စစ်အုပ်ချုပ်ရေး သတ်မှတ်ခြင်းသည် ပြစ်မှုကျူးလွန်သူများအတွက်သာ

 

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး (၁/၂၀၂၃)     တွင်     တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ နိုင်ငံတော်အရေးပေါ် အခြေအနေကာလအတွင်း လုပ်ဆောင် ချက်နှင့် တွေ့ရှိချက်များကို ယာယီသမ္မတထံတင်ပြချက်များ အရ  နိုင်ငံတော်တစ်ဝန်းလုံးတွင် တည်ငြိမ်အေးချမ်းရေးနှင့်  တရားဥပဒေစိုးမိုးရေး ဆက်လက်လုပ်ဆောင်ရန်  လိုအပ်ချက် များ ရှိနေသေးသည့်အတွက် အရေးပေါ်ကာလကို နောက်ထပ် ခြောက်လ ထပ်မံသက်တမ်းတိုးမြှင့်ခဲ့ရသည်။

 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် စစ်အုပ်ချုပ်ရေးအမိန့်များ ထုတ်ပြန်ကာ စစ်ကိုင်း တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၁ မြို့နယ်၊ ချင်းပြည်နယ် အတွင်းရှိ   မြို့နယ်  ခုနစ်မြို့နယ်၊   မကွေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ငါးမြို့နယ်၊   ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်  ငါးမြို့နယ်၊     မွန်ပြည်နယ်အတွင်းရှိ    မြို့နယ် တစ်မြို့နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ် နှစ်မြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ    နှစ်မြို့နယ်၊    ကယား ပြည်နယ်အတွင်းရှိ လေးမြို့နယ် စုစုပေါင်း ၃၇ မြို့နယ်တို့တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာ ရေးတို့ ပိုမိုထိရောက်စွာ   ဆောင်ရွက်နိုင်ရန်   တိုင်းမှူးများနှင့် ဒေသကွပ်ကဲရေးမှူးတို့အား မြို့နယ်များ၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာအာဏာကို     ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီ အပ်နှင်းခဲ့သည်။

 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏    ရှေ့လုပ်ငန်းစဉ် များနှင့် စပ်လျဉ်း၍ လမ်းညွှန်မှာကြားသည့် အစည်းအဝေး ကို ဖေဖော်ဝါရီ ၉ ရက်က ကျင်းပရာတွင် နိုင်ငံတော်အကြီး အကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က    “အကြမ်းဖက်မှု များကို    ဒုတိယအကြိမ်   အရေးပေါ်သက်တမ်းကာလတွင် ထိထိရောက်ရောက်  ကိုင်တွယ်ဖြေရှင်းရန် လိုအပ်လာသဖြင့် အရေးကြီးသည့်  မြို့နယ်များကို   စစ်အုပ်ချုပ်ရေးအမိန့်များ တိုးမြှင့်သတ်မှတ်ခဲ့ရပြီး အကြမ်းဖက်မှုများ  လျော့ပါးအောင် ကိုင်တွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊  စစ်အုပ်ချုပ်ရေး သတ်မှတ်ခြင်းသည် ပြစ်မှုကျူးလွန်သူများအတွက်သာဖြစ်ပြီး ပြည်သူများကို  ကြေညာခြင်းမဟုတ်ကြောင်း၊  ပြည်သူများ အနေဖြင့် စည်းကမ်းနှင့်အညီ လွတ်လပ်စွာ နေထိုင်သွားလာ လှုပ်ရှားနိုင်ကြောင်း၊ လာမည့်  ခြောက်လတာကာလအတွင်း အဆိုပါဒေသများ၏     တည်ငြိမ်အေးချမ်းမှုသည်လည်း အတိုင်းအတာတစ်ခုအထိ    တိုးတက်လာမည်ဟုယူဆပါ ကြောင်း”  ထည့်သွင်းပြောကြားခဲ့ရာ  စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ခဲ့သည့် မြို့နယ်များ၏    လုံခြုံရေးနှင့်    တရားဥပဒေ စိုးမိုးရေးတို့အတွက် ဆောင်ရွက်ချက်များသည်  ရိုးသား၍ စစ်မှန်သော   ပြည်သူများအတွက်  ထိခိုက်မှုတစ်စုံတစ်ရာ ဖြစ်ပေါ်စေမည်မဟုတ်ဘဲ   ပိုမို၍ပင်  အကာအကွယ်ရရှိလာ စေမည်ဖြစ်သည်။

 


ဥပဒေစည်းမျဉ်းစည်းကမ်းများသည်  လူ့အဖွဲ့အစည်း၏ တည်ငြိမ်အေးချမ်းရေးအတွက်ဖြစ်ပြီး အရေးပေါ်အခြေအနေ မျိုးတွင်မူ စစ်အုပ်ချုပ်ရေးအမိန့်မျိုးကို လိုအပ်ချက်နှင့်အညီ ထုတ်ပြန်ဆောင်ရွက်ခြင်းဖြစ်ရာ   မိမိတို့၏   ဒေသများတွင် အကြမ်းဖက်တိုက်ခိုက်မှုများ လျော့နည်းပပျောက်ရေး၊ ဒေသ အေးချမ်းတည်ငြိမ်ရေးနှင့်  တရားဥပဒေစိုးမိုးရေးတို့အတွက်  ဒေသခံပြည်သူများ၏ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှုများက လည်း    အရေးပါသည့်အလျောက်   တစ်တပ်တစ်အားကူညီ ဆောင်ရွက်ကြရန်၊ စည်းကမ်းနှင့်အညီ လွတ်လပ်စွာနေထိုင် သွားလာကြခြင်းဖြင့်လည်း    ကူညီနိုင်ကြစေရန်    နှိုးဆော် တိုက်တွန်းအပ်ပါကြောင်း။        ။