
နေပြည်တော် မတ် ၂
စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ်၊ ယင်းမာပင်မြို့နယ်၊ ကျွန်းလှမြို့နယ်တို့ အတွင်းရှိ အချို့ကျေးရွာများ၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ ခိုအောင်းနေထိုင်၍ အပြစ်မဲ့ဒေသခံပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်း များကို ခြိမ်းခြောက်သတ်ဖြတ်ခြင်း၊ နိုင်ငံပိုင် အဆောက်အဦများ၊ အများပြည်သူနှင့် သက်ဆိုင်သောနေရာများအား ဖောက်ခွဲမီးရှို့ ဖျက်ဆီးခြင်း၊ ဒေသခံ ပြည်သူလူထုနှင့် ခရီးသွားများကို အဓမ္မဆက်ကြေးတောင်းခံ ခြင်း စသည့် အဖျက်အမှောင့်လုပ်ရပ် များ လုပ်ဆောင်လျက်ရှိကြောင်း ရိုးသား စွာ နေထိုင်လုပ်ကိုင် စားသောက်လိုသည့် တာဝန်သိ ပြည်သူအချို့က သတင်းပေးပို့လာခဲ့သဖြင့် အဆိုပါ မြို့နယ်များ၌ လုံခြုံရေးတပ်ဖွဲ့ဝင် များက လိုအပ်သည့် လုံခြုံ ရေးဆိုင်ရာ လုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်ပေးလျက်ရှိ သည်။
ထိုသို့ ဆောင်ရွက်လျက်ရှိစဉ် ဝက်လက်မြို့နယ် ကျောက်တိုင် ကျေးရွာ၌ PDF အမည်ခံအကြမ်း ဖက်သမားများ ရောက်ရှိခိုအောင်း လျက်ရှိကြောင်း သတင်း အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့တွင် အဆိုပါကျေးရွာသို့ သွားရောက်၍ လိုအပ်သည့် ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ကျေးရွာအတွင်းရှိ နေအိမ်အချို့ မှ လက်လုပ်သေနတ် မျိုးစုံ ၁၆ လက်၊ ပြုလုပ်ဆဲလက်လုပ် သေနတ် ကိုယ်ထည် ငါးခု၊ ၁၂ ဗို့ ကျည် ၄၁ တောင့်၊ လက်လုပ်ကျည် ၁၂ တောင့်၊ လက်လုပ်မိုင်း ၁၁ လုံး နှင့် လက်လုပ်မိုင်းနှင့် လက်နက် ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ NLD ပါတီ အလံ ၈၁ ခုနှင့် ပါတီတံဆိပ်ပါ အင်္ကျီတို့ကို တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။
အကြမ်းဖက်သမားများအနေ ဖြင့် ယခုကဲ့သို့ စစ်ရေးနှင့် မသက်ဆိုင်သော ဘာသာရေး၊ ပညာရေးဆိုင်ရာ အဆောက်အဦ များနှင့် လူနေအိမ်များကို အကာ အကွယ်ရယူ ပစ်ခတ်တိုက်ခိုက် ခြင်း၊ စခန်းချအခြေပြု အကာ အကွယ်ယူ တိုက်ခိုက်ခြင်းတို့ သည် ဂျီနီဗာကွန်ဗင်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု ကျူးလွန်ရာရောက် ပြီး အဆိုပါ ရာဇဝတ်မှုများ အတွက် အကြမ်းဖက်မှုတိုက်ဖျက် ရေး ဥပဒေ ရာဇသတ်ကြီးနှင့် သက်ဆိုင်ရာ တည်ဆဲဥပဒေများ ဖြင့် ၎င်းတို့အပေါ် ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေ ဖြင့် အကြမ်းဖက်မှု နှိမ်နင်းရေး လုပ်ငန်းများကို ပြည်သူလူထု နှင့်အတူ ပူးပေါင်း၍ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်