
ပရီမီယာလိဂ်ပွဲစဉ် (၅) အပြီး ကြား နေ ရ တာ က တော့ မန်စီးတီး က နော်တင်ဟမ် ဖော ရက်စ် အ သင်း ကို ခြောက် ဂိုး ပြတ် အနိုင် ရရှိခဲ့တဲ့ ပွဲစဉ် မှာ အသင်း အတွက် ဟက် ထရစ် ရယူနိုင် ခဲ့တဲ့ တိုက်စစ် ကစားသမားသစ် ဟာလန်းရဲ့ ခြေစွမ်း အကြောင်းပဲ ဖြစ်ပါတယ်။ ဟာလန်းအနေနဲ့ အဲဒီပွဲစဉ်မတိုင်မီ ခရစ္စတယ်ပဲလေ့စ်အသင်းကို လေးဂိုး-နှစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ လည်း ဟက်ထရစ်ရယူထားနိုင်ပါသေးတယ်။
ဟာလန်းဟာ ခရစ္စတယ်ပဲလေ့စ်အသင်းကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ရရှိခဲ့တဲ့ ဟက်ထရစ်က ဒုတိယပိုင်းအတွင်းဖြစ်ပြီး နော်တင်ဟမ်အသင်းနဲ့ပွဲစဉ်မှာ ရရှိခဲ့တဲ့ ဟက်ထရစ်က ပထမပိုင်း အတွင်း ဖြစ်ပါတယ်။ ပြောမယ်ဆိုရင် ဟာလန်းဟာ ငါးရက်အတွင်း ဟက်ထရစ်နှစ်ကြိမ်ရယူနိုင်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ ပရီမီယာလိဂ် ဂိုးအများဆုံးသွင်းယူထားသူစာရင်းမှာ ကိုးဂိုးနဲ့ ဦးဆောင်ထားတယ်။ ဒါကြောင့် အသက် ၂၂ နှစ်အရွယ် နော်ဝေ တိုက်စစ်ကစားသမား ဟာလန်းအနေနဲ့ ပရီမီယာလိဂ် ငါးပွဲမှာ ကိုးဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ၎င်းအနေနဲ့ ဩဂုတ်လမှာ ကိုးဂိုးသွင်းယူနိုင်တဲ့ပထမဆုံး ကစားသမား ဖြစ်လာခဲ့သလို ပရီမီယာလိဂ် ပြိုင်ပွဲမှာ နှစ်ကြိမ်ဆက် ဟက်ထရစ်ရယူ နိုင်တဲ့ ခုနစ်ဦးမြောက် ကစား သမားလည်း ဖြစ်လာခဲ့ပါ တယ်။
ပွဲစဉ် (၅) အပြီးမှာ ပြိုင် ဘက်နော်တင်ဟမ် နည်းပြ စတိဗ်ကူပါး ကိုယ်တိုင် ဟာ လန်းရဲ့ ခြေစွမ်းနဲ့ပတ်သက်ပြီး သူက ထက်မြက်ပြီး စွမ်းဆောင် ရည်ကောင်းတွေ အများကြီး ရှိတဲ့ ကစားသမားတစ်ဦးဖြစ်တယ်လို့ ချီးကျူးပြောဆိုသွားပါတယ်။ ဒါ့အပြင် တိုက်စစ် ကစားသမားဟောင်း တစ်ဦးဖြစ်သူ ဒက်ဘလင် ကလည်း မန်စီးတီးအသင်းက လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်ကစားသမားကို ပိုင်ဆိုင်ထားကြောင်းနဲ့ ဟာလန်းသာ ပရီမီယာလိဂ်မှာ ကာလရှည်ဆက်ရှိနေရင် စံချိန်တိုင်းကို ချိုးဖျက် သွားနိုင်ဖွယ်ရှိကြောင်း ပြောပါတယ်။
နည်းပြ ဂွါဒီယိုလာကတော့ ဟာလန်းအနေနဲ့ မန်စီးတီးအသင်း ရဲ့ ထာဝရဂိုးသွင်းရှင် အဂူရိုရဲ့ တူညီတဲ့အနေအထားကို လိုက်မီဖို့ တော့ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် ဟာလန်းမှာ အရည် အချင်းတွေ အများကြီးရှိတယ်။ နော်ဝေ၊ ဩစတြီးယားနဲ့ ဂျာမနီမှာ ရရှိထားတဲ့ သူ့ရဲ့ပုံစံကောင်းတွေကို အခုဒီ (အင်္ဂလန်) မှာ ဆက်လက် ရရှိဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။
ဟာလန်းက မန်စီးတီးအသင်းကို မပြောင်းရွှေ့မီ ဩစတြီးယား ကလပ် ဆောလ်ဘတ်၊ ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်အသင်း တို့မှာ ကစားခဲ့ပြီး ဆောလ်ဘတ်အသင်းအတွက် ပြိုင်ပွဲအရပ်ရပ် ၂၇ ပွဲ ပါဝင်ကစားထားပြီး ၂၉ ဂိုးသွင်းယူပေးထားကာ ဒေါ့မွန် အသင်းအတွက် ပြိုင်ပွဲအရပ်ရပ် ၈၉ ပွဲ ပါဝင်ကစားထားပြီး ၈၆ ဂိုးအထိ သွင်းယူထားသူ ဖြစ်ပါတယ်။
ဒါကြောင့် ဟာလန်းအနေနဲ့ လာမယ့် အက်စတွန်ဗီလာအသင်း နဲ့ ပွဲစဉ်မှာလည်း ပွဲထွက်ခွင့်ရကာ ထပ်မံဂိုးတွေ သွင်းယူသွားနိုင်ဦး မလား စိတ်ဝင်စားဖွယ်ရာပင်။
မိုးဇက် - စုစည်းသည်