စစ်အေးများ ပျံ့နှံ့ဖြစ်ပေါ်နေသော ကမ္ဘာသစ်

Type

ဇော်ဇော်အောင် (မန္တလေး)

=============

 

အမေရိကန်ပြည်ထောင်စုရဲ့ စူပါပါဝါကို တစ်ကမ္ဘာ လုံးက အသိအမှတ်ပြုပြီး unipolar  world ရယ်လို့ အသိအမှတ်ပြုထားခဲ့ကြတဲ့ စစ်ရေး၊ စီးပွားရေးနဲ့ ကမ္ဘာ့နိုင်ငံရေးမှာ အမှန်တကယ်လည်း အမေရိကန် တို့    ပီပီပြင်ပြင်  လွှမ်းမိုးထားနိုင်တဲ့   နှစ်ဆယ် ရာစုကာလအလွန် နှစ်ဆယ့်တစ်ရာစုထဲ တော်တော် လေး  ချင်းနင်းဝင်ရောက်လာခဲ့ကြတဲ့အခါမှာတော့ ကမ္ဘာအနှံ့   ပါဝါများ အလျှိုအလျှိုပေါ်ပေါက်လာလို့၊  တစ်နည်းအားဖြင့် တစ်ကမ္ဘာလုံးမှာ စစ်ရေး၊ စီးပွား ရေးအင်အားကို   တူတူတန်တန်ထူထောင်နိုင်လာ ကြတဲ့နိုင်ငံတွေ နေရာအနှံ့ပေါ်ထွန်းလာလို့ တချို့ သောနိုင်ငံရေးပညာရှင်တွေက   ဝင်ရိုးစုံကမ္ဘာသစ် ရယ်လို့ အမည်သညာပေးလာကြတဲ့အတိုင်း ကမ္ဘာ ကြီးဟာ အမှန်တကယ် အသစ်ဖြစ်တည်လာနေတာ တွေ့မြင်ကြရပါတယ်။


တရုတ်နဲ့အမေရိကန်တို့  စစ်ရေး၊   စီးပွားရေး ဆိုင်ရာ အားပြိုင်မှုကိုအခြေတည်ပြီးတော့ အင်အား ကြီးနှစ်ခုပေါ်မှာ ကမ္ဘာ့နိုင်ငံရေးဟာ  တည်ရှိတယ် ဆိုတဲ့ bipolar world အယူအဆဟာ နှစ်ဆယ်ရာစု ကုန် နှစ်ဆယ့်တစ်ရာစုဆန်းစမှာ ခေတ်စားလာခဲ့ပေ မယ့် အခုဆိုရင် ဒီအယူအဆသိပ်ခေတ်မစားတော့ တာ တွေ့ရပါတယ်။
စစ်သုံးစရိတ်စံချိန်တင်မြှင့်တင်


ဂျပန်နိုင်ငံလို  စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကိုပဲ   အဓိကဦးစားပေးပြီး   ကြိုးစားတည်ဆောက် နေတဲ့ နိုင်ငံမျိုးပင်လျှင် ၂၀၂၁ ခုနှစ်မှာ စစ်သုံးစရိတ် ကို အမေရိကန်ဒေါ်လာ ၆ ဒသမ ၇ ဘီလီယံအထိ စံချိန်တင်မြှင့်တင်ပြီးတော့  သုံးစွဲမယ်ဆိုတဲ့သတင်း ကို တစ်ကမ္ဘာလုံးက အံ့အားတသင့်ဖြစ်ကြရပါတယ်။ မြောက်ကိုရီးယား၊ ရုရှားနဲ့ တရုတ်နိုင်ငံတို့ရဲ့စစ်ရေး ဆိုင်ရာခြိမ်းခြောက်မှုတွေ   တစ်စတစ်စမြင့်တက် လာနေတယ်ဆိုတဲ့ စိုးရိမ်မှုနဲ့ ဂျပန်နိုင်ငံဟာ အခုလို ကာကွယ်ရေးကိစ္စကို      အလေးထားဆောင်ရွက် လာခြင်းဖြစ်ပြီးတော့  ဒါဟာဆိုရင် ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းသစ်မှာ       မျက်စိမှောက်နေကြတဲ့ စစ်အေးပုံစံတစ်ခုပဲဆိုတာကို   မြင်တွေ့နိုင်ပါတယ်။ ဂျပန်ဝန်ကြီးချုပ်  ဆူဂါယိုရှီဟီဒါနဲ့    အမေရိကန် သမ္မတဂျိုးဘိုင်ဒင်တို့ရဲ့  ဝါရှင်တန်ထိပ်သီးဆွေးနွေး ပွဲမှာ ဒေသတွင်း  ဂျပန်နဲ့ အမေရိကန်တို့ရဲ့ မဟာ မိတ်ပြုမှုကို  ပိုမိုခိုင်မာတောင့်တင်းစေဖို့ ရည်ရွယ် ပြီးတော့ တစ်နည်းအားဖြင့် ဒေသတွင်းလုံခြုံရေးကို ပိုမိုကောင်းမွန်အောင်ရည်ရွယ်ပြီးတော့  လုပ်ဆောင် လိုက်ကြတဲ့ ခြေလှမ်းသစ်တစ်ရပ်လို့လည်း  ပြောလို့ ရနိုင်ပါတယ်။  ဂျပန်ပင်လယ်၊ အရှေ့တရုတ်ပင်လယ်၊ တောင်တရုတ်ပင်လယ်၊ အနောက်ပစိဖိတ်နဲ့ အင်ဒို ပစိဖိတ်တို့မှာ  ဂျပန်ရဲ့ ပိုမိုကျယ်ပြန့်တဲ့အင်အားကို တည်ဆောက်နိုင်ဖို့   ရှေ့ကဝန်ကြီးချုပ်   နှစ်ဦးရဲ့   ရည်မှန်းဆောင်ရွက်မှုကို         ဆက်လက်အကောင် အထည်ဖော်လိုက်ခြင်းဖြစ်တယ်လို့လည်း ယူဆကြ တာရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒုတိယကမ္ဘာစစ် ပြီးကတည်းက  စစ်ရေးကိစ္စရပ်တွေကို  လုံးဝနီးပါး အာရုံမစိုက်ဘဲနေလာခဲ့တဲ့   ဂျပန်နိုင်ငံရဲ့ခြေလှမ်း သစ်ဟာ    ရှေ့လျှောက်မှာလည်း     ပိုမိုမြန်ဆန် သွက်လက်လာနိုင်တာဖြစ်ပြီးတော့ ဒေသတွင်းမှာ စစ်အင်အားပြိုင်ဆိုင်မှု    ပိုမိုပြင်းထန်လာစေရေး အတွက်    လှုံ့ဆော်ချက်တစ်ရပ်ဖြစ်တယ်ဆိုတာ အထင်အရှားမြင်တွေ့ရမှာဖြစ်ပါတယ်။


မြောက်ကိုရီးယားနဲ့  တောင်ကိုရီးယားနိုင်ငံတို့ ဟာလည်း သူတို့ရဲ့ စစ်အင်အားကို မှန်မှန်တိုးချဲ့ နေကြတာဖြစ်သလို     နှစ်ဖက်တင်းမာမှုကလည်း လျော့ကျသွားလိုက်၊ နဂိုထက် ပိုပြင်းထန်လာလိုက် ဆိုတာကို       ဂရုပြုလေ့လာကြည့်သင့်ပါတယ်။ တစ်ဖက်မှာ  ကိုရီးယားနှစ်နိုင်ငံ  ပေါင်းစည်းရေးကိစ္စ ရှိနေတာမှန်ပေမယ့်      အမေရိကန်ပြည်ထောင်စုနဲ့ နီးကပ်တဲ့          ဆက်ဆံရေးတည်ဆောက်ထားပြီး ခေတ်မီတဲ့ တောင်ကိုရီးယားနိုင်ငံနဲ့ အထီးကျန်သလို ဖြစ်နေပြီး   တရုတ်နဲ့  နီးကပ်တဲ့ဆက်ဆံရေးရှိတဲ့ မြောက်ကိုရီးယားနိုင်ငံတို့ကြား  စစ်ရေး၊  နိုင်ငံရေး တင်းမာမှုဟာ   အလယ်အလတ်စားစစ်အေးတစ်ခု အသွင် တည်ရှိနေတယ်ဆိုတာ ငြင်းမရတဲ့အကြောင်း အရာတစ်ရပ်ဖြစ်ပါတယ်။ ဗြိတိန်နဲ့ အမေရိကန်တို့က သြစတြေးလျနိုင်ငံကို       နျူးကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောပို့ပေးဖို့   လုပ်ခဲ့တဲ့ကိစ္စနောက်ပိုင်းမှာ တော့ ဒေသတွင်းမှာ လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ရရုံ မကဘဲ ဥရောပနဲ့ အာရှတစ်ခုလုံးဟာ   ပွက်လောရိုက် သွားခဲ့ရပါတယ်။        အမေရိကန်ပြည်ထောင်စုဟာ ပြင်သစ်နိုင်ငံအပါအဝင် ဥရောပမဟာမိတ်နိုင်ငံတွေနဲ့ စစ်ရေးဆိုင်ရာ  ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု တွေကို ပြောင်ကျကျချိုးဖောက်ပြီးတော့ သြစတြေးလျ နိုင်ငံနဲ့ အရေးပါတဲ့ စစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက် မှုခြေလှမ်းကို လှမ်းလိုက်ပြီးတဲ့နောက်ပိုင်းမှာ မဟာ မိတ်တွေရဲ့  ခိုင်မာမှုဟာ   လျော့ရဲရဲဖြစ်သွားခဲ့ရပါ တယ်။ ဥရောပသမဂ္ဂဆီက ဥရောပကို ဥရောပကပဲ ကာကွယ်ရလိမ့်မယ်ဆိုတဲ့အသံမျိုး ထွက်လာတဲ့အထိ  အမေရိကန်နဲ့ ဥရောပအကြား  အက်ကြောင်းတစ်ခု ဟာ  ထင်ထင်ရှားရှားပေါ်လာခဲ့ပြီလို့   ဆိုရမှာဖြစ်ပါ တယ်။ ပြင်သစ်နိုင်ငံအနေနဲ့  အကြီးအကျယ်ဒေါသ ထွက်ခဲ့ပြီးတော့   အမေရိကန်က   ဖျောင်းဖျနှစ်သိမ့် တာကြောင့်  အခြေအနေအရပ်ရပ်က    အေးဆေး တည်ငြိမ်သွားသလိုရှိခဲ့ပေမယ့် တကယ်တမ်းကတော့ ဥရောပနိုင်ငံတွေဟာ             သူတို့နိုင်ငံတွေအတွက် ကာကွယ်ရေးနဲ့ လုံခြုံရေးကိစ္စတွေအတွက် အမေ ရိကန်မပါတဲ့အနာဂတ်ကို မျှော်မှန်းလာကြရပြီ ဖြစ်ပါ တယ်။ 


စစ်အေးအသွင်သစ်တစ်ခုကို မီးမွှေးလိုက်သလို


အင်္ဂလိပ်လို ဆက်ဆံညီညွတ်ရေးအသွင်ဆောင် တဲ့   သုံးနိုင်ငံပူးပေါင်းဆောင်ရွက်မှုဟာ    တခြား အနောက်အင်အားကြီးနိုင်ငံတွေနဲ့        အခိုင်အမာ တည်ဆောက်ထားတဲ့ညီညွတ်ရေးကို   ထိပါးရုံသာ မကဘဲနဲ့ အာရှ-ပစိဖိတ်ဒေသမှာ စစ်အေးအသွင်သစ် တစ်ခုကို ကျကျနနမီးမွှေးလိုက်သလို ဖြစ်ခဲ့ပါတယ်။ အင်ဒို- ပစိဖိတ်ဒေသမှာ  အရှိန်အဟုန်နဲ့    အင်အား ချဲ့ထွင်လာနေတဲ့ တရုတ်နိုင်ငံရဲ့ပါဝါကို ချိန်ညှိရေး ရည်ရွယ်ပုံရတဲ့  AUKUS   ပူးပေါင်းဆောင်ရွက်မှုကို မဟာမိတ်တွေရဲ့   အကြီးကျယ်ဆုံးသော   အင်အား အရင်းအမြစ်ကို ရင်းနှီးမြှုပ်နှံလိုက်ခြင်း ဖြစ်ကြောင်း အမေရိကန်သမ္မတက    ပြောင်ပြောင်တင်းတင်းပဲ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ 
ဒီကိစ္စရဲ့  နောက်ဆက်တွဲအဖြစ်အပျက်တွေက မျှော်လင့်ထားတာထက်    အများကြီးနက်ရှိုင်းလာ ပြီးတော့ ကမ္ဘာအနှံ့အစပျိုးနေပြီဖြစ်တဲ့ စစ်အေးတွေ ကို   အရှိန်ရအောင်   တွန်းပို့အားဖြည့်လိုက်သလို ဖြစ်ခဲ့ရပါတယ်။ တရုတ်နိုင်ငံကို ဦးတည်တယ်လို့ ဆိုပေမယ့် အနောက်ကမ္ဘာနဲ့  အမြဲတမ်းထိပ်တိုက် ရင်ဆိုင်နေရတဲ့ မြောက်ကိုရီးယားနိုင်ငံဟာ AUKUS သဘောတူညီမှုနောက်ပိုင်းမှာ သူ့ရဲ့စစ်ရေးစွမ်းရည် ကို အစွမ်းကုန်မြှင့်တင်ရေး အရှိန်အဟုန်နဲ့အားထုတ် လာတာတွေ့ရပါတယ်။ တရုတ်နိုင်ငံက စိုးရိမ်သလို မျိုး    မြောက်ကိုရီးယားနိုင်ငံရဲ့     စိုးရိမ်မှုကလည်း မြင့်တက်လာပုံရှိပါတယ်။


ပါကစ္စတန်နဲ့အိန္ဒိယပြဿနာ


အိန္ဒိယနိုင်ငံကလည်း      ဒုံးလက်နက်စမ်းသပ် ပစ်လွှတ်မှုတွေကို   ဆောင်ရွက်ခဲ့ပြီး   ဒေသတွင်းမှာ သူဟာလည်း       အင်အားရှိတဲ့နိုင်ငံတစ်နိုင်ငံ ဖြစ်ကြောင်း မေ့လျော့မထားဖို့   သတိပေးခဲ့ပါတယ်။ ဒီလိုဖြစ်လာတဲ့အခါ           နောက်ဆက်တွဲအနေနဲ့ ပါကစ္စတန်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့အကြား စစ်ရေးအရ အပြန်အလှန်         သတိထားစောင့်ကြည့်နေကြတဲ့ ပြဿနာကိုလည်း ပိုမိုပြင်းထန်လာစေတာ ငြင်းမရ တဲ့ကိစ္စဖြစ်ပါတယ်။ ပါကစ္စတန်နဲ့ အိန္ဒိယပြဿနာက လည်း တောင်အာရှရဲ့ စစ်အေးပုံသဏ္ဌာန်တစ်ခုလို့ ပြောရင် မမှားနိုင်ပါဘူး။


အိန္ဒိယနိုင်ငံနဲ့         တရုတ်နိုင်ငံတို့ဟာလည်း နှစ်ဆယ့်တစ်ရာစုရဲ့  ပါဝါသစ်တွေဖြစ်တာနဲ့အညီ တစ်နိုင်ငံရဲ့အရိပ်အကဲကို    တစ်နိုင်ငံက   မျက်ခြည် မပြတ်စောင့်ကြည့်နေကြတာ ဖြစ်ရုံမကဘဲ နှစ်နိုင်ငံ နယ်စပ်ပြဿနာကို  အခြေပြုပြီးတော့  မကြာခဏ တင်းမာမှုတွေ  ပေါ်ပေါက်တတ်ပါတယ်။  နောက် နှစ်အနည်းငယ်အတွင်းမှာ   ကမ္ဘာ့စီးပွားရေးအင်အား အနေနဲ့ အကြီးဆုံးနှစ်နိုင်ငံဖြစ်လာတော့မှာဖြစ်ပြီး တော့   နယ်နိမိတ်ချင်းလည်းထိစပ်နေတဲ့နိုင်ငံတွေ ဖြစ်တာနဲ့အညီ    နှစ်နိုင်ငံဆက်ဆံရေးဟာ     လုံးဝ အတိမ်းအစောင်း အမှားအယွင်းမခံနိုင်တဲ့အခြေအနေ  မှာရှိနေတာကို တွေ့ရပါတယ်။ အိန္ဒိယ၊ ပါကစ္စတန်နဲ့  တရုတ်နိုင်ငံတို့ရဲ့   ဆက်ဆံရေးအခြေအနေကလည်း     အင်မတန်မှသိမ်မွေ့လှတာဖြစ်ပြီးတော့ ပါကစ္စတန်၊ အိန္ဒိယဆက်ဆံရေးက အဆိုးကြီးမဟုတ်ရင်တောင်မှ     ကောင်းမွန်လှတဲ့       အခြေအနေမရှိတဲ့အချိန်မှာ ပါကစ္စတန်၊    တရုတ်စီးပွားရေးလမ်းကြောင်းကို အခြေပြုပြီးတော့  တရုတ်နိုင်ငံအနေနဲ့   ပါကစ္စတန် နိုင်ငံမှာ အခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံ မှုအတွက်    ဒေါ်လာငွေ    ဘီလီယံပေါင်းများစွာ သုံးစွဲမှာဖြစ်ပြီး  အဲသလိုရင်းနှီးမြှုပ်နှံမယ့်နေရာ တွေထဲမှာ အိန္ဒိယနိုင်ငံက သူတို့ပိုင်ဆိုင်ထားတယ် လို့ ထုတ်ဖော်ကြေညာထားတဲ့ ပါကစ္စတန်နယ်မြေ တွေလည်း   အပါအဝင်ဖြစ်နေပါတယ်။    လက်ရှိ အာဖဂန်နစ္စတန်အရေးကိစ္စကလည်း    ဒေသတွင်း မှာ ပိုမိုရှုပ်ထွေးတဲ့အခြေအနေတစ်ရပ်ဆီ ဦးတည် နိုင်ပြီးတော့ အိန္ဒိယနိုင်ငံကို   ခြိမ်းခြောက်မှုတွေ ပိုမိုပေါ်ပေါက်လာနိုင်ကြောင်း  ခန့်မှန်းမှုတွေလည်း ရှိနေတာကြောင့် တောင်အာရှဒေသနဲ့ တရုတ်နိုင်ငံ တို့အကြား   ဆက်ဆံရေးအနေအထားကလည်း အများကြီးသတိဝီရိယနဲ့ နိုင်ငံအားလုံးက ကိုင်တွယ် ဆောင်ရွက်နိုင်ကြမှသာ အေးချမ်းတဲ့အခြေအနေ တစ်ရပ်ကို  တည်ဆောက်နိုင်၊ ရေရှည်ထိန်းသိမ်း ထားနိုင်မယ်ဆိုတာ တွေ့ရပါတယ်။


ပိုမိုတင်းမာလာနိုင်တဲ့ အခြေအနေမှာရှိ


ဘယ်သောအခါမျှ မပြီးဆုံးနိုင်တဲ့ အစ္စရေး- ပါလက်စတိုင်း ပဋိပက္ခအပါအဝင် အရှေ့အလယ် ပိုင်းဒေသရဲ့ အင်မတန်ရှုပ်ထွေးပွေလီလှတဲ့ နိုင်ငံ ရေး၊ စစ်ရေးဆိုင်ရာပြဿနာတွေ၊ AUKUS သဘော တူညီချက်ကိစ္စရဲ့  နောက်ပိုင်းမှာ ယူကရိန်းနိုင်ငံနဲ့ ဆက်စပ်နေတဲ့  ရုရှားနိုင်ငံနဲ့   နေတိုးအဖွဲ့တို့ကြား ပိုမိုပြင်းထန်လာတဲ့  တင်းမာမှုအပါအဝင်   အာရှ ပစိဖိတ်ဒေသအပါအဝင်    ကမ္ဘာ့စစ်ရေးစစ်ရာ တွေမှာ ပိုမိုသွက်လက်မြန်ဆန်စွာ လှုပ်ရှားလာတဲ့ ရုရှားနိုင်ငံရဲ့ လုံခြုံရေးနဲ့စစ်ရေးဆိုင်ရာ ရည်မှန်း ချက်တွေ၊     တရုတ်  (တိုင်ပေ) နဲ့     တောင်တရုတ် ပင်လယ်အရေးကိစ္စတွေကို  အခြေတည်ဖြစ်ပေါ် နေတဲ့     တရုတ်နိုင်ငံနဲ့     ဒေသတွင်းနိုင်ငံတွေကြား ထိပ်တိုက်တွေ့မှုတွေ၊ တရုတ်နိုင်ငံနဲ့ အမေရိကန် နိုင်ငံတို့ကြား စစ်ရေးတင်းမာမှုတွေ စတဲ့အကြောင်း ကိစ္စတွေဟာ ပြေလည်အေးချမ်းမယ့်အခြေအနေတစ်ရပ်ဆီကို   လုံးဝဦးတည်ဖြစ်ပျက်နေတာမျိုး မရှိဘဲ   ပိုမိုတင်းမာလာနိုင်တဲ့ အခြေအနေမှာရှိနေ တာဖြစ်ကြောင်း သုံးသပ်ဆင်ခြင်ကြည့်နိုင်ပါတယ်။


အမေရိကန်နိုင်ငံရဲ့  စူပါပါဝါအတိတ်သမိုင်းကို လွှမ်းမိုးဖြတ်ကျော်နေတဲ့ ပါဝါသစ်တွေဟာ အာရှ မှာ   ရှိနေကြတာဖြစ်ပြီးတော့   များမကြာမီမှာပဲ တရုတ်နိုင်ငံ၊   အိန္ဒိယနိုင်ငံတို့သာမကဘဲ    အင်ဒို နီးရှားလိုနိုင်ငံဟာလည်း အင်အားကြီးနိုင်ငံဖြစ်လာ ဖို့ ရှိနေတာဖြစ်ပါတယ်။  အာဆီယံနဲ့  အာဖရိကနိုင်ငံ တွေရဲ့   စီးပွားရေးအနာဂတ်ဟာလည်း     များစွာ ကောင်းမွန်နေပြီးတော့ အထူးသဖြင့် အိန္ဒိယနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ဟာ စီးပွားရေးမှာတင်  အမေရိကန် ပြည်ထောင်စုကို ကျော်တက်ရုံမကဘဲနဲ့ ဒေသတွင်း မှာ တောင့်တင်းခိုင်မာတဲ့ လုံခြုံရေးနဲ့ စစ်ရေးဆိုင်ရာ မဟာဗျူဟာမြောက်အစီအမံတွေကို         ချမှတ် တည်ဆောက်နေကြတာဖြစ်ပါတယ်။ အာရှမှာပဲ ရှိနေတဲ့ ရုရှားနိုင်ငံရဲ့ စီးပွားရေးနဲ့စစ်ရေးအင်အား ကလည်း   အခုနောက်ပိုင်းမှာ    ပိုမိုခိုင်မာလာတဲ့ အခြေအနေရှိပြီးတော့ ကမ္ဘာ့နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးဆိုင်ရာ  ပါဝါချိန်ခွင်လျှာဟာ   နှစ်ဆယ် ရာစုကာလတုန်းကလို တစ်ဖက်စောင်းနင်း  အခြေ အနေမှာမရှိတော့တာကြောင့်   တစ်ကမ္ဘာလုံးကို လွှမ်းမိုးထားလိုသူတွေနဲ့ ကမ္ဘာကြီးတစ်ခုလုံး မျှတ စွာ ဖွံ့ဖြိုးတိုးတက်စေလိုပြီး အေးချမ်းတည်ငြိမ်မှု ကို အားလုံးအတူတကွ ခံစားလိုကြသူတွေအကြား ထိပ်တိုက်တွေ့ကြမယ့်   စီးပွားရေး၊    နိုင်ငံရေးနဲ့ စစ်ရေးဆိုင်ရာပြဿနာတွေကို  တောက်လျှောက် မြင်တွေ့လာရနိုင်ပါတယ်။


ဒါကြောင့်မို့   နိုင်ငံတိုင်းအနေနဲ့   မိမိနိုင်ငံနဲ့ မိမိနိုင်ငံသားတို့  အကျိုးစီးပွားဖြစ်တဲ့ စားဝတ်နေမှု ဖူလုံရေး၊  ကြွယ်ဝချမ်းသာရေး၊ တည်ငြိမ်အေးချမ်း ရေး၊     ဖွံ့ဖြိုးတိုးတက်ရေး    စတဲ့ကိစ္စတွေကို ဆောင်ရွက်ကြရာမှာ  ကမ္ဘာ့နိုင်ငံရေး၊   စီးပွားရေး၊  စစ်ရေးဆိုင်ရာ အခင်းအကျင်းသစ်တွေနဲ့ လိုက်လျော ညီထွေရှိနိုင်ဖို့   ကမ္ဘာကြီးရဲ့   လုံးဝပြောင်းလဲသွားပြီ ဖြစ်တဲ့    အခင်းအကျင်းသစ်ကို   မျက်ခြည်မပြတ်ကြဖို့ ကိစ္စဟာ အင်မတန်မှအရေးကြီးပါတယ်။    နှစ်ဆယ် ရာစုထဲမှာ   အခိုင်အမာတည်ဆောက်ထားခဲ့ကြတဲ့    စီးပွားရေးနဲ့   စစ်ရေးဆိုင်ရာ   မဟာမိတ်ပြုမှုတွေဟာ  အခုအခါမှ   လုံးဝခိုင်မာမှုမရှိတော့ဘဲနဲ့  လျော့ရဲရဲ ဖြစ်လာသလို  တစ်ဖက်မှာလည်း  မူဝါဒချင်းနီးစပ်မှု ရှိပြီး အကျိုးစီးပွားချင်းလည်း ပူးပေါင်းတည်ဆောက် လို့ရတဲ့နိုင်ငံတွေဟာ      မဟာမိတ်တွေအသွင်    တဖြည်းဖြည်း ဖြစ်တည်လာကြပါတယ်။ ဒါကြောင့် နိုင်ငံတိုင်းဟာ    ကိုယ့်နိုင်ငံအကျိုးစီးပွားနဲ့  ကမ္ဘာ့ အသိုင်းအဝိုင်းတစ်ခုလုံးရဲ့  တည်ငြိမ်ရေး၊  ဖွံ့ဖြိုး တိုးတက်ရေး၊ ငြိမ်းချမ်းသာယာရေးအတွက် ချင့်ချိန် ဆင်ခြင်ပြီး ဆောင်ရွက်နိုင်ကြမှသာ  အကျိုးဖြစ်ထွန်း နိုင်ပါလိမ့်မယ်။ တစ်ခေတ်တစ်ခါက နိုင်ငံရေးနယ်ပယ် မှာ     တွင်ကျယ်ခဲ့ဖူးတဲ့စကားရပ်ဖြစ်တဲ့  ထာဝရ မိတ်ဆွေ၊   ထာဝရရန်သူဆိုတာမရှိဘူး၊၊  ထာဝရ  အကျိုးစီးပွားပဲ ရှိတယ်ဆိုတဲ့စကားဟာ    အခုဆိုရင်     နိုင်ငံတကာဆက်ဆံရေးနဲ့    ကမ္ဘာ့နိုင်ငံရေးနယ်ပယ် အတွက်ပါ သင့်လျော်မှန်ကန်နေပြီဖြစ်ပါကြောင်း   အကျိုးဆိုင်သူတွေ ဆင်ခြင်သုံးသပ်နိုင်ကြစေရေး  တင်ပြအပ်ပါတယ်။        ။
reference;    thedeplomat.com
    cnbc.com
    cfr.org