
ယခုတစ်ပတ်မှာတော့ ပရီမီယာ လိဂ်ပွဲစဉ်တွေကို ရပ်နားထားမှာ ဖြစ်ပြီး အက်ဖ်အေဖလား စတုတ္ထ အဆင့် ပွဲစဉ်တွေကို ဆက်လက် ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါ တယ်။ ဝါဆောလ်က လက်စတာ၊ မန်ယူက ရီးဒင်း၊ ဘရိုက်တန်က လီဗာပူး၊ ဒါဘီက ဝက်စ်ဟမ်း အသင်းတို့နဲ့ ဆုံတွေ့နေပါတယ်။
ဝါဆောလ် VS လက်စတာ
လက်စတာ ခြေစွမ်းကျဆင်း နေပေမယ့် လိဂ်တူးမှာ ကစား နေတဲ့ ဝါဆောလ်ရဲ့ ခြေစွမ်းထက် သာလွန်တယ်။ သို့သော်လည်း ခံစစ် အားနည်းတတ်တဲ့ လက်စတာအသင်း ဝါဆောလ်ရဲ့ တိုက်စစ်ကို ဟန့်တားနိုင် ဖို့ လိုအပ်တယ်။
ပရက်စတန်နှင့် စပါး
ပရက်စတန်ရဲ့ ခြေစွမ်းက ချန်ပီယံ ရှစ်မှာ တည်ငြိမ်မှုပိုင်း အားနည်းတယ်။ စပါးရဲ့ ကစားဟန်က ပြိုင်ဘက်တိုင်းကို အခက်တွေ့စေတယ်။ စပါးအသင်း ရလဒ်ကောင်းရရှိမယ်။
မန်ယူနှင့် ရီးဒင်း
မန်ယူအသင်း ခြေစွမ်းကြောင့် ချန်ပီယံရှစ်ကလပ် ရီးဒင်းအနေနဲ့ အသာရဖို့ မလွယ်ဘူး။ ရီးဒင်း အမြင့်ဆုံး သရေသာရမယ်။
ဖူဟမ်နှင့် ဆန်းဒါးလန်း
ဖူလ်ဟမ်က နိုင်ပွဲရရှိရေး ခြေကုန် ထုတ်လာမှာ ဖြစ်ပေမယ့် ဆန်းဒါးလန်း ကလည်း ချန်ပီယံရှစ်မှာ ပုံစံကောင်း ပြသထားနိုင်တာကြောင့် သာမန်ခြေ စွမ်းထက် ပိုလွန်မှသာ နိုင်ပွဲရမယ်။
ဘရိုက်တန်နှင့် လီဗာပူး
နောက်ဆုံးအကြိမ် တွေ့ဆုံမှုမှာ ဘရိုက်တန်က လီဗာပူးကို ဂိုးပြတ်နိုင် ထားတယ်။ ခက်ခက်ခဲခဲကစားပြီး လီဗာပူး နိုင်ဖွယ်ရာ ရှိတယ်။
ဒါဘီနှင့် ဝက်စ်ဟမ်း
ဒါဘီက လိဂ်ဝမ်းမှာခြေစွမ်း ကောင်းနေတယ်။ ဝက်စ်ဟမ်းက ခြေစွမ်းပုံမှန် မရှိဘူး။ ဒါကြောင့် ဝက်စ်ဟမ်းအသင်းထက် ဒါဘီအသင်း ရလဒ်ကောင်းရရှိမယ်။
မိုးဇက်