စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ PDF အကြမ်းဖက်သမားများက ၎င်းတို့နှင့် ခံယူချက်ချင်းမတူတော့ဘဲ အကြမ်းဖက်အဖွဲ့များနှင့် လမ်းခွဲခဲ့သည့် မြို့နယ်အချို့ရှိ NLD ပါတီဝင်များနှင့် ငွေကြေးထောက်ပံ့ပေးနေသူများအား လုပ်ကြံသတ်ဖြတ်

 

နေပြည်တော်  နိုဝင်ဘာ  ၂၅


စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ PDF  အကြမ်းဖက် သမားများက ၎င်းတို့နှင့် ခံယူချက်ချင်းမတူတော့ ဘဲ အကြမ်းဖက်အဖွဲ့များနှင့် လမ်းခွဲခဲ့သည့်   မြို့နယ် အချို့ရှိ NLD ပါတီဝင်များနှင့်  ငွေကြေးထောက်ပံ့ ပေးနေသူများအား နိုဝင်ဘာ ၂၃ ရက်က လုပ်ကြံ သတ်ဖြတ်မှုများ   ပြုလုပ်ခဲ့ကြောင်း  သိရသည်။

 


ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၃ ရက် နံနက် ၇ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး  ဒီပဲယင်းမြို့နယ် သာယာ အေးကျေးရွာနေ   NLD  ပါတီဝန်းရံသူဖြစ်သော ဦးမြင့်ဝင်း (၅၈ နှစ်)  (ဘ)ဦးသာအေးသည် မိသားစု နှင့်အတူ ၎င်း၏နေအိမ်၌ရှိနေစဉ် အင်ဘုတ်ကျေးရွာ နေ ထွန်းတောက်ဇေယျ (၂၂ နှစ်) (ဘ) ဦးလှညိုနှင့် မျိုးဦး (၃၆ နှစ်) (ဘ)ဦးမင်းဝေတို့ ဦးဆောင်သည့် PDF လက်နက်ကိုင်အကြမ်းဖက်သမား (စိစစ်ဆဲ) တို့က  နေအိမ်အတွင်းဝင်ရောက်ကာ တူမီးသေနတ် များဖြင့် ပစ်ခတ်ကာ   ဓားများဖြင့် ဝိုင်းဝန်းထိုးခုတ် ခဲ့မှုကြောင့် ဦးမြင့်ဝင်းနှင့် ဇနီးဖြစ်သူ ဒေါ်နန်းအေး (၅၇ နှစ်) (ဘ)ဦးတင်အောင်၊ သမီးများဖြစ်ကြသော မယဉ်နွယ်ခိုင် (၃၄ နှစ်)(ကိုယ်ဝန်ဆောင်)၊ မလဲ့လဲ့ ခိုင် (၂၆ နှစ်)နှင့်    မခင်ထားနွယ် (၂၅ နှစ်)တို့ ငါးဦး မှာ တူမီးကျည်ထိမှန်ဒဏ်ရာများ၊ ထိုးသွင်း၊ ပြတ်ရှ ဒဏ်ရာများဖြင့်   နေအိမ်အတွင်း သေဆုံးခဲ့ကြောင်း သိရသည်။ 

 


အလားတူ နိုဝင်ဘာ ၂၃ ရက် ညနေ ၅ နာရီ   မိနစ်    ၂၀   တွင် ခင်ဦးမြို့နယ် ရှားလွင်ကျေးရွာနေ NLD ပါတီဝန်းရံသူ ဦးကျော်ထိန်လင်း (၄၀နှစ်) (ဘ) ဦးဝယ်သည် နေအိမ်၌ရှိနေစဉ် PDF အကြမ်းဖက် သမား  ၂၅ ဦးခန့်  ၎င်း၏နေအိမ်သို့  ရောက်ရှိလာ ကာ တူမီးသေနတ်များဖြင့် ပစ်ခတ်ပြီး    ဓားဖြင့် ဝိုင်းဝန်းထိုးခုတ်ခဲ့သဖြင့်      ၎င်း၏နေအိမ်ပေါ်၌    ထိခိုက်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်း သိရ သည်။


ထို့အတူ နိုဝင်ဘာ ၂၃ ရက် ညနေ ၆ နာရီခွဲတွင် ခင်ဦးမြို့နယ် အုန်းပင်ကုန်းကျေးရွာနေ NLD ပါတီဝင်  ဦးချစ်ဦး (၄၀နှစ်) (ဘ)ဦးကျော်မြိုင်အား   ကျေးရွာ၏ မြောက်ဘက် တစ်မိုင်ခန့်အကွာရှိ တောအတွင်း၌ PDF   အကြမ်းဖက်သမားများက သတ်ဖြတ်ကာ အလောင်းအား  မီးရှို့ခဲ့ကြောင်း  သိရသည်။

 


အလားတူ နိုဝင်ဘာ ၂၃ ရက် ည  ၈ နာရီတွင်   ခင်ဦးမြို့နယ် ငါးတင်းကြီးကျေးရွာနေ NLDပါတီ ဝင် ဇော်မင်းထွန်း (ခ)ဂြိုလ်ကောင် (၂၇ နှစ်) (ဘ)ဦးဆန်းမောင်အား PDF   အကြမ်းဖက်သမားများက ၎င်း၏နေအိမ်၌  သတ်ဖြတ်ခဲ့သဖြင့်    သေဆုံးခဲ့ ကြောင်း သိရသည်။

 


အထက်ပါဖြစ်စဉ်များမှ သေဆုံးခဲ့သူများသည် NLD ပါတီဝင်များ၊ ဝန်းရံထောက်ခံသူများ ဖြစ်သည့် အပြင် PDF အကြမ်းဖက်အဖွဲ့ဝင်များ၊    အဆိုပါ အကြမ်းဖက်သမားများအား  ငွေကြေးထောက်ပံ့ ပေးနေသူများဖြစ်ကြပြီး ၎င်းတို့အချင်းချင်း ငွေကြေး မထောက်ပံ့တော့သည့်ကိစ္စများ၊ နိုင်ငံရေးခံယူချက် များကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့သဖြင့် PDF အကြမ်းဖက် အဖွဲ့ များနှင့်လမ်းခွဲကာ      ၎င်းတို့၏ နေအိမ်များသို့ ပြန်လည်လာရောက်နေထိုင်သည့်အချိန်၌   PDF အကြမ်းဖက်သမားများက   လုပ်ကြံသတ်ဖြတ်ခဲ့ ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။    

ရဲပြန်ကြား