စစ်တွေမြို့အနောက်မြောက်ဘက် ၃၈ မိုင်ခန့်အကွာ၌ ဘင်္ဂါလီလူမျိုး ၂၂၈ ဦး လိုက်ပါလာသည့် စက်လှေတစ်စင်း ဖမ်းဆီးရမိ

နေပြည်တော် နိုဝင်ဘာ  ၂၉


မြန်မာ့ပင်လယ်ရေပိုင်နက်အတွင်း  သဘာဝသယံဇာတများ တရား မဝင်  ထုတ်ယူခြင်း၊ မူးယစ်ဆေးဝါး များ၊ တရားမဝင်မှောင်ခိုပစ္စည်း များနှင့် လူများဖြတ်သန်းသယ်ယူ ပို့ဆောင်ခြင်းများ မပြုလုပ်နိုင်ရေး အတွက်    တပ်မတော်(ရေ)မှ စစ်ရေယာဉ်များဖြင့် နေ့ညမပြတ် စောင့်ကြည့်    စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။


ဖမ်းဆီးရမိ


ထိုသို့  ဆောင်ရွက်လျက်ရှိစဉ် ယနေ့နံနက် ၇ နာရီ ၄၅ မိနစ်ခန့် တွင် ရခိုင်ပြည်နယ် စစ်တွေမြို့၏ အနောက်မြောက်ဘက် ၃၈ မိုင်ခန့် အကွာ၌ မသင်္ကာဖွယ် စက်လှေ တစ်စင်း တွေ့ရှိရသဖြင့် သွားရောက် စစ်ဆေးရာ အလျား ၅၉ ပေ ၁ လက်မ၊ အနံ ၁၄ ပေ ၉ လက်မ၊ ရေစူး ၅ ပေခန့်အရွယ် သစ်သား ကိုယ်ထည် ဝဒီထွန်း(၅)အမည်ရှိ စက်လှေတစ်စင်းပေါ်တွင် ဘင်္ဂါလီ လူမျိုး အမျိုးသား ၇၀၊ အမျိုးသမီး ၁၂၅ ဦး၊ ကလေး ၃၃ ဦး စုစုပေါင်း ၂၂၈ ဦးကို လှေလုပ်သား မြန်မာ လူမျိုး  အမျိုးသား  ငါးဦးတို့နှင့် အတူ ဖမ်းဆီးရမိခဲ့သည်။


ဖမ်းဆီးရမိသူများကို လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆက်လက် ဆောင်ရွက်နိုင်ရေး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာနမှ  တာဝန် ရှိသူများနှင့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများထံသို့ လွှဲပြောင်း ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။ 


သတင်းစဉ်