပျောက်ကွယ်သွားရတော့မယ်ဆိုတာကို အမုန်းစကားမဟုတ်တဲ့ အမှန်စကားလေး ပြောလိုက်ပါရစေ။ ။
 

 

မောင်ရိုးတို့နိုင်ငံက လက်ရှိကျင့်သုံးနေတဲ့ ဖွဲ့စည်း ပုံအခြေခံဥပဒေ ၂၀၀၈ ကို အခြေခံပြီးပြောပါ့မယ်။ အခန်း ၂ နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံ ပုဒ်မ ၅၆ မှာ  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့်   ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွေကို    အောက်ပါအတိုင်း သတ်မှတ်သည်ဆိုပြီး (က) နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ        (ခ)  ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (ဂ) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (ဃ) ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (င) ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ (စ) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဆိုပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (၅)ခုနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း (၁)ခု နိုင်ငံတော်ဖွဲ့စည်း တည်ဆောက်ထားပါတယ်။
ဖွဲ့စည်းထား


ဒီနေရာမှာ   ဘယ်လိုအကြောင်းအရာတွေကို အခြေခံပြီး  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ  စီရင်စုတွေကို စဉ်းစားသတ်မှတ်ပေးသလဲဆိုတာကို ပြောပြပါ့ မယ်။  မြန်မာပြည်ထဲက   ဒေသနယ်မြေတစ်ခုမှာ တိုင်းရင်းသားလူမျိုးစုတစ်ခုဟာ သင့်တင့်တဲ့ လူဦး ရေနဲ့ ရှိရပါ့မယ်။ အဲဒီဒေသမှာရှိတဲ့ မြို့နယ်တစ်ခု မှာလည်း ဒီတိုင်းရင်းသားလူမျိုးရဲ့ နေထိုင်မှုလူဦးရေ ဟာ အခြားမှီတင်းနေထိုင်သူ လူဦးရေတစ်ဝက်ကျော် မယ်။ အဲဒီလိုမြို့နယ် အနည်းဆုံးနှစ်ခုဟာ နယ်မြေ အရလည်း တစ်ဆက်တစ်စပ်တည်းရှိမယ်ဆိုရင် အဲဒီ တိုင်းရင်းသားလူမျိုးစုတွေနေထိုင်တဲ့ မြို့နယ်နှစ်ခု ကိုစုစည်းပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအနေနဲ့ ဖွဲ့စည်းတာဖြစ်ပါတယ်။    အဲဒီလိုမြို့နယ်တွေ အနည်းဆုံး လေးမြို့နယ်အထက် တစ်ဆက်တစ်စပ် တည်းရှိနေမယ်ဆိုရင်တော့       ခရိုင်နှစ်ခုခွဲဖွဲ့စည်း ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း   ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။


ဥပမာ ပုဒ်မ ၅၆ (က) အရ စစ်ကိုင်းတိုင်းမှာရှိတဲ့ လေရှီး၊ လဟယ်၊ နန်းယွန်း သုံးမြို့နယ်ကို စုစည်းပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ (ခ) အရ ရှမ်းပြည် နယ်မှာရှိတဲ့ ရွာငံနဲ့ ပင်းတယမြို့တွေကို စုစည်းပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ (ဂ) အရ ရှမ်းပြည် နယ်မှာရှိတဲ့ ဟိုပုန်းနဲ့ ဆီဆိုင်မြို့၊ ပင်လောင်းမြို့ တွေကိုစုစည်းပြီး   ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ (ဃ) အရ ရှမ်းပြည်နယ်မှာရှိတဲ့ နမ့်ဆန်နဲ့ မန်တုံမြို့ကို စုစည်းပြီး ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ၊ (င) အရ ရှမ်းပြည်နယ်မှာရှိတဲ့ ကုန်းကြမ်းနဲ့ လောက်ကိုင်ကို စုစည်းပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ (စ) အရ ရှမ်းပြည်နယ်မှာရှိတဲ့ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်၊ မက်မန်း၊ ပန်ဆန်း ခြောက်မြို့နယ်ကို နှစ်ခရိုင်ခွဲပြီး   “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းဆိုပြီး  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စု   ခြောက်ခုဖွဲ့စည်းထားပါတယ်။   လေရှီး၊ လဟယ်၊ နန်းယွန်း သုံးမြို့နယ်ဟာ ပထဝီမြေအနေ အထားတစ်ဆက်တစ်စပ်တည်းရှိပြီး တစ်မြို့နယ် ချင်းမှာ နေထိုင်တဲ့ နာဂတိုင်းရင်းသား လူဦးရေဟာ လည်း တစ်မြို့နယ်ချင်းမှာနေတဲ့ အခြားလူမျိုးတွေရဲ့ လူဦးရေထက်   တစ်ဝက်ကျော်နေထိုင်ကြတာမို့    နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွဲ့စည်းရတာဖြစ်ပါ တယ်။ ထိုနည်းတူစွာ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့် လူမျိုးတွေဟာလည်း     သက်ဆိုင်ရာမြို့တိုင်းမှာ နေထိုင်တဲ့ ကျန်လူမျိုးတွေထက် လူဦးရေ တစ်ဝက် ကျော်နေထိုင်ကြတဲ့အပြင် ဒီမြို့တွေဟာလည်း ပထဝီ တစ်ဆက်တစ်စပ်တည်းရှိကြလို့ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသတွေရကြတာပါ။ “ဝ” တိုင်းရင်းသားတွေ ဟာလည်း မြို့နယ်ခြောက်ခုလုံးမှာ တခြားလူမျိုးတွေ လူဦးရေထက် တစ်ဝက်ကျော် နေထိုင်ကြတဲ့အပြင် မြို့ခြောက်မြို့ဟာလည်း တစ်ဆက်တစ်စပ်တည်း ရှိလို့    နှစ်ခရိုင်ခွဲပြီး  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အနေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။


ပထဝီမြေတစ်ဆက်တစ်စပ်တည်း တည်ရှိနေ


ဒီဥပမာကိုယူပြီး ကျွန်တော်တို့ အနောက်တံခါး လို့ တင်စားပြောနေကြတဲ့ ရခိုင်ပြည်နယ်ကို ကြည့်ရ အောင်၊   ရခိုင်မြောက်ပိုင်းမှာ  မောင်တော၊ ဘူးသီး တောင်၊ ရသေ့တောင် ဆိုတဲ့ မြို့နယ်သုံးမြို့နယ်ရှိပြီး တောင်ဘက်ကိုဆက်ဆင်းလာရင် စစ်တွေ့မြို့ဆိုပြီး ပထဝီမြေ တစ်ဆက်တစ်စပ်တည်း တည်ရှိနေပါတယ်။ ဒီမြို့နယ်တွေမှာ မြို၊ ခမီ၊ သက်၊ ဒိုင်းနက်၊ မရမာကြီး၊ ရခိုင်ဆိုတဲ့ တိုင်းရင်းသားတွေဟာ လူဦးရေအားဖြင့် အလွန်နည်းပါးစွာ နေထိုင်ပြီး  ဘင်္ဂါလီတွေလူဦးရေ အလွန်များပြားစွာနေထိုင်ရာ  မြို့တွေဖြစ်ပါတယ်။ (အင်္ဂလိပ်ခေတ်မတိုင်မီ၊ အင်္ဂလိပ်ခေတ်နဲ့ အင်္ဂလိပ် ခေတ်နောက်ပိုင်းတွေမှာ တိုင်းရင်းသားလူဦးရေတွေ ဟာ   တဖြည်းဖြည်းနည်းနည်းလာပြီး    ဘင်္ဂါလီ လူဦးရေဟာ တဖြည်းဖြည်း များများလာပါတယ်။ ဒေသအတွင်း စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ လုံခြုံရေး ဖိအားမျိုးစုံကြောင့် တိုင်းရင်းသားတွေ နည်းနည်းလာပြီး ဘင်္ဂါလီတွေ များများလာတာပါ။ အင်္ဂလိပ်ခေတ်  စပါးစိုက်ပျိုးရေး၊   ဂျပန်ခေတ် အလယ်သံကျော်အရေးအခင်း၊  ၈၈ အရေးအခင်း၊ ၂၀၁၂ အရေးအခင်း၊ ၂၀၁၆-၂၀၁၇ အရေးအခင်းတွေ ဟာ ဖိအားအလွန်များပြားတဲ့ ဖြစ်စဉ်တွေဖြစ်ပြီး ခုအခါမှာ ကိုဖီအာနန်ဖိအား၊  ဂမ်ဘီယာဖိအားတွေ ဟာ အထွတ်အထိပ်ရောက်နေပါတယ်)


အလွန်များတဲ့နှုန်းနဲ့မျိုးပွားဆဲ


လက်ရှိခန့်မှန်းခြေ   မောင်တောမှာ   ဘင်္ဂါလီ လူဦးရေ ၉၆ ရာနှုန်း၊   ဘူးသီးတောင်မှာ ဘင်္ဂါလီ လူဦးရေ ၉၅ ရာနှုန်း၊ ရသေ့တောင်မှာ  ဘင်္ဂါလီလူဦး ရေ ၈၀ ရာနှုန်း၊  စစ်တွေမှာ  ၇၀ ရာနှုန်းလောက် နေထိုင်ကြပါတယ်။ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြေပုံ၊ မြောက်ဦး အစရှိတဲ့မြို့တွေမှာလည်း ဘင်္ဂါလီ လူဦးရေအများအပြားနဲ့   အလွန်များတဲ့နှုန်းနဲ့ မျိုးပွားဆဲဖြစ်ပါတယ်။  (ကျန်မြို့နယ်တွေမှာရှိတဲ့ လူဦးရေဟာလည်း နိုင်ငံ့လူဦးရေရဲ့ သုည ဒသမ ငါးရာခိုင်နှုန်းရှိရင်  တိုင်းရင်းသားရေးရာဝန်ကြီးဆို တဲ့နေရာကို ရရှိနိုင်ပါတယ်)


ပြောခဲ့တဲ့   လူဦးရေ  နေထိုင်မှုအချိုးအစား၊ နယ်မြေဆက်စပ်တည်ရှိမှု၊ အခြားသော ပြည်တွင်း ပြည်ပနိုင်ငံရေး၊ စီးပွားရေး၊ လူမျိုးရေး၊ ဘာသာရေး၊ လစ်ဘရယ်လစ်ဇင်  ဖိအားတွေအရသော်လည်း ကောင်း၊ လက်ရှိတိုင်းရင်းသားတွေရနေတဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ  စီရင်စုရရှိနေတဲ့   အခွင့်အရေးတွေ အရသော်လည်းကောင်း  အကယ်၍သာ ဘင်္ဂါလီ တွေဟာမရှိတဲ့ တိုင်းရင်းသားအမည် တစ်မျိုးအဖြစ် နဲ့  ရိုဟင်ဂျာတိုင်းရင်းသားပါဆိုပြီး  နည်းမျိုးစုံနဲ့ လုပ်ယူနိုင်ကြရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတွေ ဖြစ်လာတော့မှာပါ။ ကျွန်တော်တို့တိုင်းရင်းသားအစစ်တွေက နှစ်ပေါင်း ထောင်ချီ  အတူတကွနေလာကြတဲ့   တိုင်းရင်းသား စစ်စစ်တွေအဖြစ်          သမိုင်းနဲ့နေလာကြတာမို့ ပြည်ထောင်စုအတွက် အခက်အခဲမရှိနိုင်ပေမယ့် ဘင်္ဂါလီရဲ့ မူလဇာစ်မြစ်နိုင်ငံ၊ ကျောထောက်နောက်ခံ နိုင်ငံ၊ ကျောထောက်နောက်ခံဘာသာရေး၊ လူမျိုး ရေး၊ စီးပွားရေးတွေဟာ  မြန်မာ့သမိုင်းနဲ့   အလွန် ဝေးကွာပြီး  အခြားနိုင်ငံနဲ့   အလွန်နီးနေတာမို့ ကိုယ်ပိုင်စီရင်စုအခွင့်အရေးဟာ အလွန်အန္တရာယ် များပါတယ်။ မျိုးတူနိုင်ငံသို့ အချိန်မရွေး ပဲ့ပါသွား နိုင်ပါတယ်။ ကျွန်တော်တို့အခြေခံဥပဒေအရလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းရင်းသားဒေသတွေကို ပုဒ်မ ၁၉၆ နဲ့  ဇယား ၃ အရ    အခွင့်အရေးတွေ ပေးထားတာနဲ့  ဘင်္ဂါလီသာမရှိတဲ့    နာမည်နဲ့ တိုင်းရင်းသားဖြစ်ပြီး   ကိုယ်ပိုင်စီရင်ခွင့်ရခဲ့ရင် ပြည်ထောင်စုအတွက် မတွေးဝံ့စရာပါပဲ။ 


လွတ်လပ်တဲ့ပြည်နယ်တောင်းနေ


ဒီနေရာမှာ  သမိုင်းမှာမရှိတဲ့  လူမျိုးနာမည်ခံ ယူလိုတဲ့သူတွေဟာ လွတ်လပ်ရေးမတိုင်ခင် အကြို ကာလ၊  လွတ်လပ်ရေးရပြီး    ပါလီမန်ကာလနဲ့ နောက်ပိုင်းတော်လှန်ရေးကောင်စီ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(BSPI)၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (SLOR)၊ နိုင်ငံတော်အေးချမ်း သာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ(SPDC) ကာလ တွေနဲ့       ဒီမိုကရေစီအသွင်ကူးပြောင်းကာလ နှစ်ဆက်လုံးမှာ  လွတ်လပ်တဲ့    ပြည်နယ်တောင်း နေတယ်ဆိုတာကိုလည်း   သတိပေးလိုက်ပါတယ်။


ကိုင်း ဒီလောက်ဆိုရင်တော့ တိုင်းရင်းသား မဟုတ်တဲ့ ဘင်္ဂါလီဟာ ဘာဖြစ်လို့ မရှိတဲ့နာမည်ကို အတင်းကင်ပွန်းတပ်ခံယူကြပြီး   တိုင်းရင်းသား ဖြစ်ချင်နေကြတာလဲဆိုတာနဲ့ ပြည်ထောင်စုအတွက် ဘယ်လောက်တောင် အန္တရာယ်များသလဲဆိုတာကို ဉာဏ်ရှိသလောက်သာ        တွေးကြည့်ကြပါတော့။ ပါရမီရှိသလောက် သဘောပေါက်လာပါလိမ့်မယ်လို့ မောင်ရိုးကပြောရင်း နိဂုံးချုပ်လိုက်ပါတယ်။
(၂၄-၆-၂၀၂၁ ရက်နေ့ထုတ်   Golden  Hand ဂျာနယ်တွင်     ဖော်ပြခဲ့သည့်    ဆောင်းပါးရှင် မောင်ရိုး၏  “ဘင်္ဂါလီတွေဟာမရှိတဲ့  ‘ရိုဟင်ဂျာ လူမျိုး’နာမည်နဲ့  ဘာကြောင့်တိုင်းရင်းသားဖြစ် ချင်နေကြတာလဲ” ဆောင်းပါးကို Golden Hand ဂျာနယ်အယ်ဒီတာအဖွဲ့နှင့် ဆောင်းပါးရှင်တို့၏ ခွင့်ပြုချက်ဖြင့်   ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ စာတည်း)