စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ်အတွင်း အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်ရန် တောင်ပြင်ငယ်ကျေးရွာအတွင်းသို့ ရောက်ရှိနေသည့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များအား ချေမှုန်းတိုက်ခိုက်

 

နေပြည်တော်   ဖေဖော်ဝါရီ    ၆


စစ်ကိုင်းတိုင်းဒေသကြီး   ရေဦးမြို့နယ်အတွင်း အဖျက်အ‌မှောင့်လုပ်ငန်းများ  ဆောင်ရွက်ရန်အတွက် တောင်ပြင်ငယ်ကျေးရွာ   စာသင်ကျောင်းအတွင်း ရောက်ရှိနေသည့် PDF အမည်ခံအကြမ်းဖက်သမား များအား   ယနေ့တွင်    လုံခြုံရေးတပ်ဖွဲ့များက သွားရောက် ချေမှုန်းတိုက်ခိုက်ခဲ့သည်။

 


ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် ဝင်းမနားကျေးရွာရှိ နယ်မြေခံရဲစခန်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား ဖေဖော်ဝါရီ ၅ ရက် နံနက်ပိုင်းတွင် NLD ပါတီ ထောက်ခံသူအစွန်းရောက်အကြမ်းဖက် သမားများနှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များ ပါဝင်သော အင်အား ၁၅၀ ခန့်က ဝင်ရောက်တိုက်ခိုက် ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ  အကြမ်းဖက်သမားများ   ထိခိုက် ဒဏ်ရာရရှိမှုများစွာဖြင့် ရေဦးမြို့နယ် တောင်ပြင်ငယ် ကျေးရွာသို့   ဖရိုဖရဲဆုတ်ခွာ   ထွက်ပြေးသွားခဲ့ပြီး အဆိုပါကျေးရွာ စာသင်ကျောင်းအတွင်း ဝင်ရောက် စခန်းချ နေထိုင်၍ ဒေသခံပြည်သူလူထုနှင့် ခရီးသွား များထံမှ   အဓမ္မဆက်ကြေးတောင်းခံခြင်းများနှင့် အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ သဖြင့် ယနေ့ညနေပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ က   ဝင်ရောက်စီးနင်းရှာဖွေ  တိုက်ခိုက်ခြင်းများ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သူများသည် ကျေးရွာ ၏ အနောက်ဘက်သို့ ဖရိုဖရဲဆုတ်ခွာထွက်ပြေးသွား ခဲ့သည်။

 


ဖြစ်စဉ်တွင် မိမိဘက်မှ ထိခိုက်ဒဏ်ရာရရှိမှုမရှိ ကြောင်းနှင့်PDF အမည်ခံ အကြမ်းဖက်သမားများထံမှ ၎င်းတို့အသုံးပြုခဲ့သည့် Skat အမျိုးအစား မော်တော် ယာဉ်  တစ်စီးနှင့်အတူ  လက်လုပ်ပစ္စတို   ငါးလက်၊ AK ကျည် အတောင့် ၇၀၀၀၊ ၉ မမကျည် အတောင့် ၅၀၊ AK ကျည်အိမ် သုံးခု၊ လက်ပစ်ဗုံးမျိုးစုံ ၁၃ လုံး၊ ဒီတိုနေတာ  ၁၂၀ ၊   ယမ်းမှုန့် ငါးပြည်၊  TNLA တံဆိပ် ပါ  ပြောက်ကျားယူနီဖောင်း  နှစ်စုံနှင့် လက်မောင်း တံဆိပ်မပါ ပြောက်ကျားယူနီဖောင်း ၁၀စုံတို့ အပါ အဝင် အခြားဆက်စပ်ပစ္စည်းများအား   သိမ်းဆည်း ရမိခဲ့သည်။

 


အကြမ်းဖက်သမားများအနေဖြင့်   ယခုကဲ့သို့ စစ်ရေးနှင့် သက်ဆိုင်သော ပစ်မှတ်များ  မဟုတ်ဘဲ ပညာရေးဆိုင်ရာ အဆောက်အဦများနှင့် ကျေးရွာများ အတွင်း လူနေအိမ်များကို အကာအကွယ်ရယူပစ်ခတ် တိုက်ခိုက်ခြင်း၊    စစ်ရေးရည်ရွယ်ချက်အတွက် အသုံးပြုထားခြင်းမရှိသော စစ်ဘက်ပစ်မှတ် မဟုတ် သည့် စာသင်ကျောင်းအား ရည်ရွယ်ချက်ရှိစွာဖြင့် စခန်းချနေထိုင်ခြင်းများသည်  ဂျီနီဗာကွန်ဗန်းရှင်း များနှင့်      အပြည်ပြည်ဆိုင်ရာ      ဥပဒေတို့အရ  စစ်ရာဇဝတ်မှု      ကျူးလွန်ရာရောက်ပြီး   အဆိုပါ ရာဇဝတ်မှုများအတွက် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ၊ ရာဇသတ်ကြီးနှင့် သက်ဆိုင်ရာ တည်ဆဲဥပဒေ များဖြင့် ထိရောက်စွာ အရေးယူနိုင်ရေးဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့်   လုံခြုံရေး တပ်ဖွဲ့ဝင်များက  နယ်မြေလုံခြုံရေး  လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။    

 

သတင်းစဉ်