စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအား ထိုးနှံပေးမည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး သယ်ဆောင်လာသည့် လူမှုကူညီရေးယာဉ်အား PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းဆွဲတိုက်ခိုက်

 

နေပြည်တော်   ဖေဖော်ဝါရီ    ၃
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအား ထိုးနှံပေးမည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးသယ်ဆောင် လာသည့် လူမှုကူညီရေးယာဉ်အား  PDF  အမည်ခံ အကြမ်းဖက်သမားများက မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် လူမှုကူညီရေးယာဉ်တစ်စီး အနည်းငယ်ပျက်စီးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ   ဖေဖော်ဝါရီ   ၂  ရက်  စစ်ကိုင်းမြို့ နယ်အတွင်းရှိ ပြည်သူများအား ထိုးနှံပေးမည့် ကိုဗစ်- ၁၉ ကာကွယ်ဆေးများကို စစ်ကိုင်းမြို့နယ် ကျန်းမာ ရေးအဖွဲ့မှ တာဝန်ရှိသူများက SGG 4L-3365 နှင့်  HSE/1613 နံပါတ်တပ်ဆင်ထားသည့် Toyota Hiace အမျိုးအစားလူမှုကူညီရေးယာဉ် နှစ်စီးဖြင့် မုံရွာမြို့ပြည်သူ့ဆေးရုံကြီးသို့   သွားရောက်ထုတ်ယူခဲ့ပြီး မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် မုံရွာ-မန္တလေး ကားလမ်း အတိုင်း ပြန်လည်ထွက်ခွာလာခဲ့ရာ ချောင်းဦးမြို့နယ် နတ်ရေကန်ကျေးရွာအနီး မုံရွာ-မန္တလေး ကားလမ်း မိုင်တိုင်အမှတ် ၆၁ မိုင် ၂ ဖာလုံနှင့် ၃ ဖာလုံအကြား အရောက်၌ PDF အမည်ခံအကြမ်းဖက်သမားများက လမ်း၏ ဝဲဘက်အခြမ်းမှ လက်လုပ်မိုင်းတစ်လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့သည်။ ထိုသို့တိုက်ခိုက်ခဲ့သဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ သယ်ဆောင် လာသည့် လူမှုကူညီရေးယာဉ်ပေါ်ပါ ယာဉ်မောင်းနှင့် ကျန်းမာရေးဝန်ထမ်းများ ထိခိုက်ဒဏ်ရာရရှိမှု မရှိ သော်လည်း  HSE/1613  လူမှုကူညီရေးယာဉ်၏ ရှေ့လေကာမှန်ကွဲအက်ကာ      ယာဉ်၏   ဝဲဘက် နောက်ဘီး ပွင့်ထွက်ပျက်စီးခဲ့သည်။
ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာသို့   လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးပြီး အကြမ်း ဖက်သမားများ၏      မိုင်းဆွဲတိုက်ခိုက်ခဲ့မှုကြောင့် ပျက်စီးခဲ့သည့်   ကိုဗစ်-၁၉  ရောဂါ  ကာကွယ်ဆေး တင်ဆောင်လာသည့်     လူမှုကူညီရေးယာဉ်အား ပြန်လည်ပြင်ဆင်၍ စစ်ကိုင်းမြို့သို့ လိုက်ပါပို့ဆောင် ပေးသည်။
ထိုကဲ့သို့ ပြည်သူများအား ထိုးနှံပေးမည့် ကိုဗစ်- ၁၉ ကာကွယ်ဆေးများ သယ်ဆောင်လာသည့် လူမှု ကူညီရေးယာဉ်များအား   မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား   ဖော်ထုတ်ဖမ်းဆီးရမိနိုင် ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေခံတပ်မတော် စစ်ကြောင်းများနှင့် ပူးပေါင်း၍ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။     သတင်းစဉ်