ဗြိတိန်နိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၀၀၀၄ ဦးရှိ

လန်ဒန်    နိုဝင်ဘာ  ၂၂


ဗြိတိန်နိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၀၀၀၄  ဦးရှိခြင်းကြောင့် နိုင်ငံတစ်ဝန်း ကူးစက်ခံရသူပေါင်း   ၉၈၄၅၄၉၂   ဦးရှိလာကြောင်း  ယနေ့သတင်းများအရ သိရသည်။


ထို့ပြင် ဗြိတိန်နိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၆၁ ဦးထပ်မံတွေ့ရှိခြင်းကြောင့်  လက်ရှိတွင်  သေဆုံးသူပေါင်း ၁၄၃၉၂၇ ဦးရှိလာကြောင်းနှင့်  ဆေးရုံများတွင် ဆေးဝါးကုသမှုခံယူလျက်ရှိသည့် ကိုဗစ်-၁၉  ရောဂါ  လူနာ ၈၀၇၉ ဦးရှိကြောင်း သိရသည်။


ဗြိတိန်နိုင်ငံ၌ အသက် ၁၂ နှစ်နှင့်အထက် အသက်အရွယ်ရှိသူအားလုံး၏  ၈၀ ရာခိုင်နှုန်းကျော်သည် ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးနှစ်ကြိမ်   ထိုးနှံမှုခံယူပြီး ဖြစ်ကြောင်းနှင့် ၈၈ ရာခိုင်နှုန်းကျော်သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ် ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း သိရသည်။


လက်ရှိတွင် ဗြိတိန်နိုင်ငံ၌ အသက် ၁၂ နှစ်နှင့်အထက် အသက်အရွယ်ရှိသူအားလုံး၏ ၂၆   ရာခိုင်နှုန်းကျော်သည်   ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေး    တတိယအကြိမ်  အပိုဆောင်းထိုးနှံမှုခံယူပြီးဖြစ်ကြောင်းလည်း သိရသည်။          

 ကိုးကား- ဆင်ဟွာ 
ဘာသာပြန်- အလင်းသစ်