
နေပြည်တော် အောက်တိုဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ်ရှိ ကမ္ဘောဇဘဏ်အား အမျိုးသား ခြောက်ဦး (စိစစ်ဆဲ)က သေနတ်ပြ ခြိမ်းခြောက်ကာ ငွေကျပ်သိန်း ၃၀၀၀ ကျော် လုယက်ယူဆောင်သွားခဲ့ကြောင်း သိရ သည်။
ဖြစ်စဉ်မှာ ယနေ့ မွန်းလွဲ ၁၂ နာရီ မိနစ်၄၀ တွင် ရန်ကုန်တိုင်းဒေသ ကြီး ဗိုလ်တထောင်မြို့နယ် အမှတ်(၉)ရပ်ကွက်၊ ၄၈ လမ်းနှင့် မဟာ ဗန္ဓုလလမ်းထောင့်ရှိ ကမ္ဘောဇဘဏ်သို့ အမျိုးသားခြောက်ဦးရောက်ရှိ လာပြီး ဘဏ်အတွင်းသို့ဝင်ရောက်ကာ ဘဏ်တံခါးများပိတ်၍ ဘဏ်ဝန်ထမ်းများနှင့် ဘဏ်အတွင်းရှိနေသူများကို သေနတ်ပြ ခြိမ်းခြောက်ကာ ကောင်တာစားပွဲပေါ်ရှိ ငွေကျပ်သိန်း ၃၀၀၀ ကျော် ယူဆောင်၍ ဘဏ်အတွင်းရှိ ငွေလာရောက် အပ်နှံ/ထုတ်ယူသူများ၏ လက်ကိုင်ဖုန်းခြောက်လုံးကို လုယက်ယူဆောင်ပြီး ၁၅ မိနစ်အကြာ တွင် ယာဉ်အမှတ် (စိစစ်ဆဲ) Toyota Fielder အဖြူရောင်ယာဉ်ဖြင့် ဘဏ်မှ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။
ဖြစ်စဉ်တွင် ဘဏ်လုယက်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ် ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က အသေးစိတ် ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်