
မုံရွာ ဇူလိုင် ၁၉
၂၀၂၂ ခုနှစ် မုံရွာတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင် ၁၈ ရက် ညနေပိုင်းတွင် မုံရွာ တက္ကသိုလ် ကျောင်းဝင်းအတွင်းရှိ ဘောလုံးကွင်း၌ ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများ တက်ရောက် အားပေးကြည့်ရှုသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ဗိုလ်လုပွဲ ဘာသာရပ်ပေါင်းစုံ (ဂ) အမျိုးသား ဘောလုံးအသင်းနှင့် ဘာသာရပ် ပေါင်းစုံ (ခ) အမျိုးသားဘောလုံး အသင်းတို့ ယှဉ်ပြိုင်ကစားနေမှု ကို ကြည့်ရှုအားပေးကာ ဘာသာ ရပ်ပေါင်းစုံ (ဂ) အမျိုးသား ဘောလုံးအသင်းက ဘာသာရပ် ပေါင်းစုံ (ခ) အမျိုးသားဘောလုံး အသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိသည်။
ထို့နောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပရာ မုံရွာ တက္ကသိုလ်မှ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များက ပွဲစဉ်တစ်လျှောက်နေရာ အလိုက် အကောင်းဆုံးဆုရရှိကြ သော အားကစားသမားများကို ဆုတံဆိပ်နှင့် ငွေသားဆုများအား လည်းကောင်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်က တတိယဆုရရှိသော ဘာသာရပ် ပေါင်းစုံ (က) အမျိုးသား ဘောလုံး အသင်းကို တစ်ဦးချင်းဆု တံဆိပ် နှင့် ငွေသားဆုငွေကျပ် နှစ်သိန်း အားလည်းကောင်း၊ တိုင်းဒေသ ကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး က ဒုတိယဆုရရှိသော ဘာသာရပ် ပေါင်းစုံ (ခ) အမျိုးသားဘောလုံး အသင်းကို တစ်ဦးချင်းဆုတံဆိပ် နှင့် ငွေသားဆုငွေကျပ် သုံးသိန်း တို့အားလည်းကောင်း ပေးအပ် ချီးမြှင့်ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မုံရွာတက္ကသိုလ်ကျောင်းအတွက် အားကစားပစ္စည်များကို တာဝန် ရှိသူများထံ ထောက်ပံ့ပေးအပ်ပြီး ပထမဆုရရှိသော ဘာသာရပ် ပေါင်းစုံ (ဂ) အမျိုးသားဘောလုံး အသင်းကို တံခွန်စိုက်ဆုဖလား နှင့် ငွေသားဆုငွေကျပ် ငါးသိန်း ပေးအပ်ချီးမြှင့်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)