စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ဖော်ဆောင်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အာမခံထားသည်။ လက်ရှိဖြတ်သန်းနေကြရ သည့် အရေးပေါ်ကာလ ဆောင်ရွက်ရမည့်တာဝန်များ ပြီးဆုံးသည့် အခါတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပသွား မည်ဟုလည်း ရှင်းလင်းစွာ ထုတ်ပြန်ကြေညာအသိပေးထားပြီးဖြစ် သည်။ ဤသည်မှာ အိမ်စောင့်အစိုးရအဖွဲ့သည်  နိုင်ငံ၏ အာဏာကို ကာလကြာရှည်စွာ ရယူထားမည်မဟုတ်ကြောင်း အသိပေးထားခြင်း လည်း ဖြစ်သည်။ 
မြန်မာနိုင်ငံ၏ နိုင်ငံရေးစနစ်သည် စစ်မှန်စည်းကမ်းပြည့်ဝသည့်  ပါတီစုံဒီမိုကရေစီစနစ်ဖြစ်သည်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် တစ်ပါတီစနစ်တို့ နိဂုံးချုပ်သွားခဲ့ပြီးနောက် ၁၉၈၈ ခုနှစ်တွင် ပြည်သူများ   လိုလားတောင်းဆိုခဲ့ကြသည့်   ပါတီစုံဒီမိုကရေစီစနစ်ကို တပ်မတော်အစိုးရက အခြေခံမှစကာ တည်ဆောက်ပေးခဲ့ခြင်း ဖြစ် သည်။ ပါတီစုံဒီမိုကရေစီနိုင်ငံတစ်ခုအတွက် လိုအပ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ     ရေးဆွဲခြင်းမှသည်   နိုင်ငံရေး၊  စီးပွားရေး၊  လူမှုရေး အခင်းအကျင်းများအားလုံးကိုလည်း အနာဂတ်နိုင်ငံတော်အတွက် ရည်မျှော်ကာ ပုံဖော်တည်ဆောက်ပေးခဲ့သည်မှာ တပ်မတော်ပင်ဖြစ် သည်။
ပါတီစုံဒီမိုကရေစီစနစ်၏ အသက်ဖြစ်သော ရွေးကောက်ပွဲကို အာဏာရအစိုးရတစ်ရပ်က မလျော်ဩဇာသုံးပြီး မသမာမှုများဖြင့် ၎င်းတို့၏ တစ်ပါတီတည်းကသာ အနိုင်ယူပြီး နိုင်ငံ၏အုပ်ချုပ်ရေး မဏ္ဍိုင်၊   ဥပဒေပြုရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်ကြီးများကို ထိန်းချုပ်ထားခြင်းအားဖြင့် ဒီမိုကရက်တစ်အာဏာရှင်ဖြစ်လာမည် ဖြစ်သည်။ ပါတီစုံဒီမိုကရေစီ ဆိုသည်မှာ အမည်ခံမျှသာ ဖြစ်လာပြီး အာဏာရပါတီနှင့် ကိုယ်ကျိုးရှာမည့်နောက်လိုက်များကသာ နေရာ တကာ   လွှမ်းမိုးလာမည့်   အခြေအနေသို့   ရောက်ရှိသွားလိမ့်မည် လည်းဖြစ်သည်။ နိုင်ငံရေးအာဏာကို တစ်ဦးတည်း၊ တစ်ပါတီတည်း က ဆုပ်ကိုင်ထားရင်း လက်လွှတ်ဆုံးရှုံးရမည်ကို  ကြောက်ရွံ့လာပြီဆို လျှင် သူသည် မသိမသာနှင့် အာဏာရှင်စနစ်ကို ကြိုက်လာခြင်းပင်ဖြစ် သည်။ ပြီးခဲ့သည့်   ၂၀၂၀   ပြည့်နှစ်   ရွေးကောက်ပွဲနှင့်ပတ်သက်၍ လွတ်လပ်မှုနှင့်   တရားမျှတမှုမရှိသည့်  အထောက်အထားများနှင့် မဲမသမာမှုများကို ဒီမိုကရေစီနည်းလမ်းကျစွာ စေ့စပ်ညှိနှိုင်းအဖြေရှာမှု မပြုဘဲ ရှောင်လွှဲ၍ နိုင်ငံ့အာဏာကို အဓမ္မနည်းလမ်းဖြင့် ရယူရန် ဆောင်ရွက်မှုများက နိုင်ငံကို အရေးပေါ်အခြေအနေသို့ ကျရောက်စေ ခဲ့သည်။
လွတ်လပ်မှု၊      တရားမျှတမှုတို့      ကင်းမဲ့ပြီး      မသမာမှုများ ရှိခဲ့သည့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်များမှာ ပျက်ပြယ်သွား ခဲ့ပြီဖြစ်သည်။ လက်ရှိအခြေအနေတွင် နိုင်ငံအတွင်း အရေးပေါ်ကာလ ပြဋ္ဌာန်းချက်များနှင့်အညီ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက် ပွဲအသစ်အတွက် ဆောင်ရွက်မှုများ၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးဆောင်ရွက်မှုများ၊   ကိုဗစ်-၁၉  ကပ်ရောဂါ တားဆီးကာကွယ်  ထိန်းချုပ်‌ရေး ဆောင်ရွက်မှုများကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၊    အိမ်စောင့်အစိုးရအဖွဲ့၊    ပြည်သူများ၊ တပ်မတော်နှင့်  နိုင်ငံရေးပါတီများက ပူးပေါင်းဆောင်ရွက်လျက်ရှိ သည်။
ယင်းသို့သော အခြေအနေတွင် နိုင်ငံကို အလုံးစုံပျက်သုဉ်းရေး အတွက်  အကြမ်းဖက်နည်းလမ်းပေါင်းစုံဖြင့်  ဖျက်ဆီးနေမှုများကို သတိရှိကြရန်လိုသည်။ အာဏာလက်လွတ်ခဲ့ရသူတို့အနေဖြင့် အစိုးရ  ယန္တရား ပျက်စီးရေး၊ တပ်မတော်ပြိုကွဲရေး၊ တစ်နိုင်ငံလုံး တုန်လှုပ် ချောက်ချားရေး၊    ပြည်သူလူထုအတွင်း   မယုံသင်္ကာဖြင့် အချင်းချင်း သွေးကွဲစေရေးတို့အတွက်  အဖျက်အမှောင့်   ပြုလုပ်နေမှုများကို   ပြည်သူများက   ဝိုင်းဝန်းကာကွယ်    ဖော်ထုတ်တားဆီးကြရန်နှင့် တိုင်းရင်းသား ပြည်သူအားလုံး၏ စုပေါင်းညီညာသော အင်အားဖြင့် အနာဂတ်    ဒီမိုကရေစီဖက်ဒရယ်   ပြည်ထောင်စုနိုင်ငံတော်ကြီး ပေါ်ပေါက်လာရေး မျှော်မှန်းဆောင်ရွက်နိုင်ကြပါစေကြောင်း။   ။