
၂၀၂၂ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ် ပြိုင်ပွဲ အုပ်စု (က) စတုတ္ထနေ့ကို ဇူလိုင် ၈ ရက်က အင်ဒိုနီးရှားနိုင်ငံ၌ ဆက် လက်ကျင်းပရာ မြန်မာအသင်းသည် ဗီယက်နမ်အသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အရေးနိမ့်ပြီး အုပ်စုမှထွက်ရန် သေချာ သွားခဲ့သည်။ အုပ်စုကျပ်အတွင်း ကျရောက်ခဲ့သည့် မြန်မာအသင်းသည် ဆီမီးဖိုင်နယ်တက်ရောက်ရေး အဓိက ပြိုင်ဘက်များနှင့်တွေ့ဆုံရာတွင် ရလဒ် ကောင်းရယူနိုင်ခြင်းမရှိသဖြင့် လက်ကျန် တစ်ပွဲအလိုတွင် အုပ်စုအဆင့်မှထွက်ရန် သေချာသွားခဲ့ခြင်းဖြစ်သည်။
ယခုပွဲမှာ ဆီမီးဖိုင်နယ်တက် ရောက်ရေး အရေးပါသည့်ပွဲဖြစ်သော် လည်း ဗီယက်နမ်ကိုအရေးနိမ့်ခဲ့သည့် အပြင် ထိုင်းအသင်းကလည်း ဘရူနိုင်း ကို အနိုင်ရခဲ့သဖြင့် မြန်မာအသင်း အနေဖြင့် အင်ဒိုနီးရှားနှင့်ကစားရန် ကျန်သေးသော်လည်း အုပ်စုအဆင့်မှ ထွက်ရန် သေချာသွားခြင်းဖြစ် သည်။ မြန်မာအသင်းသည် ပွဲထွက်လူစာရင်း ကို အပြောင်းအလဲအချို့ပြုလုပ်ခဲ့ပြီး ဟိန်းထက်စိုး(ဂိုး) လန်းဆန်းအောင်၊ အာကာကျော်၊ ဇော်ဝင်းသိန်း၊ ချစ်အေး၊ မိုးဆွေ၊ လမင်းထွေး၊ ဟိန်းဇော်နိုင်၊ ထွန်းထွန်းသိန်း၊ ဥက္ကာကျော်၊ ခန့်ဇင်ဟိန်းတို့ဖြင့် ပွဲထွက်ခဲ့သည်။ မြန်မာအသင်းသည် ရလဒ်ကောင်းရယူ နိုင်ရန် ကြိုးပမ်းခဲ့သော်လည်း ပွဲအစမှာ ပင် ဂိုးပေးလိုက်ရသဖြင့် ခက်ခက် ခဲခဲကစားခဲ့ရသည်။ ပွဲအစသုံးမိနစ်တွင် သွင်းယူသည့် ငုယင်ကွမ်ဗီယက်၏ ဂိုးဖြင့် ပထမပိုင်းအပြီးတွင် ဗီယက်နမ် အသင်းက အနိုင်ရနေသည်။ မြန်မာ အသင်းသည် ပထမပိုင်းကတည်းက ချေပဂိုးပြန်ရရန် ကြိုးပမ်းခဲ့သော်လည်း အဆုံးသတ် အားနည်းမှုကြောင့် ရုန်းကန်ခဲ့ရပြီး ၅၃ မိနစ်တွင် ဗန်ခိုင်၊ မိနစ် ၉၀ တွင် ငုယင်ကွမ်ဗီယက်တို့က ဗီယက်နမ်အတွက် ဂိုးများသွင်းယူခဲ့ သည်။ မြန်မာအသင်းအတွက် နှစ်သိမ့် ဂိုး တစ်ဂိုးကို ၉၀+၄ မိနစ်တွင် လမင်းထွေးက သွင်းယူခဲ့သည်။
မြန်မာအသင်းသည် အုပ်စုနောက် ဆုံးပွဲအဖြစ် ဇူလိုင် ၁၀ ရက်တွင် အင်ဒို နီးရှားအသင်းနှင့် ကစားရမည်ဖြစ် သည်။ မြန်မာအသင်းသည် လေးပွဲ ကစား ခြောက်မှတ်သာရရှိပြီး ထိုင်းနှင့် ဗီယက်နမ်အသင်းတို့မှာ လေးပွဲကစား ၁၀ မှတ်စီရရှိထားသည်။
သတင်း - ရဲရင့်လွင်
ဓာတ်ပုံ - MFF