စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ်၌ ရဟန်းသံဃာ တစ်ပါးအားPDF အကြမ်းဖက်အဖွဲ့က သတ်ဖြတ်၍ အလောင်းအားမီးရှို့ဖျက်ဆီး

 

နေပြည်တော်  နိုဝင်ဘာ  ၂၀


မြန်မာနိုင်ငံသည် ရဟန်းသံဃာ တော်များ၏ အဆုံးအမဩဝါဒဖြင့် ကြီးပြင်းသည့် လူနေမှုစရိုက်ကို အခြေပြုကာ   ယဉ်ကျေးပျူငှာမှု ရှိသည့်   နိုင်ငံအဖြစ်  ရပ်တည် လျက်ရှိပြီး   ရဟန်းသံဃာတော် များ၏     သာသနာတော်အရေး ကြိုးပမ်း   ထမ်းဆောင်ခဲ့မှုများ ကြောင့်   ဗုဒ္ဓဘာသာကိုးကွယ်မှု များပြားသည့်   နိုင်ငံများအနက် ထေရဝါဒဗုဒ္ဓဘာသာ     အထွန်း ကားဆုံးနိုင်ငံအဖြစ်   ကမ္ဘာ့နိုင်ငံ များကပင်  အသိအမှတ်ပြုထားရ သည့် နိုင်ငံဖြစ်သည်။ 

 


ယခုအခါ အကြမ်းဖက်အဖွဲ့ များဖြစ်သော CRPH ၊ NUG နှင့် PDF      အကြမ်းဖက်အဖွဲ့များ သည်      အပြစ်မဲ့ဝန်ထမ်းများနှင့် ပြည်သူများကိုသာမကဘဲ   ရဟန်း သံဃာများကိုပင်   ပစ်မှတ်ထား တိုက်ခိုက်သတ်ဖြတ်မှုများ  လုပ် ဆောင်လျက်ရှိရာ     စစ်ကိုင်းတိုင်း ဒေသကြီး      မြောင်မြို့နယ်၌ နိုဝင်ဘာ  ၁၉  ရက်က ရဟန်း သံဃာတစ်ပါးအား PDF အကြမ်း ဖက်အဖွဲ့မှ       သတ်ဖြတ်ပြီး အလောင်းအား       မီးရှို့ဖျက်ဆီး ခဲ့ကြောင်း သိရသည်။

 


ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၉ ရက် မွန်းလွဲ ၃ နာရီခွဲက မြောင်မြို့နယ် ဘူးကိုင်းကျေးရွာ    ဘုန်းကြီး ကျောင်း၌    သီတင်းသုံးလျက် ရှိသော ဆရာတော် ဥူးပိတ(ခ) ဦးဘမြင့်  (၇၄)  နှစ်အား  PDF အကြမ်းဖက်အဖွဲ့   အင်အား  ၃၀ ခန့်က      ဒလန်ဟုပြောဆိုကာ ဝိုင်းဝန်းသတ်ဖြတ်ခဲ့ပြီး   ဆရာ တော်၏   အလောင်းအား  မီးရှို့ ဖျက်ဆီးခဲ့သည်။

 


ဖြစ်စဉ်တွင်   ရဟန်းသံဃာ များအပေါ် အကြောင်းမဲ့ရက်စက် စွာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန် ခဲ့သည့် အကြမ်းဖက်သူများအား ဖော်ထုတ်ဖမ်းဆီး၍   ဥပဒေနှင့် အညီ   ထိရောက်စွာ  အပြစ်ပေး အရေးယူနိုင်ရေး  လုံခြုံရေးတပ်ဖွဲ့ ဝင်များက ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း     သတင်းရရှိသည်။ 


သတင်းစဉ်