စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ်၌ အကြမ်းဖက်သမားများက သေနတ်ဖြင့် ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်မှုကြောင့် လက်ထောက်မြို့နယ်ပညာရေးမှူးနှင့် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး ကလေးငယ်တစ်ဦး ဒဏ်ရာရရှိ

 

နေပြည်တော်  ဇန်နဝါရီ   ၂၆

 


အနာဂတ် လူငယ်၊ လူရွယ်များ ပညာရည်မြင့်မားရေးအတွက် စာသင်ကျောင်းများဖွင့်လှစ်ကာ စာပေသင်ကြားပေးလျက်ရှိသည် ကို လိုလားမှုမရှိသည့်  နိုင်ငံရေးအစွန်းရောက်အကြမ်းဖက်သမားများအနေဖြင့်  ပညာရေးဆိုင်ရာ ရုံးဌာနများနှင့်  စာသင်ကျောင်း များကို မိုင်းထောင်ဖောက်ခွဲခြင်းများ၊ လက်ပစ်ဗုံး၊ လက်လုပ်မိုင်းများ၊     လက်နက်ငယ်များဖြင့် ပစ်ခတ်ဖောက်ခွဲခြင်းများပြုလုပ် လျက်ရှိသည့်အပြင်    လူငယ်၊ လူရွယ်များအား   နိုင်ငံ့ဝန်ထမ်းပီသစွာ စာပေသင်ကြားပြသပေးလျက်ရှိသည့် ဆရာ ဆရာမများ နှင့် ပညာရေးဝန်ထမ်းများအား အကြမ်းဖက်ခြိမ်းခြောက်ခြင်း၊ ရက်စက်စွာသတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်ကို      တွေ့ရ သည်။

 


ထိုကဲ့သို့  ဆရာ   ဆရာမများ နှင့်  ပညာရေးဝန်ထမ်းများအား အကြမ်းဖက်   ခြိမ်းခြောက်ခြင်း၊ ရက်စက်စွာ   သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ရာတွင် ဇန်နဝါရီ  ၂၅ ရက် မွန်းလွဲ ၃ နာရီတွင် စစ်ကိုင်းတိုင်း ဒေသကြီး     ပင်လည်ဘူးမြို့နယ် ပေကုန်းကျေးရွာနေ လက်ထောက် မြို့နယ်ပညာရေးမှူး ဦးဉာဏ်ဝင်း (၃၉နှစ်) (ဘ)ဦးမြင့်အောင်သည် ၎င်း၏နေအိမ်၌     မိသားစုနှင့် အတူရှိနေစဉ်       သေနတ်ကိုယ်စီ ကိုင်ဆောင်ထားသည့်  အကြမ်း ဖက်သူ        အမျိုးသားခြောက်ဦး ရောက်ရှိလာပြီး သေနတ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့သဖြင့် ဦးဉာဏ် ဝင်းတွင်        ဦးခေါင်းယာခြမ်း ပွင့်ထွက်ဒဏ်ရာတစ်ချက်၊ ဝဲပေါင် ကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ ရင်ညွန့် ကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက်နှင့်      နေအိမ်ခြံဝင်း အတွင်း      ဆော့ကစားနေသည့် သားဖြစ်သူ    မောင်ခန့်ဘုန်းပြည့် ငါးနှစ်တွင်    ဝမ်းဗိုက်ပွင့်ထွက် ဒဏ်ရာတစ်ချက်၊ ယာရင်အုံကျည် ဖောက်ဝင်ဒဏ်ရာ     တစ်ချက်တို့ ရရှိကာ    အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြပြီး        သားဖြစ်သူ မောင်ဉာဏ်ဘုန်းပြည့် ရှစ်နှစ်တွင် ယာပေါင်ကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက်တို့ရရှိခဲ့ကြောင်း   သိရ သည်။

 


ထိုကဲ့သို့ လက်ထောက်မြို့နယ် ပညာရေးမှူးနှင့် အပြစ်မဲ့ကလေး ငယ်များအပေါ်    ရက်စက်စွာ သတ်ဖြတ်မှု         ကျူးလွန်ခဲ့သည့် အကြမ်းဖက်    သမားများအား ဖော်ထုတ်   ဖမ်းဆီးရမိနိုင်ရေးနှင့် ကျောင်းသား     ကျောင်းသူများ အေးချမ်းစွာ  ပညာသင်ကြားနိုင် ရေးတို့အတွက် နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင်များက  ပူးပေါင်းဆောင် ရွက်ပေးလျက်ရှိကြောင်း  သတင်း ရရှိသည်။                

သတင်းစဉ်