
နေပြည်တော် အောက်တိုဘာ ၃
ပဲခူးမြို့နယ် ဘုရားကြီးမြို့ ရွှေသံလွင် ပူးပေါင်းစစ်ဆေးရေး စခန်းတွင် ငွေကျပ်သိန်း ၃၄၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ သိမ်းဆည်းရမိခဲ့ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
စစ်ဆေးဖော်ထုတ်လျက်ရှိ
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် ပဲခူးမြို့နယ် ဘုရားကြီး မြို့ ရန်ကုန်-မော်လမြိုင် သွားကားလမ်းရှိ ရွှေသံလွင် ပူးပေါင်းစစ်ဆေးရေးစခန်းတွင် အောင်မိုးသူ(ခ)သားသားမောင်းနှင် လာသည့် NISSAN Wingroad ယာဉ်ကို သတင်းအရရှာဖွေရာ ငွေကျပ်သိန်း ၃၄၀၀ ကျော်တန်ဖိုး ရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃ ဒသမ ၄ သိန်း တွေ့ရှိ သိမ်းဆည်း ရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက် အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ် ဆေးပြားများအား ရှမ်းပြည်နယ်မှ ရန်ကုန်မြို့သို့ သယ်ဆောင်ပြီး ရန်ကုန်မြို့မှတစ်ဆင့် မြိတ်မြို့သို့ဆက်လက်သယ်ဆောင်ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများ အား ဆက်လက် စစ်ဆေးဖော်ထုတ် လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်