
ဗြိတိန်နံပါတ်တစ်တင်းနစ်မယ် ကေတီဘော်လ် တာ သည် ကနေဒါအိုးပင်းတင်းနစ်ပြိုင်ပွဲ ၁၆ ဦးအဆင့် သို့ တက်လှမ်းနိုင်ခဲ့ကြောင်း သိရသည်။
၎င်းသည် ကနေဒါအိုးပင်းပြိုင်ပွဲ ၃၂ ဦးအဆင့်တွင် ဘရာဇီးတင်းနစ်မယ် ဟာဒက်မာရီယာနှင့် တွေ့ဆုံ ခဲ့ရာ ပြိုင်ဘက်မှာ ဒဏ်ရာရရှိပြီး ဆက်လက် ယှဉ် ပြိုင်နိုင်ခြင်းမရှိတော့သည့်အတွက် နောက်တစ်ဆင့် သို့ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။
ဘော်လ်တာသည် အဆိုပါ ပြိုင်ပွဲ ၆၄ ဦးအဆင့် တွင် အမေရိကန်တင်းနစ်မယ် ပီရာနှင့် တွေ့ဆုံခဲ့ ပြီး ၆-၄၊ ၃-၆၊ ၆-၁ ရလဒ်ဖြင့် နိုင်ပွဲရရှိထားသည်။ ၎င်းသည် ကနေဒါအိုးပင်းပြိုင်ပွဲ ၁၆ ဦးအဆင့်တွင် နာမည်ကြီး ဘယ်လာရုစ်တင်းနစ်မယ် ရွိုင်နာ ဆဘယ် လင်ကာနှင့် ယှဉ်ပြိုင်ကစားသွားရမည် ဖြစ်သည်။ ဘော်လ်တာနှင့်အတူ ကနေဒါအိုးပင်းပြိုင်ပွဲ ၁၆ ဦးအဆင့်သို့ နာမည်ကြီး ပဲဂူလာ၊ မာတင်စ်၊ ကိုကို ဂါ့ဖ်၊ ဗစ်တိုးရီးယား အဇာရင်ကာတို့ တက်လှမ်းနိုင် ခဲ့သည်။
မိုးဇက် - စုစည်းသည်