
ဆရာကြည်
=======
ဘုရားလောင်းငယ်ဘဝ
ဘုရားလောင်း သားတော်အား ပြုစုစောင့်ရှောက်ရန် သုဒ္ဓေါဒနမင်းကြီးသည် အထိန်းတော် မိန်းမပေါင်း ၂၄၀ ကို ရွေးချယ်ခန့်ထားပါသည်။ သားတော် မွေးဖွားပြီး ခုနစ်ရက်မြောက်သောနေ့တွင် မယ် တော်မာယာသည် စုတေ၍ တုသိသာနတ်ပြည် မှာ “သန္တုဿိတ” မည်သော နတ်သား သွားဖြစ်ပါ သည်။ ယင်းသို့ မယ်တော် စုတေခြင်းကြောင့် ၎င်း၏ညီမတော် မိထွေးတော် မြောက်နန်းစံ မိဖုရား မဟာပဇာပတိ ဂေါတမီသည် သားတော် အရင်း နန္ဒမင်းသားကို နို့ထိန်းတို့ထံ အပ်နှင်း သည်။ ဘုရားလောင်းကို မိမိကိုယ်တိုင် နို့တိုက် သည်။ မွေးမြူ၏။ ပြုစုစောင့်ရှောက်ခဲ့ပါသည်။
လယ်ထွန်မင်္ဂလာပြုလုပ်ခြင်း
ဘုရားလောင်း တစ်လပြည့်သောအခါ သုဒ္ဓေါဒနမင်းကြီးသည် လယ်ထွန်မင်္ဂလာ ကျင်းပ ပါသည်။ ယင်းသို့ လယ်ထွန်မင်္ဂလာ ပြုလုပ်ရာတွင် သားတော်အနီးရှိ ဇမ္ဗုသပြေပင်ကြီးနေရာ၌ သားတော်ကို ခင်းကျင်းကာရံစီမံလျက် အထိန်း တော်မိန်းမများ စောင့်ရှောက်ထားပါသည်။ မင်းကြီး သည် လယ်ထွန်မင်္ဂလာသဘင်ကို ရှုမျှော်လျက် မေ့လျော့နေပါသည်။ ထိုအချိန်၌ ဘုရားလောင်း သားငယ်သည် ၎င်းထားသောနေရာ၌ တင်ပျဉ် ခွေထိုင်လျက် အာနာပါနကမ္မဋ္ဌာန်းကို နှလုံးသွင်း၍ ပထမဈာန်ဝင်စားတော်မူ၏။ ယင်းဘုရားလောင်း သမာပတ်ဝင်စားနေချိန် နံနက်မှ ညနေအထိ သပြေပင်တို့အရိပ်သည် မပြောင်းလဲဘဲ ထီးမိုးထား သကဲ့သို့ တည်နေပါသည်။
ယင်းသို့ အဖြစ်အပျက်များကို အစောင့်ချထား သော မိန်းမများသည် မင်းကြီးအား သွားရောက် လျှောက်ထားကြပါသည်။ ယင်း အခြင်းအရာကို မင်းကြီးမြင်လျှင် အလွန်နှစ်သက်ဝမ်းမြောက်၍ လက်အုပ်ချီ၍ ရှိခိုးလေသည်။ (ဒုတိယအကြိမ် ဖြစ်ပါသည်။)
မင်းကြီးသည် သားတော် ခုနစ်နှစ်အရွယ် သို့ရောက်သော် မင်္ဂလာရေကန်တော်ကို စီမံ ဆောင်ရွက်ခဲ့ပါသည်။ သို့သော် ပြီးမြောက်မှုမရှိဘဲ ဖြစ်နေပါသည်။ ယင်းအကြောင်းအရာကို သိကြားမင်း သိသောအခါ ဝိသကြုံနတ်သားအား တာဝန်ပေး သည်။ မင်္ဂလာရေကန်တော် ဖန်တီးပေးစေလို ကြောင်း စေလွှတ်ခိုင်းစေ၏။ ဝိသကြုံနတ်သား သည် မြို့လေးမျက်နှာကို ညအချိန်တွင် တစ် ဂါဝုတ်မျှကျယ်သော ရေကန်တော်ကို ဘုရားလောင်း အတွက် ဖန်ဆင်းပေးသည်။ ထိုရေကန်သည် ရတနာခုနစ်ပါးဖြင့်ပြီး၏။ ရေကန်ကို အနား၌ ခုနစ်ရစ်သည် တံတိုင်းသုံးထပ် ဖြန့်ကြဲပေးထား၏။ ရေကန်ထဲ၌ ရတနာလှေ၊ ဖောင်သမ္ဗန်များ ဖန်ဆင်း ထား၏။ တလှိုင်လှိုင်မွှေးကြိုင်သော ကြာမျိုး ခုနစ်မျိုးကို တစ်ကန့်စီ အဖူးအငုံတို့ဖြင့် ဝေဆာစွာ ဖန်တီးထား၏။
နံနက်လင်းသောအခါ ထိုရေကန်ကို လူတို့သည် ထူးဆန်းအံ့ဖွယ် တွေ့မြင်ကြ၍ မင်းကြီးအား လျှောက်တင်ကြပါသည်။ မင်းကြီးသည် ဝမ်းမြောက် ဝမ်းသာစွာဖြင့် ကြည့်ရှုပြီး သားတော်၏ ဘုန်းတန်ခိုး တော်ကြောင့် နတ်များဖန်ဆင်းသည်ဟု ဆို၏။ သားတော်ကို ထိုရေကန်၌ အခြွေအရံများဖြင့် ရေကစားစေလေသည်။
ဘုရားလောင်းအတွက် သတို့သမီး ဆက်သရန် ကြေညာခြင်း
ဘုရားလောင်းသည် အသက် ၁၆ နှစ်အရွယ်သို့ ရောက်သည်ရှိသော် မင်းကြီးသည် သားတော်အတွက် ဆောင်း၊ နွေ၊ မိုး သုံးရာသီတွင် စံပျော်နေနိုင်ရန် ရွှေနန်းပြာသာဒ် သုံးဆောင် စီမံသည်။ ဘုံကိုးဆင့်ရှိ ဆောင်းရာသီစံပြာသာဒ်(ရမ္ဘ)၊ နွေရာသီစံဘုံ ငါးဆင့်ရှိ သုရမ္ဘနှင့် ဘုံခုနစ်ဆင့်ရှိသော (သုဘ) နန်းပြာသာဒ်တို့ကို ရာသီအလိုက် ဝတ်စားဆင်ယင် ရန် အဝတ်အစားများနှင့် ပရိဘောဂများ စသည်တို့ကို စီမံဆောင်ရွက်ခဲ့ပါသည်။
ယင်းသို့ စီမံဆောင်ရွက်ပြီးသော နန်းပြာသာဒ် အဆောင်များကို သားတော်အား အပ်နှင်းခဲ့လေသည်။ သုဒ္ဓေါဒနမင်းကြီးသည် သိဒ္ဓတ္ထမင်းသားအား ဘုရား ဖြစ်ရန် မလိုလား၊ စကြာမင်းဖြစ်ရန်သာ လိုလား သည်။ ထို့ကြောင့် နိုင်ငံတော်ကို အုပ်ချုပ်စေချင်သည်။ ဇနီးမယား သားသမီးတို့နှင့် ပျော်ပါးပြီး တောထွက် ခြင်းမလုပ်နိုင်ရန် ကြံစည်တော်မူ၏။ ထို့ကြောင့် ဆွေတော်မျိုးတော်ထံသို့ ရွှေပေလွှာဖြင့် သမီးရတနာ သားတော်နှင့် လက်ထပ်ရန် မှူးမတ်တို့အား ရာဇသံ ဖြင့် ပေးပို့စေခဲ့ပါသည်။
ထိုရာဇသံကို နှစ်ပြည်ထောင်ဖြစ်သော ဒေဝ ဒဟပြည်၊ ကပိလဝတ်ပြည်တို့မှ ဆွေတော်မျိုးတော် များ ကြားရပါသည်။ ဒေဝဒဟပြည့်ရှင် သုပ္ပဗုဒ္ဓမင်း နှင့်တကွ ဆွေတော်မျိုးတော်များက တွေးကြ ပါသည်။ သုဒ္ဓေါဒန၏ သားတော်သည် အဋ္ဌာရသ အတတ်ပညာ ၁၈ရပ်ကိုလည်း မသင်ယူပါ။ နန်းတော် အတွင်း ပုဏ္ဏားများ၏ ဟောပြောမြှောက်စားချက် ဖြင့် မာန်တက်နေခြင်းသာ ဖြစ်သည်။ ရုပ်ဟန်ပန်ချော လှသော်လည်း အတတ်ပညာ မရှိပါ။ ပေါက်ပန်းနှင့် သာတူသည်။ တစ်ဖက်ရန်သူများ တိုက်ခိုက် လာသောအခါ ရှုံးနိမ့်မည်။ ယင်းသို့ တွေးတော ချက်ကြောင့် ၎င်းမင်းသားနှင့် သူတို့သမီး ထိမ်းမြား ပေးရန်မသင့်ဟု တွေးကြပါသည်။
ယင်းသတင်းစကားကို သုဒ္ဓေါဒနမင်းကြီး ကြားသောအခါ သားတော်အား ဆွေတော်မျိုးတော် များ၏ တွေးတောချက်ကို ပြောပြသည်။ ထို့ကြောင့် မင်းတို့တတ်အပ်သော အတတ်ပညာ ၁၈ ရပ်ကို သင်ယူရန် ပြောသည်။ ထိုအခါတွင် သိဒ္ဓတ္ထမင်းသည် သူတတ်သောပညာကို တတ်ကြောင်းပြော၍ ဤနေ့ မှ ခုနစ်ရက်မြောက်တွင် လေးအတတ်ကို ပြပါမည်။ ဖခင် စီမံတော်မူပါဟု ပြောသည်။ ထိုအခါ မင်းကြီး သည် အားရနှစ်သက်တော်မူပါသည်။ မင်းရင်ပြင်၌ ကြီးကျယ်ခမ်းနားသောမဏ္ဍပ်ကို ဆောက်လုပ် စေခဲ့ပါသည်။
ဘုရားလောင်း လေးအတတ်ပညာကို ပြသခန်း
ဘုရားလောင်းသည် ခုနစ်ရက်မြောက် သောနေ့တွင် ကပိလဝတ်ပြည် မှူးမတ်မင်း စသည် ဆုံသောအခါ၌ လေးအတတ်ပညာများကို ပြသ လေသည်။ ထို့ အပြင် ကျော်ကြားသော လေးအတတ် ပညာနှင့် (အက္ခရာဝေဓိ၊ ဝါလဝေဓိ၊ သရဝေဓိ၊ သဒ္ဒ ဝေဓိ) စသည့် လေးသည်ပညာရှင်များကို စုဝေး လျက်၎င်းတို့ရှေ့တွင်ပင် လေးအတတ်ပညာကို ပြသစေပါသည်။ မြားရေး ငယ် ၁၂ ပါး၊ မြားရေးကြီး လေးပါး ပြသလေသည်။ လေးမြားအစွမ်း ခုနစ်ပါး ကိုလည်း ပြသခဲ့ပါသည်။ တစ်မြို့လုံးပဲ့တင်သံထပ်၍ အားပေးကြပါသည်။
ထို့နောက် ဘုရားလောင်းသည် မင်းတကာတို့ တတ်အပ်သောပညာဖြစ်သည့် ဆင်စီး၊ မြင်းစီး၊ စက်မီး၊ ဓားတင်၊ ကာငင်၊ လှံထိုး အတတ်ပညာကို ပြသပါသည်။ လောက၌ မကြားဖူးသော အတတ် ပညာများကို ပြသခဲ့ပါသည်။ လူ၊ နတ်၊ ဗြဟ္မာတို့က ကောင်းချီးသြဘာပေး ချီးမြှောက်သည်။ တစ်လောကလုံး ပဲ့တင်ထပ်သွားလေသည်။
ယသောဓရာနှင့် လက်ထပ်ထိမ်းမြားခြင်း
ယင်းသို့ဖြင့် ဘုရားလောင်း၏ မင်းတို့တတ် အပ်သော ပညာကိုသူတတ်ကြောင်းကို ပြသခဲ့၏။ ထိုပြချက်ကို ဆွေတော်မျိုးတော်တို့က ကောင်းချီး ပေးသည်။ သမီးတော် ကညာများ၊ လက်ဆောင် ပဏ္ဏာများ ဆက်သကြပါသည်။ သမီးတော် လေးသောင်းမျှ ဆက်သပေးလာကြပါသည်။
ဘုရားလောင်းသည် ဒေဝဒဟပြည့်ရှင် သုပ္ပ ဗုဒ္ဓ၏သမီးတော် ဘဒ္ဒကဉ္စနာကို ရွေး၍ “ယသော ဓရာ ဗိမ္မာဒေဝီ”ဟူသော အမည်ဖြင့် ဘိသိက်ခံ၍ နန်းပြာသာဒ် သုံးဆောင်၌ ခံတော်မူလေသည်။ ယသောဓရာ (ဘဒ္ဒကဉ္စနာ) သည် နတ်သမီး တမျှ လှပပါသည်။ ကောင်းခြင်းငါးဖြာ၊ မိန်းမတို့၏ အင်္ဂါနှင့်လည်း ပြည့်စုံပေသည်။ ဤသို့သောအားဖြင့် ဘုရားလောင်းသည် ထီးနန်းစည်းစိမ်ကို ၁၃ နှစ် တိတိ ခံစားခဲ့ပါသည်။
နိမိတ်ကြီးလေးပါးကိုမြင်ခြင်း
ဘုရားလောင်းသည် သက်တော် ၂၈ နှစ် မဟာသက္ကရာဇ် (၉၆) သို့ ရောက်သောအခါ နန်းစည်းစိမ်ကို ခံစားနေစဉ် ဥယျာဉ်တော် လှည့် ချင်သောဆန္ဒတော် ဖြစ်သည်။ ထိုအခါ၌ သိန္ဓော မြင်းလေးကောင်ကသော ရထားဖြင့် ဥယျာဉ် တော်သို့ ထွက်လာခဲ့သည်။ ယင်းသို့အဖြစ်ကို တုသိတာနတ်ပြည်မှ နတ်အပေါင်းတို့သည် ဘုရား လောင်း သံဝေဂရ၍ ရဟန်းပြုချိန်တန်သောကြောင့် ရထားရှေ့တွင် ဇရာအသွင်အဘိုးအိုအဖြစ် “သူအို” ယောင် ဖန်ဆင်း၍ ဘုရားလောင်းနှင့် ရထားမှူး ဆန္နအမတ်တို့သာ မြင်အောင်ပြလေသည်။ ဘုရားလောင်းသည် “သူအို”ကို မြင်လျှင် ရထားမှူး အား “ငါလည်းပဲ တစ်နေ့ ဤ ]သူအို} လို အိုရဦး မည်လား”ဟု မေးသည်။ ရထားမှူးကလည်း သတ္တဝါတိုင်း ထိုသို့ “အို”ရဦးမည်ဟု ဖြေလေသည်။
ဘုရားလောင်းသည် ထိတ်လန့်၍ သံဝေဂရပြီး နန်းတော်သို့ လှည့်ပြန်တော်မူသည်။ ထို အကြောင်း ကို ဖခင် သုဒ္ဓေါဒနမင်းသိသော် ယင်းသို့မမြင်ရ အောင် အစောင့်အရှောက်တို့ကို ပိုချတိုးချဲ့စေ ပါသည်။ ထို့နောက် လေးလကြာပြီးသော် ဘုရား လောင်းသည် မင်္ဂလာဥယျာဉ်တော်သို့ ရထားဖြင့် ထွက်ခဲ့ပြန်ပါသည်။ နတ်တို့ကလည်း ရှေ့နည်းတူ “သူနာ”ယောင်ဆောင်၍ ရထားရှေ့မှ ပြသသည်။ ယင်းအကြောင်းကို ရထားမှူးအား မေးပြန်သည်။ “သတ္တဝါတိုင်း ပြေးမလွတ်ဘဲ ထိုနာသူကဲ့သို့ မိမိ လည်း နာရဦးမည်”ဟု ဖြေကြားပါသည်။ ဘုရားလောင်း လည်း ထိတ်လန့်သံဝေဂရတော်မူပြီး နန်းတော်သို့ လှည့်ပြန်ခဲ့ပါသည်။ b စာမျက်နှာ ၂၀ မှ
နောက် လေးလကြာပြန်သော် အလောင်း တော် မင်္ဂလာဥယျာဉ်တော်သို့ ရထားဖြင့် ထွက်ခဲ့ရာ ရထားရှေ့တွင် “သူသေ” အသွင်ဖန်ဆင်း၍ ရှေ့နည်း အတိုင်း နတ်တို့က ဖန်ဆင်းပြပြန်ပါသည်။ ဘုရား လောင်းလည်း ရထားမှူးအား မေးမြန်းပြန်ပါသည်။ ရထားမှူးကလည်း မိမိတို့ ဤကဲ့သို့ သေရဦးမည်ဟု ဖြေကြားပါသည်။ ဘုရားလောင်း ရှေ့မဆက်ဘဲ နန်းတော်သို့ ပြန်လှည့်ခဲ့ပေသည်။
ထိုအကြောင်းကို မင်းကြီး သိပြန်သည်။ အစောင့်အရှောက်များကို ထပ်တိုးချဲ့ ချထားပြန်ပါ သည်။ လေးလကြာပြန်သော် ဘုရားလောင်းသည် ဥယျာဉ်တော်သို့ ရထားဖြင့်ထွက်လာခဲ့ရာ နတ်တို့က “ရဟန်း” အသွင် ဖန်ဆင်းပြလေသည်။ တစ်ဖန် ရထားမှူးအား မေးပြန်ပါသည်။ ဤသို့သော ကြည်ညိုထူးမြတ်သော “ရဟန်း” အကြောင်းကို ရထားမှူး ရှင်းပြသော် အသိတော်ဝင်ပြီး ဥယျာဉ် တော်၌ ရေကစားသည်၊ နတ်တန်ဆာများကို ဝတ်ဆင်၍ ကျောက်ဖြာထက်တွင် နေလိုသည့်ဆန္ဒ ပေါ်နေသည်။ ယင်းအကြောင်းကို သိကြားမင်းသိ၍ ဝိသကြုံနတ်သားအား စေလွှတ်၍ ဘုရားလောင်း အား မထင်ရှားသောလူအသွင် မင်းသားကို ဝတ်ပေး ခဲ့၏။ ထိုအချိန်၌ မင်းချင်းတစ်ဦးသည် ရောက်လာ ပြီး ယသောဓရာမိဖုရား သားတော်လေး မွေးဖွား သည်ကို လာရောက်သတင်းပို့သည်။
ဘုရားလောင်းကြားရသော် ဇနီးသံယောဇဉ် အပြင် နောက်ထပ်ချည်နှောင်မည့် သံယောဇဉ်ကြိုး သားလေးပေါ်လာသည်။ “လ”ကို ရာဟုဖမ်းသလို ဖမ်းစားတော့မည်ကို မြင်၍ နှလုံးမသာမယာ ဖြစ်တော်မူ၏။ ဘုရားလောင်း၏ စကားသံကို ကြားရသော မင်းကြီးသည် စိတ်နှလုံး ဆင်းရဲရပြန် ပါသည်။ မြေးလေးကိုလည်း “ရာဟုလာ” အမည် ပေးလေသည်။
ကိသာဂေါတမီမင်းသမီး ဥဒါန်း၊ သင်ခန်းစာယူ
ဘုရားလောင်းသည် ညချမ်းချိန်ခါတွင် မင်းလမ်းအတိုင်း နေပြည်တော်သို့ ဗိုလ်ပါများ ခြံရံလျက် ပြန်လာသည်။ ထိုအခါ၌ နန်းပြာသာဒ် ဆောင်သည် လမ်းမဘေးတွင် ရှိသည်။ ၎င်းပြာသာဒ် ပေါ်မှ သာကီဝင်မင်းမျိုးမင်းသမီး ကိသာဂေါတမီသည် ဘုရားလောင်းကို မြင်သောအခါ ချောမောလှပ တင့်တယ်သော အသရေရှိသည်ကို မြင်ရသဖြင့် နှစ်သက် ရွှင်လန်းသွားလေသည်။ ထိုသို့ဖြစ်ခြင်းကြောင့် “ဤကဲ့သို့ မွေးဖွားရသော သား သမီးရသော မိခင်၊ ဖခင်သည် နှလုံးရွှင်လန်းချမ်းမြေ့မည်။ ယင်းသို့သော ဘုန်းကံရှင်ကိုရသော ဇနီးမယားသည် ကြည်ရွှင် အေးငြိမ်းလိမ့်မည်တကား (နိဗ္ဗူတာ)”ဟုဖြင့် ဥဒါန်း ကျူးရင့်သီဆိုသည်။
ယင်းသို့သော် ဥဒါန်းကျူးသံကို ကြားရသော ဘုရားလောင်းသည် ကိသာဂေါတမီ မင်းသမီးသည် သူတွေးခေါ်ယူဆချက်သည် မှားနေသည်။ ရာဂ၊ ဒေါသ၊ မောဟရှိသော သူတို့သည်အပူမငြိမ်း၊ အေးငြိမ်းရွှင်လန်းမှု မရှိနိုင်၊ ဤသို့ မချီးကျူးအပ် သည်မှာ မှားနေသည်။ ယင်းရာဂ၊ ဒေါသ၊ မောဟတို့ ကိုယ်တွင်းမှ ငြိမ်းအေးမှသာ ချမ်းသာနိဗ္ဗာန်ရနိုင် ကြောင်းသိသည်။ ထိုသို့ ကိသာဂေါတမီ မင်းသမီး၏ ဥဒါန်းကျူးရင့်သည့်အပေါ် ဘုရားလောင်းသည် သံဝေဂရ၍ ငါပင် ယနေ့ တောထွက် တရားရှာမှီး တော့မည်ဟု ဆုံးဖြတ်အကြံ ဖြစ်လေသည်။
ထိုသို့ပင် အကြံဖြစ်ပေါ်အောင် သတိပေးသော ကိသာဂေါတမီမင်းသမီးကို ဘုရားလောင်းသည် ကျေးဇူးတင်၍ မိမိလည်တွင် ဆွဲထားသော အဖိုးတစ် သိန်းတန် လည်ဆွဲကို ကိသာဂေါတမီ မင်းသမီးအား ပေးလိုက်၏။ ထိုသို့ပေးသည်ကို ၎င်းမင်းသမီးသည် ဘုရားလောင်းကို အထင်လွဲယူဆသည်မှာ သူ့ကို ချစ်မြတ်နိုးသည်ထင်၏။ ယသောဓရာသည် သားမွေး ၍ အိုပြီဖြစ်သောကြောင့် သူ့အပေါ် ခင်မင်တွယ်တာပြီး မိဖုရားမြှောက်မည်ထင်၍ ရွှင်လန်းဝမ်းမြောက် နေလေသည်။
မင်းဖြစ်ချိန်
ဖွားမြင်မြောက်သော်၊
ဆယ့်ခြောက်နှစ်ရွယ်၊
ပျိုနုနယ်၌၊ သုံးသွယ်ရွှေနန်း၊
စံမြန်းထီးဖြူ၊ ဆောင်တော်မူသည်
နန်းသူဆွေတို့ ချမ်းသာဖို့။
အလောင်းတော် မင်းဖြစ်ချိန် ဇာတာ
ဘုရားလောင်းသည် မဟာသက္ကရာဇ် ၈၄ ခု ကဆုန်လပြည့်နေ့ ဘီစီ ၆ဝ၈ ခု ဧပြီ ၂၇ ရက်တွင် အသက် ၁၆ နှစ် ရောက်သောအခါ မင်းဖြစ်ပါသည်။ (ကပိလဝတ်မြို့တွင် ဖြစ်ပါသည်။)
ဘုရားလောင်းသည် မင်းစည်းစိမ်ကို လက်ခံချိန် ၌ ရပ်တည်နေသော ဂြိုဟ်များဖြစ်ပါသည်။ မင်းဖြစ် သည်နှင့် တစ်ပြိုင်တည်း ယသောဓရာမင်းသမီးနှင့် ထီးနန်းကို ဆက်ခံခဲ့ပါသည်။ ဗုဒ္ဓ၏ မင်းဖြစ်ချိန် ဇာတာဖြစ်ပါသည်။ တစ်ချိန်တည်း ယသောဓရာ နှင့် လက်ထပ်ထိမ်းမြားနန်းတက်ခြင်း ဖြစ်ပါ သည်။
ဘုရားလောင်း ကာမဂုဏ်မှလွတ်အောင်
ရုန်းထွက်ခြင်း
ဘုရားလောင်းသည် သလွန်တော်ပေါ်တွင် ခေတ္တလဲလျောင်းနေစဉ် ခြွေရံ မောင်းမမိဿံတို့က “က၊ ခုန်၊ တီးမှုတ်” ဖြေဖျော်ပါသည်။ အလွန်ချောမော လှသည့် မောင်းမမိဿံတို့သည် ဘုရားလောင်းအား ပျော်ရွှင်စေရန် ဖန်တီးခြင်း ဖြစ်ပါသည်။
ဘုရားလောင်းသည် သံဝေဂရထားသည့်အပြင် နန်းစည်းစိမ် ကာမဂုဏ်များကို ငြီးငွေ့နေ၍ ၎င်းတို့ ဖြေဖျော်လည်းစိတ်ကြည်နူးပျော်ရွှင်မှု မရှိပါ။ ယင်း သလွန်ညောင် စောင်းပေါ်တွင် အိပ်ပျော်သွားလေ သည်။ ထိုအဖြစ်ကိုသိ၍ မောင်းမမိဿံတို့သည် ဆက်လက်တီးမှုတ်ကခုန်ခြင်းမပြုတော့ဘဲ ၎င်းတို့ သည် အိပ်ပျော်သွားကြလေသည်။
ယင်းသို့အားဖြင့် ဘုရားလောင်းသည် ညဉ့်ဦး ယံတွင် နိုးလာသောအခါ အခြွေရံမောင်းမမိဿံ တို့၏ အိပ်ပျော်နေသည်ကိုကြည့်၍ ပို၍သံဝေဂရပါ သည်။ ဟောက်သူက ဟောက်၍ အိပ်ပျော်နေသည်။ အိပ်ရင်းဖြင့် သွားရည်တွေကျနေသည်။ ထဘီတွေ ကျွတ်နေကြပါသည်။ ဆံပင်တွေလည်း တွဲလျားကျ နေကြပါသည်။
ယခုပင် တောထွက်တော့မည်ဟု စိတ်တွင် ကြံစည်ပြီး တံခါးဝတွင် အိပ်နေသော ဆန္နအမတ်ကို နှိုး၍ တောထွက်ရန်အတွက် ကဏ္ဍကမြင်းကို ကကြိုးများ သွားဆင်ရန် အမိန့်ဖြင့် မှာကြားစေခဲ့ပါ သည်။ ဆန္နအမတ်ကလည်း မြင်း၏ ကကြိုးတန်ဆာ များယူ၍ မြင်းတင်းကုပ်သို့ သွားသည်။ မြင်းအား ကကြိုးတန်ဆာပလာများ ဆင်ပါတော့သည်။ ကဏ္ဍကမြင်းသည် ဘုရားလောင်း တောထွက်တော့ မည်သိ၍ ဝမ်းသာသဖြင့် ဟီလိုက်လေသည်။ ယင်းအသံများ လူတစ်ဦးတစ်ယောက်မျှ မကြားရန် နတ်တို့က ဖန်တီးထားစေပါသည်။
ဘုရားလောင်းမင်းသားသည် ယသောဓရာ စံရာ နန်းကျက်သရေဆောင်သို့ ဝင်သည်။ သားတော် ရာဟုလာ၏ နဖူးလက်တင်၍ အိပ်စက်နေသော ယသောဓရာကို မြင်သည်။ သားတော်ကို ယူမည် မမည် စသည်ကြံပြီးမှ ဘုရားလောင်းသည် ယသော ဓရာ နိုးသွားလျှင် သူတောထွက်မည့်အစီအစဉ်ကို ပျက်မည်စိုး၍ သားတော်ကို ကြည့်ရုံသက်သက် သာကြည့်၍ ပြန်လှည့်ထွက်လာပါသည်။ ကဏ္ဍက မြင်းဆီ ထွက်လာခဲ့လေသည်။ ။
- Log in to post comments