
ဆိုဖီရာ နိုဝင်ဘာ ၂၃
ဘူလ်ဂေးရီးယားနိုင်ငံအရှေ့ပိုင်း ရိုယက်ကျေးရွာရှိ ဘိုးဘွားရိပ်သာ တစ်ခုတွင် နိုဝင်ဘာ ၂၂ ရက်က မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ခြောက်ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ ဒေသစံတော်ချိန် ညနေ ၆ နာရီတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးသတ်နှင့်ကယ်ဆယ်ရေးအဖွဲ့ငါးဖွဲ့ က အခင်းဖြစ်ပွားရာနေရာသို့ ချက်ချင်းရောက်ရှိခဲ့ကြသည်ဟု ဝန်ကြီးဌာနက ပြောသည်။
မီးလောင်မှုဖြစ်ပွားသည့် ဘိုးဘွားရိပ်သာ၌ သက်ကြီးရွယ်အို အများစုမှာ ၆၀ ဝန်းကျင်များဖြစ်ကြသည်။ သက်ကြီးရွယ်အိုများကို ကယ်ထုတ်နိုင်ခဲ့ပြီး မီးကိုလည်း ငြှိမ်းသတ်နိုင်ခဲ့သည်ဟု ဝန်ကြီး ဌာနက ပြောသည်။ ကနဦးရရှိသည့်အချက်အလက်များအရ ခေါင်မိုးမှ မီးစတင်လောင်ခဲ့ခြင်းဖြစ်ပြီး တတိယထပ်တွင် မီးကူး စက်ခဲ့ကြောင်းနှင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေဆဲဖြစ်ကြောင်း သိရသည်။
ဆင်ဟွာ