ဗီရီယွန်အမှုန်ပိုးမွှားလေးနှင့် ယှဉ်တွဲနေထိုင်ခြင်း

Type

 

သူရိန်သော်

ကမ္ဘာကြီးကို ဒုက္ခတွေအပြုံလိုက်ပေးနေတဲ့ ကိုရိုနာ ဗိုင်းရပ်စ် (ကိုဗစ် - ၁၉) ကြောင့်  ကမ္ဘာ့လူဦးရေ ၁၈၉ သန်းလောက် ကူးစက်ခံနေရပါတယ်။ နေ့စဉ် စာရင်းဇယားတွေအရ  လေးသန်းကျော်   သေဆုံး ခဲ့ကြရပါတယ်။ 


အသေးငယ်ဆုံးအမှုန်တွေကို တိုင်းတာရာမှာ နာနိုမီတာနဲ့ တိုင်းတာကြပါတယ်။ တစ်မီတာရဲ့ သန်းတစ်ထောင်ပုံ  တစ်ပုံကို   တစ်နာနိုမီတာလို့ ခေါ်ပါတယ်။ ကိုဗစ် - ၁၉ ရဲ့ အရွယ်က ၉၀ နာနို မီတာ ရှိပါတယ်။ သူ့ကို  ဗီရီယွန်အရွယ်အစားလို့ သတ်မှတ်ပါတယ်။ အဲဒီ ဗီရီယွန်အမှုန် ပိုးမွှားလေး တွေက   လူ့ကိုယ်အတွင်းမှာရှိတဲ့   အဆုတ်ထဲက ဆဲလ်ရဲ့ ပမာဏအားဖြင့် တစ်သန်းပုံတစ်ပုံပဲရှိတာပါ။ ဒါပေမယ့် အဆုတ်တစ်ခုလုံးကို ပွားများချုပ်ကိုင်ပြီး နှိပ်စက်မှုကတော့ အံ့မခန်းပါပဲ။ ဝူဟန်မြို့က စလိုက် တဲ့ ကိုရိုနာဗိုင်းရပ်စ်ကနေ မျိုးရိုးဗီဇတွေထပ်ပြောင်း ပြီး ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်းစသည် ဖြင့် လူတွေကို အစုလိုက်အပြုံလိုက်   ကူးစက်စေ တော့တာပဲ မဟုတ်ပါလား။


တစ်ကမ္ဘာလုံးနဲ့   အိမ်နီးချင်းနိုင်ငံတွေမှာပါ ကိုဗစ်ဒဏ်ကို ခံစားနေကြရသလို မိမိတို့နိုင်ငံမှာ လည်း ပြည်သူတွေ မနည်းကြံ့ကြံ့ခံ ခုခံနေကြရပါ တယ်။ ရောဂါပိုးတိုက်ခိုက်မှုတွေကြောင့် အနံ့မရ တော့တဲ့လူနာ၊ အဖျားငွေ့ငွေ့နဲ့ ကိုယ်လက်မအီမသာ ဖြစ်တဲ့လူနာကနေ  ပြင်းထန်တဲ့   အဆုတ်ရောင် ဝေဒနာကိုခံစားရပြီး    အသက်တစ်ခါရှူဖို့အရေး ခက်ခက်ခဲခဲနဲ့ဖြတ်သန်းနေကြရတဲ့    လူနာတွေ လည်း အများကြီးမြင်တွေ့ရပါတယ်။ CDM လှုပ်ရှား မှုတွေနဲ့ တိုင်းပြည်ကျန်းမာရေးဝန်ဆောင်မှုကဏ္ဍမှာ ဆရာဝန်အင်အားကနည်းပါးရတဲ့အထဲ ဆေးရုံ တွေမှာ ကိုဗစ်လူနာတွေ များပြားနေတာကြောင့် နိုင်ငံတော်က ရသမျှနည်းလမ်းတွေ  အသုံးပြုပြီး ကိုဗစ်ကုသရေးစင်တာတွေကို   ကြိုးစားဖွင့်လှစ် နေတာ၊ အောက်ဆီဂျင်ဘူးတွေ   ရနိုင်သလောက် ဖြည့်တင်းနေတာတွေကိုလည်း မြင်တွေ့ရပါတယ်။ 
နိုင်ငံပိုင်မီဒီယာတွေမှာ ကိုဗစ်နဲ့ပတ်သက်ပြီး ကာကွယ်နိုင်မယ့်နည်းလမ်းတွေ၊ သတိပေးချက် တွေ၊ ထုတ်ပြန်ချက်တွေနဲ့ ကိုဗစ်တွေ့ရှိမှု စာရင်း ဇယားတွေကို နေ့စဉ်နဲ့အမျှ ထုတ်ပြန်သတိပေးနေ တာကို မြင်တွေ့ရပါတယ်။ 


နိုင်ငံတကာက စာရင်းဇယားတွေနဲ့   ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာနက  ထုတ်ပြန်တဲ့ အချက်အလက်တွေအရ    ကာကွယ်ဆေးထိုးမှု ဖြန့်ကြက်အောင်မြင်တဲ့ နိုင်ငံအများစုမှာ သေဆုံးမှု နှုန်းနည်းပြီး    ကာကွယ်ဆေးထိုးမှုအားနည်းတဲ့ နိုင်ငံတွေက အသေအဆုံး  ပိုမိုများပြားနေတာကို လည်း မြင်တွေ့ရပါတယ်။ ပညာရှင်တွေရဲ့ သတိ ပေးချက်တွေအရ ကာကွယ်ဆေးထိုးနှံထားသူတွေ က ဆေးမထိုးသူတွေထက်ပိုပြီး ရောဂါကို ခံနိုင်ရည် ရှိတယ်ဆိုတာကတော့ အသေအချာပဲ ဖြစ်ပါတယ်။ 


 အိုင်ဇိုလေးရှင်းနဲ့ ကျော်ဖြတ်မယ်


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကနေ ကိုဗစ်တတိယလှိုင်းအတွက် ကာကွယ်တားဆီးဖို့ ကြေညာချက်တွေထုတ်ပြန်ထားပါတယ်။ အဲဒီအရာ တွေကို တိတိကျကျလိုက်နာဖို့က အထူးအရေးကြီး ပါတယ်။ ကပ်ရောဂါတွေဟာ တောမီးလောင်ကျွမ်း တာနဲ့ အလားတူပါတယ်။ အချိန်အမြန်ဆုံးမီးငြှိမ်း သတ်နိုင်မှ အပျက်အစီး၊ အလေအလွင့်နည်းပါးမှာ ဖြစ်ပြီး မီးကိုထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် သတ်မှတ်သတိပေးထားတဲ့ ကြေညာချက်၊ လမ်းညွှန် ချက်တွေကို လိုက်နာကြဖို့သင့်ပါတယ်။ အဲဒီအထဲမှာ သီးခြားခွဲထားခြင်းကတော့ အခုလို ကိုဗစ်ပိုးရှိသူ များပြားတဲ့ကာလမှာ   အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။


ကိုဗစ်ကူးစက်ခံရသူတွေအနက် ၁၅ ရာခိုင်နှုန်း လောက်ကသာ ဆေးရုံမှာ    စောင့်ရှောက်ကုသဖို့ လိုအပ်ပြီး အဲဒီထဲကမှ ငါးရာခိုင်နှုန်းလောက်ကသာ အထူးကြပ်မတ်ခန်းတွေမှာ        လိုအပ်တာတွေ ဖြည့်ဆည်းကုသပေးဖို့   လိုအပ်တာဖြစ်ပါတယ်။ ကျန်တဲ့ ကိုယ်ခံအားကောင်းမွန်ပြီး ရောဂါအခံမရှိ သူတွေအတွက်က အာဟာရပြည့်အောင်စားသုံးပြီး ကိုယ်ခံစွမ်းအားမြှင့်တင်ရုံနဲ့ ကိုဗစ်ကို အောင်အောင် မြင်မြင် ကျော်ဖြတ်နိုင်ပါတယ်။ အဲဒီနေရာမှာ မိမိ ကိုယ်တိုင်၊ မိသားစုဝင်တွေမှာ ကိုဗစ်သံသယရှိစရာ ချောင်းဆိုးမယ်၊ ဖျားနာမယ်၊ ကိုယ်လက်မအီမသာ  ကိုက်ခဲမယ်၊ လည်ချောင်းနာမယ်၊ ပင်ပန်းနွမ်းနယ် မယ်၊ နှာချေပြီး ခေါင်းကိုက်မယ်၊ မျက်စိတွေ နီမြန်း ပြီး တုပ်ကွေးဆန်တဲ့   ဝေဒနာမျိုးတွေ   ခံစားရမယ် ဆိုရင် လူတွေနဲ့ထိစပ်မှုမရှိအောင်နေထိုင်ပြီး  ရောဂါ ထိန်းချုပ်ကြဖို့ လိုအပ်တာကို သတိပြုစေလိုပါတယ်။  


မိသားစုဝင်ချင်း၊ အိမ်နီးနားချင်းနဲ့ မိမိလုပ်ဖော် ကိုင်ဖက်တွေဆီကို ရောဂါမဖြန့်ဝေမိစေဖို့အတွက် သီးခြားနေထိုင်တဲ့အမူအကျင့် Isolation ကို မဖြစ် မနေကျင့်သုံးရမှာ ဖြစ်ပါတယ်။ နေထိုင်စဉ်မှာလည်း တစ်ဦးတည်းနေထိုင်ရတဲ့အတွက် ရောဂါအပေါ် ကြောက်စိတ်ပေါ်ပေါက်တာ၊   အဆက်အသွယ် ပြတ်တောက်တဲ့အတွက်       ပျင်းရိငြီးငွေ့တာ၊ စိတ်ညစ်ညူးတာနဲ့ စိတ်ပိုင်းဆိုင်ရာသက်ရောက်မှု (Cabin Fever) ရရှိတတ်တာကိုလည်း သတိပြုဖို့ လိုပါတယ်။ ဒါကို (Quarantine Claustophobia)လို့ ခေါ်ပါတယ်။ အဲဒီလိုမဖြစ်စေဖို့အတွက် ဘာသာ ရေးလုပ်ဆောင်တာဖြစ်ဖြစ်၊ ဝါသနာပါတဲ့ လက်မှု ပညာတစ်ခုခုကိုဖြစ်ဖြစ်၊ တရားထိုင်၊ စာဖတ်၊ စာရေး တာဖြစ်ဖြစ်နဲ့  ပေါ့ပေါ့ပါးပါး ကိုယ်လက်လှုပ်ရှားတာ မျိုးတွေနဲ့ အာရုံလွှဲပြောင်းပြီး မိမိစိတ်ကို အေးချမ်း အောင်နေထိုင်ခြင်းကနေ သွေးတွင်းအောက်ဆီဂျင် ပြည့်ဝစေရုံသာမက         ရောဂါဝေဒနာကိုလည်း အထိုက်အလျောက် လျော့ပါးသက်သာစေမှာ ဖြစ်ပါ တယ်။


 မှန်ကန်တဲ့ကုသမှုခံယူ


၂၀၁၉  ကောလ်စင်တာလိုမျိုး   အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုကို အွန်လိုင်း ဒါမှမဟုတ် ဖုန်းကနေတစ်ဆင့် ရယူနိုင်တာကိုသိရှိပြီး အချိန်မီ ဆက်သွယ်အကူအညီ တောင်းခံကြဖို့လည်း လိုအပ် ပါတယ်။ မိမိသဘောနဲ့မိမိ ဆေးသောက်တာကနေ ဆိုးကျိုးတွေရရှိစေတတ်သလို ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ဓာတ်တွေကို ပိုလျှံတဲ့အထိ သောက်သုံး မိရာကနေလည်း  ဆေးကြောင့်လေးတတ်တာကို လည်း သတိပြုရမှာဖြစ်ပါတယ်။ အွန်လိုင်းကနေ ပေါ်ထွက်လာတဲ့ ဆေးနည်းမျိုးစုံဟာ တကယ်တမ်း ရောဂါခံစားရတဲ့အချိန်မှာ အသုံးတည့်ဖို့ ခက်ခဲတာ ကိုလည်းသတိပြုပြီး    ကျန်းမာရေးနည်းစနစ်အမှန် တွေကို လေ့လာကြည့်ရှုကြဖို့ လိုအပ်ပါတယ်။ 


ဥပမာအားဖြင့် ဗီတာမင်ဒီအတွက် ဖြည့်စွက် ဆေးတွေကို များများသောက်သုံးမိရင်၊    ဇင့်ဓာတ် အတွက်မလိုအပ်ဘဲ ဆေးဝါးတွေသောက်သုံးမိရင် ဆေးဒဏ်ကြောင့်  ပင်ပန်းနွမ်းနယ်တာ၊   ဝမ်းပျက် ဝမ်းလျှောဖြစ်တာမျိုးလည်း ကြုံတွေ့ရသလို ဗီတာ မင်စီဓာတ်ပိုလျှံတဲ့အခါ ကျောက်ကပ်လုပ်ဆောင် ချက်တွေကို ထိခိုက်စေနိုင်တာမျိုးကိုလည်း သတိပြု ဖို့လိုအပ်ပါတယ်။  အောက်ဆီဂျင်လိုအပ်တဲ့ပမာဏ ထက် ပိုမိုတဲ့အတွက်  အဆိပ်သင့်တာနဲ့   သန့်ရှင်း တဲ့   အောက်ဆီဂျင်မဟုတ်ဘဲ  ထည့်လာတဲ့အိုးတွေ မသန့်ရှင်းတာ၊ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းသန့်ရှင်း မှုမရှိတာတွေကြောင့်လည်း        အန္တရာယ်ရှိနိုင်ပါ တယ်။ ဒါကြောင့် ကျွမ်းကျင်တဲ့ ဆရာဝန်တွေထံကို ဆက်သွယ်အကူအညီတောင်းတာ၊ အဝေးရောက်ဆေးကုသမှုအကြံဉာဏ်ယူတာမျိုးတွေကို   မပြတ် လုပ်ဆောင်သင့်ပါတယ်။ 


 ပြည်သူ့ကျန်းမာရေးစနစ်ကို 
 တိတိကျကျပူးပေါင်းပါဝင်ပါ


ထို့အတူ မှန်ကန်တဲ့ ကျန်းမာရေးစောင့်ရှောက် မှုကိုရရှိစေဖို့ ကျန်းမာရေးဌာနတွေရဲ့ လမ်းညွှန်ချက် တွေကို     တိတိကျကျလိုက်နာဖို့လိုအပ်ပါတယ်။ မည်သူမဆို ကိုဗစ်လက္ခဏာတွေ ပေါ်ပေါက်လာပြီ၊ ဒါမှမဟုတ်   ဝေဒနာရှင်နဲ့    နီးနီးကပ်ကပ်ထိစပ်မှု ရှိထားပြီဆိုတာနဲ့ မိမိနေထိုင်တဲ့ ဒေသန္တရကျန်းမာ ရေးဌာနတွေဆီကို    အကြောင်းကြားဖို့လိုအပ်ပါ တယ်။ ဒါမှလည်း ကျန်းမာရေးဘက်က ဆောင်ရွက် သင့်တာတွေကို  ကြိုတင်ပြင်ဆင်ဖို့   လွယ်ကူမှာ ဖြစ်ပါတယ်။ အခုရက်ပိုင်းအတွင်း ဆေးရုံတွေဆီ အရေးပေါ်အခြေအနေကျမှ ပြေးကြတဲ့အခါ အချိန် လွန်သွားတာ၊ လူနာအရေအတွက်များပြားမှုကြောင့် အသက်မမီတာမျိုးကိုလည်း မကြာခဏတွေ့ရှိနေ ကြရပါတယ်။ ဒါတွေဟာ လူနာနဲ့လူနာရှင်ဘက်က ကြိုတင်ပြင်ဆင်မှုအားနည်းခဲ့ရခြင်းရဲ့ အကျိုးဆက် တစ်ခုလည်းဖြစ်ပါတယ်။
ရောဂါသံသယရှိတာနဲ့ သက်ဆိုင်ရာ  မြို့နယ် ကျန်းမာရေးဌာနတွေကို    မဖြစ်မနေဆက်သွယ် ထားရမှာဖြစ်ပါတယ်။ အဲဒီကနေ ဓာတ်ခွဲစမ်းသပ်မှု တွေကို ကျန်းမာရေးက ဆက်သွယ်ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။          


မိမိကိုယ်တိုင်ခံစားရတဲ့ အတွေ့အကြုံအရကတော့ ကျန်းမာရေးကို   သတင်းပို့ပြီး တာနဲ့ တစ်ရက်အတွင်း လူနာတင်ကားစေလွှတ်ပြီး ရောဂါဓာတ်ခွဲစမ်းသပ်ခွင့် ရရှိပါတယ်။ အဖြေသိရှိရပြီး ရောဂါပိုးတွေ့ရှိရင် စင်တာတွေထံ စေလွှတ်ပါတယ်။ ထိတွေ့ဆက်စပ်သူ တွေကတော့   ကွာရန်တင်းစင်တာတွေမှာ နေထိုင်သူ ရှိသလို မိမိနေအိမ်မှာပဲ   အသွားအလာကန့်သတ် စောင့်ကြည့်ရတာ မျိုးရှိပါတယ်။ အရေးပေါ်ပြင်းထန် ကိုဗစ်လက္ခဏာ ခံစားနေရသူတွေကတော့    နီးစပ်ရာ ကျန်းမာရေးဌာနတွေက လက်ခံကုသပေးပါတယ်။ ဒါကြောင့် အချိန်မလွန်ခင် ကုသရေးနည်းလမ်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ရမယ့်ကိစ္စတွေကို    ပြင်ဆင် လေ့လာထားသင့်ပါတယ်။


  မိမိကိုယ်ကိုမိမိ      သံသယရှိလာပြီဆိုတာနဲ့ တစ်ဦးချင်းတစ်ယောက်ချင်းက    တာဝန်သိသိနဲ့ သတိထားနေထိုင်ဖို့ လိုအပ်သလို၊ ရောဂါနဲ့ ထိစပ်မှု ရှိသူတွေနဲ့ အတူယှဉ်တွဲ တစ်အိမ်တည်းနေကြရသူ တွေအဖို့ မျက်စိ၊ ပါးစပ်နဲ့နှာခေါင်းအတွင်း ရောဂါ မဝင်ရောက်စေရေး အထူးဂရုပြုကြရမှာ ဖြစ်ပါတယ်။ အခုနောက်ပိုင်း လူမှုကွန်ရက်မှာ သေဆုံးသူမိသားစု ဝင်တွေ၊   ရောဂါပြင်းထန်တဲ့   မိသားစုဝင်တွေကို   ပြုစုလုပ်ကိုင်ပေးနေရသူတွေအများစုက   ရောဂါ ကူးစက်ခံနေရပြီး အဲဒါကို ကျန်းမာရေးအသိအမြင်နဲ့ ထိန်းချုပ်မှုအားနည်းနေတာကိုလည်း   မြင်တွေ့ရ ပါတယ်။     မိမိကိုယ်တွင်းထဲက    ကိုဗစ်ပိုးသည် မည်သူ့ထံမျှ ထပ်မံမရောက်ရှိစေရဆိုတဲ့ စိတ်ဓာတ် ခွန်အားမျိုး ထည့်သွင်းခြင်းကနေ လူမှုအသိုက်အဝန်း ကို တစ်တပ်တစ်အား  ကယ်တင်ပေးဖို့   လိုအပ် ပါတယ်။ 


အကုသိုလ်နည်းနိုင်သမျှနည်းအောင်


ပူလောင်မှုဒေါသနဲ့ကြုံလာတဲ့အခါ နှလုံးခုန်နှုန်း တွေ မြန်လာတာ၊ ကယ်လိုရီတွေလောင်ကျွမ်းပြီး ဦးနှောက်နဲ့ နှလုံးတို့ မြန်မြန်သွက်သွက်    အလုပ် လုပ်ကြရပါတယ်။ စိတ်မြန်လက်မြန်နဲ့  လှုပ်ရှားမှု များပြားသူတွေဟာလည်း         လောင်စာအဖြစ် သွေးတွင်း အောက်ဆီဂျင်အကျမြန်စေတဲ့အတွက် ကိုဗစ်နဲ့ကြုံနေရသူအပေါင်းက   စိတ်တည်ငြိမ် အေးချမ်းမှုကို တည်ဆောက်ပွားများတတ်အောင် လေ့ကျင့်ထားကြဖို့လိုအပ်ပါတယ်။ သို့မှသာ မှန်ကန် တဲ့ဆုံးဖြတ်ချက်တွေ ချမှတ်ရာ၊   ဆေးကုသမှုခံယူ ရာတွေမှာ ပိုမိုလွယ်ကူနိုင်သလို အောက်ဆီဂျင်ကို ခန္ဓာကိုယ်က   လိုအပ်ချက်ကိုလည်း    အထိုက် အလျောက်လျော့ပါးစေမှာ ဖြစ်ပါတယ်။ သွေးတွင်း အောက်ဆီဂျင်လိုအပ်ချက်တွေကို   ကျန်းမာရေး တာဝန်ရှိသူတွေရဲ့ ပညာပေးနည်းလမ်းတွေအတိုင်း လိုက်နာထိန်းညှိကြရင်း   ကြံ့ကြံ့ခံကျော်ဖြတ်နိုင် ကြဖို့ ကြိုးစားရမှာဖြစ်ပါတယ်။ 


ကာကွယ်ဆေး     ထိုးနှံထားသူတွေကလည်း ကိုဗစ်ရဲ့ကူးစက်မှုကို ရှောင်လွှဲလို့မရပါဘူး။ သို့သော် ရာခိုင်နှုန်းအတော်များများ        ပိုးရဲ့တိုက်ခိုက်မှုကို ကျော်လွှားဖြတ်သန်းနိုင်ကြပါတယ်။ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းတွေ နိုင်ငံတော်က စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ချိန်မှာ ကာကွယ်ဆေးမထိုးဖို့ အဖျက် လုပ်ရပ် လုပ်ကြသူအပေါင်းတို့လည်း      လက်ရှိ ကြုံတွေ့နေရတဲ့ ကိုဗစ်တတိယလှိုင်းကို မြင်ယောင် ရင်း  ရှေ့ဆက်မယ့် ကာကွယ်ဆေးထိုးလုပ်ငန်းစဉ် တွေမှာ ပူးပေါင်းဆောင်ရွက်သွားကြလိမ့်မယ်လို့ မျှော်လင့်ရင်း   ကိုဗစ်-၁၉ကို    ကြံ့ကြံ့ခံနိုင်ရည် ရှိအောင် ကြိုးစားဖြတ်ကျော်ကြဖို့   မျှော်လင့်မိပါ ကြောင်း။      ။