ဗန်းမောက်မြို့နယ်၌ တရားမဝင်ကျွန်းသစ်ခွဲသားဆိုဒ်စုံ လေးတန်ကျော်နှင့် သယ်ဆောင်လာသူ လေးဦးတို့ကို ဖမ်းဆီးရမိ

 

ဗန်းမောက်   နိုဝင်ဘာ  ၂၁


စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ် တောင်ပိုင်းဒေသ        လုံးခင်းကျေးရွာဘက်မှ ဗန်းမောက်မြို့ဘက်သို့   ထွက်ခွာလာသော ခြောက်ဘီး မိုးကာအုပ်ယာဉ်ကို မသင်္ကာသဖြင့် ရှာဖွေရာမှ တရားမဝင်ကျွန်းသစ်ခွဲသားဆိုဒ်စုံ လေးတန်ကျော်နှင့်      သယ်ဆောင်လာသူ လေးဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 


ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၁ရက် မွန်းလွဲ ၁ နာရီ မိနစ် ၅၀ ခန့်က ခြောက်ဘီးယာဉ်ဖြင့် တရား မဝင် ကျွန်းသစ်ခွဲသားဆိုဒ်စုံများ သယ်ဆောင် လာကြောင်း သတင်းအရ ဗန်းမောက်မြို့နယ် သစ်တောဦးစီးဌာနမှ   တောအုပ် ဦးနေစိုးနှင့် အဖွဲ့၊ ကသာခရိုင် သစ်တောလုံခြုံရေးတပ်ဖွဲ့၊ တပ်စုမှူး ဒုရဲမှူးခိုင်စိုးထွန်းအဖွဲ့၊ ဗန်းမောက် မြို့မရဲစခန်းမှ ရဲအုပ်ဇော်လင်းထွန်း  (ခေတ္တ စခန်းမှူး)၊ နယ်ထိန်းရဲတပ်ဖွဲ့ဝင်များနှင့်အတူ  သက်သေများပါဝင်သော ပူးပေါင်းအဖွဲ့တို့သည် ဗန်းမောက်မြို့နယ် တောင်ပိုင်းဒေသ လုံးခင်း ကျေးရွာမှ    ဗန်းမောက်မြို့ဘက်သို့   မိုးကာ အုပ်ထားသောယာဉ်အမှတ် SGG-8F/ ----- (စိစစ်ဆဲ)အား တရားမဝင်ကျွန်းသစ်ခွဲသားများ သယ်ဆောင်လာကြောင်း သတင်းအရ လုံးခင်း ကျေးရွာနှင့်       မြစ်သေးချင်းကျေးရွာကြား တွင်  ရပ်တန့်ရှာဖွေစစ်ဆေးရာ  ယာဉ်မောင်း ငြိမ်းချမ်းကျော်(၂၆ နှစ်)(ဘ)ဦးမောင်ကျော်၊ အမှတ်(၅)ရပ်ကွက်   ကသာမြို့  ယာဉ်ပေါ် လိုက်ပါလာသော သူရအောင် (၃၇ နှစ်)(ဘ)ဦးမောင်မြင့်၊ အမှတ်(၉)ရပ်ကွက် ကသာမြို့ လှမျိုးအောင် (၂၇ နှစ်)(ဘ)ဦးတန်စိန်၊ အမှတ် (၅)ရပ်ကွက်   ကသာမြို့နှင့်   နိုင်လင်းထက် (၃၂ နှစ်)(ဘ)ဦးစိုးနိုင်၊  အမှတ်(၅)ရပ်ကွက် ကသာမြို့နေသူတို့ဖြစ်ကြောင်း     သိရပြီး ယာဉ်အား ရှာဖွေစစ်ဆေးရာ ကျွန်းသစ်ခွဲသား ဆိုဒ်စုံ ၁၅၀ ခန့်/လေးတန်ကျော်ခန့် ကာလ တန်ဖိုး ၁၂ သိန်းကျော်တို့ကို စစ်ဆေးတွေ့ရှိ ရသဖြင့်  သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့် ဖမ်းဆီးခဲ့ကြသည်။

 

အဆိုပါဖမ်းဆီးရမိသည့် ကျွန်းသစ်ခွဲသား ဆိုဒ်စုံ၊ မော်တော်ယာဉ်နှင့် တရားခံများအား ဗန်းမောက်မြို့နယ်     သစ်တောဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ကာ ထိန်းသိမ်းထားရှိခဲ့ပြီး သစ်တောဥပဒေအရ အမှုဖွင့်အရေးယူဆောင် ရွက်ထားကြောင်း သိရသည်။


၀၇၈