စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ်အတွင်း အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်ရန် ယဉ်ကျင်းကျေးရွာဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိနေသည့် အကြမ်းဖက်သမားများကို ဝင်ရောက်ဖမ်းဆီး

 

နေပြည်တော်   ဇန်နဝါရီ   ၁၄

 


စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ်အတွင်း အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက် ရန်အတွက် ယဉ်ကျင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ရောက်ရှိနေသည့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များကို  လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့  မွန်းလွဲ  ၁  နာရီခန့်တွင် သွားရောက်ချေမှုန်းဖမ်းဆီးခဲ့သည်။

 


ဖြစ်စဉ်မှာ ရေဦးမြို့နယ်အတွင်း အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ယဉ်ကျင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌   PDF  အမည်ခံအကြမ်းဖက်သမားများ ရောက်ရှိစုဝေးနေကြောင်း ဆူပူအကြမ်းဖက်မှုကို မလိုလားသည့် ကျေးရွာသားအချို့ကသက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင် များထံသို့   လျှို့ဝှက်ဆက်သွယ် သတင်းပေးပို့လာသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက  ယနေ့  မွန်းလွဲ ၁ နာရီခွဲခန့်တွင်    သွားရောက် ချေမှုန်းတိုက်ခိုက်ခဲ့ရာ     အကြမ်း ဖက်သမားများ       ကျေးရွာ၏ တောင်ဘက်သို့   ဖရိုဖရဲဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

 


ဖြစ်စဉ်တွင်    အကြမ်းဖက် သမားများနေထိုင်ခဲ့သည့်   ဘုန်း ကြီးကျောင်းအတွင်းမှ လက်လုပ် တစ်ထောင့်တိုး သေနတ်အလက် ၂၀၊ ခါးချိုး ၁၂ ဗို့ သေနတ်တစ်လက်၊ အီနာဂါ ဗုံးသီးတစ်လုံး၊ ကျည်မျိုးစုံ ၁၂၅  တောင့်၊       လက်လုပ်မိုင်း ၁၀ လုံး၊  လက်ပစ်ဗုံး    နှစ်လုံး၊  လမ်းလျှောက်   စကားပြောစက် နှစ်လုံး၊     မော်တော်ဆိုင်ကယ် အစီး ၂၀၊ မော်တော်ယာဉ်တစ်စီး၊ အကြမ်းဖက်မှု လုပ်ငန်းများတွင် အသုံးပြုသည့်   ဆက်စပ်ပစ္စည်း များနှင့် ဒေသခံပြည်သူများထံမှ အတင်းအဓမ္မကောက်ခံထားသည့် ဆန်အိတ်များနှင့်    ကြက်သွန်နီ အိတ်များကို    သိမ်းဆည်းရမိခဲ့ သည်။    

 


အကြမ်းဖက်အဖွဲ့များ  ဖြစ် သည့် CRPH၊ NUG  နှင့်   PDF အမည်ခံ အကြမ်းဖက်သမားများ သည် နိုင်ငံရေးအမည်ခံ ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက်   နိုင်ငံ အတွင်း တည်ငြိမ်အေးချမ်းမှုမရှိစေရေးနှင့်  တရားဥပဒေစိုးမိုးရေး ကိုပျက်ပြားစေရန်   ရည်ရွယ်ချက် များဖြင့်   အကြမ်းဖက်တိုက်ခိုက် မှုများကို  လုပ်ဆောင်ခြင်း၊  ယင်း အကြမ်းဖက်လုပ်ငန်းများ   လုပ် ဆောင်ရန်အတွက် အသုံးပြုမည့် လက်နက်/ ခဲယမ်းများကို နည်း မျိုးစုံဖြင့် နိုင်ငံအတွင်းပို့ဆောင်၍ အများပြည်သူ ယုံကြည်ကိုးကွယ် ရာဖြစ်သော     ဘုန်းတော်ကြီး ကျောင်းအချို့အတွင်း    သိုဝှက် သိမ်းဆည်းခြင်း၊ စခန်းချနေထိုင် ခြင်းများကိုလုပ်ဆောင်၍ ဘာသာ၊ သာသနာတော် ညှိုးနွမ်းပျက်စီး ပပျောက်ရေးကို         ဦးတည် လုပ်ဆောင်လျက်ရှိရာ ကိုးကွယ် ယုံကြည်ရာဘာသာဝင်များ အနေ ဖြင့် အသိတရားလက်ကိုင်ထား၍ သက်ဆိုင်ရာ  အဖွဲ့အစည်းများ၏ ဖော်ထုတ်ဖမ်းဆီးအရေးယူဆောင် ရွက်နေမှုများအပေါ် အထောက် အကူရရှိစေရန်   အကြမ်းဖက် သမားများ၏ သတင်းများကို ရရှိ ပါက နီးစပ်ရာလုံခြုံရေးတပ်ဖွဲ့ဝင် များထံသို့ လျှို့ဝှက်သတင်းပေးပို့ ကြပါရန်          သက်ဆိုင်ရာက တိုက်တွန်းသတင်းထုတ်ပြန်ထားကြောင်း သိရသည်။


သတင်းစဉ်