
ကောင်းကင်
လတ်တလော ဖြစ်ပွားနေသည့် Civil Disobedience Movement (CDM) လှုပ်ရှားမှုနှင့် အကြမ်းဖက်ဆန္ဒပြမှုများအပေါ် တာဝန်သိနိုင်ငံ့ဝန်ထမ်း ပြည်သူ တစ်ဦးဖြစ်သော ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဇော်မျိုးဝင်းအား ၎င်း၏ အမြင်နှင့် ခံစားချက်များကို မေးမြန်းပြီး ဖော်ပြလိုက်ပါသည် -
(ယမန်နေ့မှ အဆက်)
ဒါဆို ကျွန်တော်လည်း ဆန္ဒပြမယ်။ သူတို့ တောင်းဆိုတဲ့အချက်ကိုပဲ ကြည့်လေ။ ဒေါ်အောင် ဆန်းစုကြည် လွှတ်ပေးရေး။ ဦးဝင်းမြင့် လွှတ်ပေး ရေး။ ဟိုရွေးကောက်ပွဲရလဒ်တွေ။ ဒါတွေကို ကျွန်တော် လက်မခံနိုင်ပါဘူး။ တောင်းဆိုချက်က တိုင်းပြည်ကောင်းစားဖို့ ဘာတစ်ခုမှ မရှိဘူး။ လွှတ် ပေးပြီး သူတို့အစိုးရ ဖြစ်လာပြီးသွားပြီ။ ငါးနှစ်လုံး တစ်စစီ အကုန်လုံး ဖြစ်သွားပြီ။
ကျွန်တော်တို့ နိုင်ငံ့ဝန်ထမ်းတွေ CDM မှာ ပါဝင် တာ ကိုယ့်ရဲ့ ဝန်ထမ်းဘဝကိုလည်း ကိုယ်က ပြန်ပြီး မသုံးသပ်ဘူး။ မလေ့လာဘူး။ မလေ့လာဘဲနဲ့ ကိုယ် က ဒါကို ဝင်ပါတယ်ဆိုတော့ ပေးဆပ်မှုတွေသည် အံ့ဩတယ်လို့ ကျွန်တော်ပြောချင်တယ်။ ဖြစ်သင့် သလား၊ မဖြစ်သင့်သလားဆိုတာ စဉ်းစားကြည့်ပြီး သွားပြီဆိုရင် မိမိရဲ့သက်ဆိုင်ရာလုပ်ငန်းခွင်ကို ဝင်ပေးကြပါလို့ပဲ ကျွန်တော် မေတ္တာရပ်ခံချင်ပါ တယ်။ နိုင်ငံရေးသိပ္ပွံဘာသာရပ်မှာ ပြောထားတဲ့ နိုင်ငံရေးရဲ့ သဘောသဘာဝ၊ ဒီမိုကရေစီရဲ့ အဓိပ္ပာယ်၊ လူ့အခွင့်အရေးရဲ့ အဓိပ္ပာယ်တွေကို နားလည်သွားပြီဆိုရင်တော့ နိုင်ငံ့ဝန်ထမ်းတွေ ကိုယ့်ရဲ့လုပ်ငန်းခွင်ကို ပြန်ဝင်ကြပါလို့ ကျွန်တော် ပြောချင်ပါတယ်။
နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ထဲမှာ နိုင်ငံဝန်ထမ်း သည် ပါတီနိုင်ငံရေးကင်းရှင်းရေးနှင့် စပ်လျဉ်း၍ အောက်ပါတို့ကို ရှောင်ကြဉ်ရမည်တဲ့၊ ပါတီနိုင်ငံရေး ပြုလုပ်ခြင်း၊ ပါတီနိုင်ငံရေးလှုပ်ရှားမှုတွင် ငွေကြေး အကူအညီပေးခြင်း၊ အခြားနည်းနဲ့ ထောက်ပံ့ခြင်း၊ ပါတီနိုင်ငံရေးအဖွဲ့အစည်းတွင် ပါဝင်ခြင်းတို့ဖြစ်ပါ တယ်။ အဓိပ္ပာယ်က ရှင်းရှင်းလေးပါ။ ပါတီနိုင်ငံရေး ကို မပတ်သက်နဲ့ ရတယ်။ အခုဒီမှာ ကျွန်တော်လာ ပြောတယ်။
ဒါ ပါတီနိုင်ငံရေး။ ကျွန်တော်ပြောတာက ကျွန်တော့်မှာ ပါတီစွဲနဲ့ ပြောနေတာမဟုတ်ဘူး၊ ပုဂ္ဂိုလ်စွဲနဲ့ ကျွန်တော်ပြောနေတာ မဟုတ်ဘူး။ ဒါအမျိုးသားနိုင်ငံရေးနဲ့ ပြောနေတာ။ တပ်မတော် သားတွေက အမျိုးသားနိုင်ငံရေး လုပ်နေတာပါ။ အမျိုးသားနိုင်ငံရေးသမားဆိုတာ တပ်မတော်က လည်း နိုင်ငံရေးသမား။ ကျွန်တော်တို့လို ဝန်ထမ်း တွေကလည်း နိုင်ငံရေးသမား။ ရဟန်းသံဃာတွေ လည်း နိုင်ငံရေးသမား။ ဈေးရောင်းတဲ့ ဈေးသည် တွေလည်း နိုင်ငံရေးသမား။ ယုတ်စွအဆုံး နိုင်ငံ တကာမှာရှိတဲ့ တောင်းရမ်းစားသောက်နေတဲ့သူတွေ တောင် ဒါနိုင်ငံရဲ့ပြယုဂ်ပဲ။ လူ့အဖွဲ့အစည်းထဲမှာ ပါပြီးသွားပြီ။ ဒါလည်း နိုင်ငံရေးသမားပဲ။ နိုင်ငံ တော်မှာ မှီတင်းနေထိုင်တဲ့သူတွေက အကုန်လုံး နိုင်ငံရေးနဲ့ သက်ဆိုင်တယ်။ နိုင်ငံ့ဝန်ထမ်းတွေက လည်း နိုင်ငံတော်အတွက်ကို အလုပ်လုပ်နေကြ တယ်။ သူဦးတည်တာက နိုင်ငံတော်ကောင်းစားရေး၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး နိုင်ငံတော်အတွင်း မှာရှိတဲ့ ရဟန်းရှင်လူပြည်သူတွေကို ဝန်ဆောင်မှုပေး ရမယ်။
ဒါပါတီနိုင်ငံရေးမဟုတ်ဘူး။ နိုင်ငံ့ဝန်ထမ်းကို သတ်မှတ်ထားတာက ပါတီနိုင်ငံရေး ကင်းရှင်းရ မည်လို့ သတ်မှတ်ထားတာ။ ဒီပါတီနဲ့ ပတ်သက်တာ တွေ မလုပ်နဲ့။ ပြောချင်လား ပြောချင်ရင်ရတယ်။ အမျိုးသား နိုင်ငံရေးလုပ်။ တကယ်လည်း နိုင်ငံ့ ဝန်ထမ်းတွေက အမျိုးသားနိုင်ငံရေးနဲ့ သက်ဆိုင် နေတာ။ လုပ်စရာရှိတာ လုပ်မယ်။ ပြောစရာရှိတာ ပြောမယ်။ ဒီလူ့ကို ထောက်ခံတယ်။ ထောက်ခံတာ မဟုတ်ပါဘူး၊ ရပ်တည်ပေးနေတာပါ။ ရပ်တည် သင့်လို့ ရပ်တည်တာ။ ထောက်ခံနေတာနဲ့ မတူဘူး။ သူတို့ကျတော့ အခု ထောက်ခံနေတာပါ။
ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲနဲ့ ထောက်ခံနေတာ ဒါဆိုရင် ပါတီနိုင်ငံရေးဖြစ်သွားပြီ။ နိုင်ငံ့ဝန်ထမ်းက ပါတီ နိုင်ငံရေး မလုပ်ရဘူး။ အမျိုးသားနိုင်ငံရေးတော့ လုပ်ရမယ်၊ နိုင်ငံ့ဝန်ထမ်းရဲ့ သဘောသဘာဝကို နားလည်ရမယ်။ နိုင်ငံတော်အတွက် လုပ်နေတာပါ။ တပ်ချုပ်ကို ကိုယ်စားမပြုပါဘူး။ ကျွန်တော်တို့က နိုင်ငံတော်ကို ကိုယ်စားပြုတဲ့ နိုင်ငံ့ဝန်ထမ်းတွေပါ။
ပါတီနိုင်ငံရေးက အဲဒီလို မဟုတ်ပါဘူး။ ပါတီဥက္ကဋ္ဌ ကို ကိုယ်စားပြုတယ်။ ပါတီဥက္ကဋ္ဌရဲ့ ကိုယ်ကျိုး၊ ပါတီရဲ့ ကိုယ်ကျိုး အဲဒါတွေကို ကိုယ်စားပြုပြီးတော့မှ ပါတီနိုင်ငံရေးဆိုတာ လုပ်တာပါ။ လွဲမှားနေတယ်။ နိုင်ငံ့ဝန်ထမ်းတွေ ပါတီနိုင်ငံရေး လုပ်လို့ရလား၊ မရလားဆိုတာ ဒီလိုရှိတယ်။ နိုင်ငံ့ဝန်ထမ်းတွေက နိုင်ငံတော်အတွက်ပဲ အလုပ်လုပ်ရမယ်။ နိုင်ငံတော် ကို ကိုယ်စားပြုရမယ်။ ပါတီကို ကိုယ်စားမပြုဘူး။ အဲဒါ ပါတီနိုင်ငံရေးကင်းရှင်းရမယ်လို့ ဒါလေး သဘောသဘာဝကို နားလည်ဖို့ ပြောပြတာပါ။
မေး ။ ။ ဆရာ့အနေနဲ့ ဖြည့်စွက်ပြောကြားချင်
တာရှိရင် ပြောပြပေးပါဦး။
ဖြေ ။ ။ ကျွန်တော်က ပြည်သူတစ်ယောက်
အနေနဲ့ ကျွန်တော်က တပ်မတော်သား လည်း မဟုတ်ပါဘူး။ မိဘတွေ၊ ညီအစ်ကို မောင်နှမ တွေထဲမှာလည်း တပ်မတော်သားတစ်ယောက်မှ မပါဘူး။ ဒါက ပြည်သူတစ်ယောက်အနေနဲ့ ရင်ဖွင့် တာပါ။ ပြည်သူတွေအနေနဲ့ မြဝတီတို့၊ MRTV တို့ကို ကြည့်ပါ။ ရွေးကောက်ပွဲ မဲမသမာမှုတွေကို ချပြနေ ပါတယ်။ ဖော်ထုတ်နေပါတယ်။ နောက်ဆက်တွဲ တွေလည်း ထပ်လာဖို့တွေ အများကြီးရှိနေသေး တယ်လို့ ကျွန်တော်ထင်ပါတယ်။ အခုဆန္ဒပြပွဲတွေက လုပ်သင့်သလား၊ မလုပ်သင့်ဘူးလား စဉ်းစားပါ။
ပြည်သူတွေထဲမှာ ဒလန်ဆိုပြီး တက်တူးတွေ ထိုးတယ်။ ကတုံးတွေရိတ်တယ်။ ကိုယ့်ရဲ့ ရပ်ကွက် ထဲမှာ ဖြစ်နေတာတွေကို တားဆီးပေးပါ။ အခုဆိုရင် သတ်တာတွေလည်း ဖြစ်နေပါပြီ။ လူစုလူဝေးဖြစ်ရင် တော့ ဒါတွေက ဖြစ်နေမှာပဲ။ ဒါကြောင့် မိမိတို့ ရပ်ကွက်၊ လမ်းထဲမှာ လူစုလူဝေးလုပ်ရင်တော့ ကိုယ့်လမ်းထဲက လူတွေပဲလား၊ လူစိမ်းပါသလား ကြည့်ပါ။ ဦးစွာလိုက်ရှာပါ။ ကိုယ့်လမ်းထဲက လူတွေ ဆိုရင်တော့ ကိုယ့်အချင်းချင်း ပြန်ထိန်းပါ။ မသမာ တဲ့သူတွေက ဝင်ရောကောင်း ရောနိုင်တယ်။ သူစိမ်း ဆိုရင်လည်း ကိုယ့်လမ်းထဲက မောင်းထုတ်လိုက်ပါ။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တာပါ။
နောက်ဆန္ဒပြတဲ့သူတွေ အများဆုံးပြောနေ တာက အနာဂတ်နောင်ရေးဆိုပြီး အနာဂတ်ဆိုတာ နောက်မှပါ။ အခုလောလောဆယ် ထမင်းစားဖို့ အရင်ပြင်ဆင်ပါ။ အခုဆိုရင် လုပ်ငန်းရှင်တွေ သူတို့ အလုပ်သမားတွေကို လစာပေးဖို့အဆင်မပြေဘူး။ သူတို့ ဘဏ်မှာ ATM စက်တစ်လုံးမှာ အယောက် ၅၀ ပါ။ သူတို့တန်းစီနေကြတယ်။ အကုန်လုံးက ဒုက္ခရောက်နေကြပါပြီ။ စီးပွားရေးတွေလည်း ဒုက္ခရောက်နေတယ်။ စက်ရုံတွေ မီးရှို့တယ်။
ဘယ်သူ ဒုက္ခရောက်မလဲ။ ကျွန်တော်တို့ ပြည်သူ တွေပဲ ဒုက္ခရောက်မယ်။ စက်ရုံပိုင်ရှင်တွေက သူတို့ ရဲ့ ပိုင်ဆိုင်မှုတွေကို အာမခံကုမ္ပဏီတွေမှာ အာမခံ တင်ထားတယ်။ ပျက်စီးဆုံးရှုံးမှုတွေကို အာမခံ ကုမ္ပဏီက ပြန်လျော်ပေးရမယ်။ စက်ရုံပြန်လည် လည်ပတ်ဖို့အတွက် အချိန်တွေ အများကြီးကုန် မယ်။ အဲဒီအချိန်မှာ အလုပ်သမားတွေ အလုပ် လက်မဲ့ ဖြစ်မယ်။ ဘယ်သူတွေ ဒုက္ခရောက်မလဲ ကျွန်တော်တို့ ပြည်သူတွေပဲ ဒုက္ခရောက်မယ်။
ဒါကြောင့် စက်ရုံမီးရှို့တယ်ဆိုရင် ရှို့တဲ့သူကို အတိအကျ ဖော်ထုတ်ပါ။ ရှို့တာကို လက်မခံပါနဲ့။ ကိုယ်တိုင်လည်း မပူးပေါင်းပါနဲ့။ အဲဒီလူကိုလည်း အမိအရဖမ်းပါ။ အဲဒီလူသည် အဖျက်သမား။ တိုင်းပြည်ကို ဒီမိုကရေစီရအောင် မိတ်ဆွေတို့ရှေ့က ဦးဆောင်နေတဲ့သူတွေ မဟုတ်ပါဘူး။ တိုင်းပြည်ကို ကောင်းအောင် လုပ်မယ့်သူတွေ မဟုတ်ပါဘူး။ ဖျက်ဆီးမယ့်သူတွေ ဖြစ်တယ်။ အဲဒီအတွက် ဆန္ဒပြ နေတဲ့ ဂျန်နရေးရှင်းဇက်တွေ၊ ပြည်သူတွေ၊ ညီအစ်ကိုမောင်နှမတွေ ကိုယ်လုပ်နေတဲ့ လုပ်ရပ်က မှန်ကန်သလား စဉ်းစားပါ။
ကျွန်တော်တို့ ပြည်သူတွေ၊ ဝန်ထမ်းတွေ အေးအေးချမ်းချမ်းနေချင်ပါတယ်။ ဒီဆန္ဒပြပွဲတွေ အမြန်ဆုံးရုပ်သိမ်းသွားမှသာလျှင် စားဝတ်နေရေး တွေ ပြန်ပြီးအဆင်ပြေလာမှာပါ။ ကိုဗစ်ကြောင့် ကျွန်တော်တို့ ဒုက္ခတွေလည်း ရောက်ပြီးသွားပြီ။ ဒီကြားထဲမှာ ဆန္ဒပြပွဲတွေကြောင့် စီးပွားတွေ ပျက်စီးရမယ်ဆိုရင် လုံးဝဖြစ်မှာမဟုတ်ပါဘူး။ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီက ကတိပေးထား ပါတယ်။ တစ်နှစ်ဆိုတာ ခဏလေးပါ။ ခဏလေး သည်းခံစောင့်ကြည့်ပေးပါ။ ငါးနှစ်လုံးလုံး ဒေါ်အောင်ဆန်းစုကြည် အုပ်ချုပ်ခဲ့တာတောင် သည်းခံခဲ့တယ်ဗျာ။
ကျွန်တော့် မိတ်ဆွေတွေ ထောက်ခံတယ်။ ကျွန်တော် မထောက်ခံဘူး။ ကျွန်တော် မထောက်ခံ ဘဲ ဆန္ဒထွက်ပြသလား။ မပြခဲ့ဘူး။ ကျွန်တော် နိုင်ငံ့ ဝန်ထမ်းဥပဒေအရ ကျွန်တော် သည်းခံပြီးတော့ပဲ နေခဲ့တယ်။ နိုင်ငံ့ဝန်ထမ်းဥပဒေအနဲ့အညီ နေခဲ့ တယ်။ ဒီအတိုင်းပဲ CDM ပါတဲ့ နိုင်ငံ့ဝန်ထမ်းတွေ အနေနဲ့ တစ်နှစ်လေး သည်းခံလိုက်ပါ။ ဒီတစ်နှစ် ပြီးသွားရင် ရွေးကောက်ပွဲ ပြန်ပြီးကျင်းပပေးမယ်လို့ အာမခံပေးပြီးသားပါ။ ကျွန်တော်လည်း အာမခံ တယ်။ ကျိန်းသေပြောရဲတယ်။ ဦးသိန်းစိန် ငါးနှစ် နဲ့တောင် ဒီဟန်းဆက် ကိုင်နိုင်တယ်ဗျာ။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ဆက်ပြီး အုပ်ချုပ်သွား ဦး။ နောက်ထပ် ၁၀ နှစ်ဆို စင်ကာပူထက် ကျော်နိုင် တယ်။ ဒါကို ကျွန်တော် ရဲရဲကြီး ပြောရဲတယ်။
ဘာဖြစ်လို့လဲဆိုတော့ သူတို့လုပ်တာ ဒီမို ကရေစီကျကျပဲ လုပ်သွားတဲ့အတွက် ဖြစ်ပါတယ်။ အခု လုပ်နေတာလည်း ဆန္ဒပြမှုကို အညင်သာဆုံး နဲ့ပဲ လူသားဆန်ဆန် လုပ်နေတာပါ။ ဆန္ဒပြ ပြည်သူတွေ ခဏလေး သည်းခံပေးပါလို့။ လက်ရှိ ပြနေတဲ့ ပြည်သူတွေလည်း မပြကြပါနဲ့တော့။ ပြည်သူတွေ မျက်နှာကြည့်ပါ။ လက်ရှိ CDM ထဲမှာ မပါတဲ့ ဝန်ထမ်းတွေကို နိုင်ငံရေးသဘောသဘာဝ အရ ကိုယ်နဲ့မတူပေမယ့်လည်း လေးစားပေးဖို့ပါ။ အလေးထားပေးဖို့ပါ။ ကိုယ့်ရဲ့လိုဘပဲ မလုပ်ဖို့ပါ။ ဒါလေး မေတ္တာရပ်ခံချင်ပါတယ်။
မေး ။ ။အခုဆိုရင် လူမှုကွန်ရက် စာမျက်နှာတွေ
ပေါ်မှာ Social Bullying လုပ်တာ တွေ့ရ ပါတယ်။ လမ်းတွေ ပိတ်ဆို့တာတွေလည်း ရှိတယ်။ ဒီလိုအခြေအနေ အပေါ်မှာ အမြင်လေးသိပါရစေ။
ဖြေ ။ ။ ဒါတွေက နိုင်ငံရေးသဘောသဘာဝ
မဟုတ်တော့ဘူး။ အစွန်းရောက်သွားပြီ။ နိုင်ငံရေးမှာကျတော့ လူ့အဖွဲ့အစည်းကို လေးစား လိုက်နာမှု ရှိရမယ်။ လူသားအချင်းချင်း လေးစား လိုက်နာမှုရှိရမယ်။ အသိအမှတ်ပြုရမယ်။ ဒါမျိုးတွေ ရှိပါတယ်။ အခုက လမ်းပိတ်ဆို့တယ်။ ဘယ်သူ ဒုက္ခရောက်မလဲ။ ပြည်သူတွေပဲ ဒုက္ခရောက်တာပါပဲ။ လုပ်တဲ့သူတွေက ပြည်သူက နည်းနည်း၊ အဖျက်လုပ် တဲ့သူက များများပါ။
ဆန္ဒပြချင်ရင် ကိုယ့်ရပ်ကွက်၊ ကိုယ့် အိမ်ရှေ့ မှာပဲ ဆန္ဒပြ၊ လမ်းမကြီးတွေကို ပိတ်တဲ့အခါကျ တော့ တကယ့်တကယ် မီးဘေးဆိုရင်လည်း မီးသတ်ကား သွားမရ၊ ကိုယ့်အိမ်မှာ တခြားသူက လာပြီး လူအုပ်စုကို အမှီသဟဲပြုပြီး၊ အိမ်ဓားပြတိုက် တာတွေ၊ လုတာတွေ ဒါမျိုးတွေ ဖြစ်ကောင်းဖြစ်နိုင် တယ်။ လမ်းတွေပိတ်ထားရင် ဖမ်းပြီး ရဲစခန်းပို့ဖို့ တောင် ဘယ်လိုလုပ်မလဲ။ ကိုယ့်အိမ်ထဲက မိသားစု ကျန်းမာရေးအရေးပေါ်ရင် ကိုယ့်မိသားစုပဲ ဒုက္ခ ရောက်မှာပါ။ အဲဒီအတွက် လမ်းတွေ ပိတ်တာကို မလုပ်ကြပါနဲ့တော့။ တိုင်းပြည် ပြန်လည်ဖွံ့ဖြိုးဖို့ အတွက်ကို ဆင်ဆင်ခြင်ခြင် သည်းခံပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။
အဖျက်သမား အုပ်စုတွေက Social Bullying လုပ်ကြတယ်။ အရှက်ခွဲခံရတယ်။ တချို့က သတင်း တုတွေနဲ့ Social Punishment လုပ်ကြတယ်။ သတင်းတုတွေထွက်တယ်။ အဲဒီ သတင်းအတုတွေ ကို ယုံကြတယ်။ သတင်းတုကို မယုံကြပါနဲ့။ ဖေ့စ်ဘွတ်သုံးတဲ့အခါ သတင်းနဲ့ အတင်းရှိတယ်၊ သုံးတတ်ဖို့လိုတယ်။ တက်လာတာတွေဟာ သတင်း လား၊ အတင်းလား။ အတင်းဆိုတာ လူတစ်ယောက် ကို တိုက်ခိုက်တာ၊ ယုတ်မာတာ။
အစိုးရကို ဝေဖန်တာနဲ့ မတူတော့ဘူး။ အပြု သဘော မဆောင်တော့ဘူး။ အစိုးရကို နစ်နာ အောင် ပြောဆိုတာတွေက တိုက်ခိုက်တာပါ။ ကိုယ့်ရဲ့အခွင့်အရေး၊ ပြည်သူရဲ့ အခွင့်အရေးအတွက် ဝေဖန်ထောက်ပြတာမျိုးက အပြုသဘောဆောင် သင့်ပါတယ်။ အပြုသဘောဆောင်ပြီး ဝေဖန်တာနဲ့ တိုက်ခိုက်တာ နှစ်မျိုးရှိသလို သတင်းနဲ့ အတင်းဆို တာ နှစ်မျိုးရှိတယ်။ Social Bullying လုပ်နေတဲ့ ဟာတွေကြောင့် သတင်းတုတွေ၊ သတင်းယောင်တွေ အများကြီးဖြစ်ပေါ်နေတယ်။ အဲဒါတွေကို လိုက်ခ် လုပ်တာ၊ ရှယ်တာမျိုး မလုပ်ကြပါနဲ့။
တက်လာတဲ့ သတင်းတိုင်းကိုလည်း မယုံကြည် ပါနဲ့။ အခု RFA ၊ DVB ၊ Mizzima တို့ လွှင့်တာတွေက တရားမဝင်ပါဘူးလို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ကြေညာထားတယ်။ အခုငြိမ်သွားတယ် ဆိုတာက ပွင့်ပွင့်လင်းလင်းပြောရရင် ဒီဟာကို ပိတ်သိမ်းလိုက်လို့ပဲ။ ဒီတားမြစ်ချက်ကို ထုတ်လိုက် လို့ပဲ။ ဆန္ဒပြပွဲအများစုကို ကြည့်လိုက်ရင် သတင်း ထောက်တွေက ရှေ့ဆုံးကပဲ။ ဟိုက ဖြိုခွဲတော့မယ်ဆို သူတို့က ကျွန်တော်တို့ သတင်းသမားတွေပါဆိုပြီး နောက်ပြန်ရောက်သွားပြီ။ အဲဒီလိုနဲ့ ဆူပူအကြမ်း ဖက်မှုဖြစ်အောင် လုပ်နေတာက မီဒီယာတွေပဲ။ မီဒီယာသမားတွေကိုလည်း မယုံကြပါနဲ့။
ကျွန်တော် အဓိက ပြောချင်တာက အိမ်ရှင် သည်သာ မိမိအိမ်ကို မိမိပြင်နိုင်မှာပါ။ ကျွန်တော့် အိမ်ကို အစိုးရက လာမပြင်ပေးဘူး။ ကျွန်တော် ဘာသာ ပြင်ရမှာပါ။ အိမ်ရှင်သည်သာ ကိုယ့်အိမ်ကို ပြင်နိုင်မှာပါ။ ဒီအတိုင်းပဲ ကိုယ့်နိုင်ငံရဲ့ ပြည်တွင်း ရေးကို R2P တွေ၊ UN တွေ တွေးခေါ်မနေပါနဲ့။ အစဉ်အဆက်ကို ပြန်ပြီးလေ့လာပါ။
အမေရိကန်မှာလည်း သူ့ဟာနဲ့သူ ပြဿနာတွေ ဖြစ်နေကြတာပါ။ ဘာမှ လုပ်လို့မရဘူး။ R2P လည်း မျှော်မနေပါနဲ့။ ကိုယ့်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို လေ့လာပါ။ မြန်မာ့တပ်မတော်မှာ လက်နက်တွေ အနေနဲ့ ဘာတွေ ပိုင်ဆိုင်မှုရှိတယ်။ မြန်မာ့ တပ်မတော်ဟာ ဘယ်လောက်အထိ စစ်အင်အား ကောင်းသလဲ၊ စည်းကမ်း ဘယ်လိုပြည့်ဝသလဲ၊ အားအင် ဘယ်လိုမျိုးရှိသလဲ၊ ဒါတွေကို အားကိုးပါ။
ကိုယ့်နိုင်ငံကို အားကိုးပါ။ သူများနိုင်ငံကို အားမကိုး ပါနဲ့။ တိုက်ယူလို့ မရရင် ဘာလုပ်မလဲ၊ မေတ္တာပါ။ အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရသွားတယ်။ ဂန္ဒီ တိုက်ခဲ့ တာသည် လက်နက်နဲ့ တိုက်ခဲ့တာ မဟုတ်ပါဘူး။ သူသည် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပြီးတော့ တိုက်ခဲ့တာပါ။ အခု ဆန္ဒပြနေတာက ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းမဟုတ်ဘူး။ လက်နက်တွေ ပါလာတယ်။ ဒါတွေက မဖြစ်သင့်ဘူး။ ဂန္ဒီတုန်းက ဘာလက်နက် မှ မယူဘူး။ ရိုက်ရင်ခံတယ်။ ရိုက်ရင် ခံပြီး အချုပ်ကျ၊ ထောင်ကျ အဲဒီလိုမျိုးနဲ့ပါ။ အဲဒါကြောင့်မို့လို အိန္ဒိယ နိုင်ငံရဲ့ လွတ်လပ်ရေးဖခင်လို့ အားလုံးက ယုံကြည် ခဲ့တယ်။
ဒီခေတ်မှာကျတော့ အဲဒီလိုမျိုးမဟုတ်ဘူး။ ဆူပူ ဆန္ဒပြတဲ့သူတွေ၊ မင်းမဲ့စရိုက်တွေက လက်နက်တွေ သုံးတဲ့အခါကျတော့ ဒါက ငြိမ်းချမ်းစွာ ဆန္ဒထုတ် ဖော်ခြင်း မဟုတ်တော့ဘူး။ ပြည်သူတွေလည်း သိဖို့ ပြောပြတာပါ။ တရားမဝင်လက်နက်ကိုင်တာနဲ့ သူ့ကို အကြမ်းဖက်လို့ပဲ သတ်မှတ်ထားပါတယ်။ နိုင်ငံတော်လုံခြုံရေးအတွက် လက်နက်ကိုင်တာ မဟုတ်ပါဘူး။ တကယ်ကို ဒီမိုကရေစီ ရချင်တယ် ဆိုရင် ငြိမ်းချမ်းစွာဆန္ဒပြပါ။ အဲဒီကျရင် အခြေအနေ ပြောင်းလဲသွားပါလိမ့်မယ်။ ဆန္ဒပြတော့မယ်ဆိုရင် ဘာလက်နက်မှ မကိုင်ပါနဲ့။ ဖမ်းမယ်ဆိုလည်း အဖမ်းခံလိုက်ပါ။ ရိုက်တာ ပုတ်တာလည်း လုပ်မှာ မဟုတ်ပါဘူး။ လက်နက်မကိုင်ဘဲနဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တာနဲ့ လက်နက်ကိုင်တာ ဘယ်လို ကွာခြားသွားမလဲဆိုတာ ကြည့်ပါ။ အိန္ဒိယနိုင်ငံကို အတုယူပါလို့ ကျွန်တော် ပြောပါရစေ။
ကိုယ့်အိမ်ရှေ့မှာ အဲဒီလို အကြမ်းဖက်မှုတွေ လုပ်မယ်ဆိုရင် လမ်းထဲကလူတွေက မောင်းထုတ် ပေးပါ။ ဆူပူဆန္ဒပြမှုကို လုံးဝလက်မခံပါနဲ့။ ဆန္ဒပြ မှုအေးချမ်းသွားရင် ပြည်သူတွေလည်း ထမင်းဝဝ စားရမှာပါ။ အခုက ထမင်းစားဖို့တောင် စိတ်မချမ်း သာဘူး။ ကြောက်နေရတယ်။
အခုလို ပြည့်ပြည့်စုံစုံ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ။
- Log in to post comments