ဗီယက်နမ် ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲတွင် အိမ်ရှင်ဗီယက်နမ်ကို မြန်မာ ရှုံးနိမ့်

 

ရန်ကုန်  ဩဂုတ်  ၅


ဗီယက်နမ် ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲ အုပ်စုပထမနေ့ကို သြဂုတ် ၅ ရက်က ဗီယက်နမ်နိုင်ငံ ဘင်ဒေါင်းမြို့၌ စတင်ကျင်းပရာ မြန်မာအသင်းသည် အိမ်ရှင်ဗီယက်နမ်အသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အရေးနိမ့်ခဲ့သည်။

 


မြန်မာအသင်းသည် အဖွင့်ပွဲတွင် ရလဒ်ကောင်းရန် ကြိုးပမ်းခဲ့သော် လည်း   အိမ်ရှင်ဗီယက်နမ်အသင်းက  ပထမပိုင်းတွင်သွင်းယူသည့် ဂိုးများဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။  ဒုတိယပိုင်းတွင် မြန်မာအသင်း  ချေပဂိုးရရန်  ကြိုးပမ်းခဲ့သော်လည်း ဂိုးပြန်မသွင်းနိုင် သဖြင့် အရှုံးဖြင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။ 

 


အုပ်စုပထမနေ့ အခြားပွဲတွင် မလေးရှားအသင်းနှင့် ထိုင်းအသင်းတို့ ဂိုးမရှိသရေကျခဲ့သည်။    အုပ်စုဒုတိယနေ့ကို  သြဂုတ် ၇ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာနှင့် ထိုင်း၊ အိမ်ရှင်ဗီယက်နမ်နှင့် မလေးရှားအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။          

ရဲရင့်လွင်