
နေပြည်တော် ဒီဇင်ဘာ ၇
စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ်၌ ဆေးရုံသုံးဆေးပစ္စည်းများထုတ်ယူရန် ဆေးရုံဝန်ထမ်းများ လိုက်ပါထွက်ခွာလာသည့် မော်တော်ယာဉ်အား အကြမ်းဖက် လက်နက်ကိုင်အဖွဲ့များက မိုင်းထောင်၍ ဖောက်ခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၆ ရက် နံနက် ၉ နာရီခွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင် မြို့နယ် ပြည်သူ့ဆေးရုံမှ ဆေးရုံဝန်ထမ်းများဖြစ်သည့် ဒေါ်ခိုင်ခိုင်ထွေး(၄၈)နှစ် (ဘ)ဦးထွန်းအောင်၊ မထိပ်တင်ထွေး (၂၅)နှစ် (ဘ)ဦးဆန်းလင်း၊ ကျော်ဇင်ဖြိုး(၁၉)နှစ်နှင့် ဦးဇော်မင်းသန်း(၅၂)နှစ် (ဘ)ဦးဘိုလေးတို့သည် ဆေးရုံသုံးပစ္စည်းများထုတ်ယူရန် အတွက် မုံရွာမြို့သို့ 8J/--- Super Custom ယာဉ်ဖြင့် ထွက်ခွာလာစဉ် ကျီးပင်ချောင် ကျေးရွာအနီးသို့အရောက် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များက လက်လုပ် မိုင်းထောင်၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ပေါက်ကွဲမှုကြောင့် မော်တော်ယာဉ်၏ ဝဲ/ယာ မှန်များနှင့် ဆီတိုင်ကီတို့ မိုင်းစထိမှန်ပျက်စီးခဲ့ပြီး ဒေါ်ခိုင်ခိုင်ထွေးတွင် နဖူးပေါက်ပြဲ ဒဏ်ရာ တစ်ချက်၊ မထိပ်တင်ထွေးတွင် နောက်ကျောပွန်းပဲ့ဒဏ်ရာ တစ်ချက်၊ ကျော်ဇင်ဖြိုး တွင် ဝဲ/ယာလက်ဖျံပွန်းပဲ့ဒဏ်ရာ နှစ်ချက်နှင့် ဦးဇော်မင်းသန်းတွင် ဝဲနားရွက်စုတ်ပြဲ ဒဏ်ရာ၊ ဝဲနားထင်/ဝဲချိုစောင်း ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့သဖြင့် ဘုတလင်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခဲ့သည့် အကြမ်းဖက်လက်နက် ကိုင်အဖွဲ့များအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ လုံခြုံရေး လုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်