
နေပြည်တော် အောက်တိုဘာ ၈
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင် သော ပူးပေါင်းအဖွဲ့သည် အောက် တိုဘာ ၇ ရက် နံနက် ၁၀ နာရီတွင် ဗန်းမော်မြို့ နမ့်ဖားရပ်ကွက်နေ ငြိမ်းဇော်ဦး၏နေအိမ်သို့ ဝင်ရောက် ရှာဖွေရာ ၎င်းနှင့်အတူ မဆုသက် ဝေအားတွေ့ရှိရပြီး နေအိမ်အိပ်ခန်း ရှိ လက်ဆွဲအိတ်များအတွင်းမှ ဘိန်းဖြူ ၁ ဒသမ ၅၉ ကီလို၊ စိတ်ကြွ ရူးသွပ်ဆေးပြား ၄၃၇၄၀ သိမ်း ဆည်းရမိခဲ့ကြောင်း၊ ဆက်လက် ၍ စစ်ဆေးပေါ်ပေါက်ချက်အရ ပူးပေါင်းအဖွဲ့က မွန်းလွဲ ၁ နာရီ တွင် ဗန်းမော်မြို့နယ် စင့်ကင် ကျေးရွာ(အထက်စု)နေ မအေးစု ဝင်း၏နေအိမ်သို့ ဝင်ရောက်ရှာဖွေ ရာ ၎င်းနှင့်အတူ ထွန်းထွန်းနိုင်(ခ) ပြားစိန်၊ မချိုဝင်းသိန်း (ခ) အိဖြူ တို့ကိုတွေ့ရှိရပြီး နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀၀၊ မချိုဝင်းသိန်း(ခ)အိဖြူထံမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၄၀၀ ထပ်မံသိမ်း ဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား