
ပရီမီယာလိဂ် ပွဲစဉ် (၂၈) မတ် ၁၈ ရက် ည ၉ နာရီခွဲက ယှဉ်ပြိုင် ကစားခဲ့သည့် တန်းဆင်းဇုန်မှ ဆောက်သမ်တန်နှင့် စပါးအသင်း တို့ပွဲစဉ်တွင် အပြန်အလှန်သွင်းဂိုး များနှင့်အတူ တစ်ဖက်သုံးဂိုးစီဖြင့် သရေကျခဲ့သည်။ ပွဲချိန် ၄၅ မိနစ် တွင် ဆွန်ဟောင်မင်၏ ဖန်တီးမှု ကို ပေါ်ရို ဂိုးအဖြစ် ပြောင်းလဲနိုင် ခဲ့သည့်အတွက် စပါးအသင်း ဦးဆောင်ဂိုး ရရှိခဲ့သည်။
ဆောက်သမ်တန်အသင်းက ဒုတိယပိုင်း ပြန်လည်စတင်ပြီး မကြာမီတွင် ချေပဂိုးရရှိခဲ့ကာ ဝဲလ်ကော့သ်၏ ဖန်တီးမှုကို အဒမ်စ်က သွင်းယူပေးနိုင်ခဲ့ သည်။ စပါးအသင်းအတွက် ဒုတိယဂိုးနှင့် တတိယဂိုးကို ပွဲချိန် ၆၅ မိနစ်နှင့် ၇၄ မိနစ်တို့တွင် အသင်း အဓိကတိုက်စစ်ကစား သမား ဟယ်ရီကိန်းနှင့် ပါရီဆစ် တို့က သွင်းယူပေးနိုင်ခဲ့သည်။
ဆောက်သမ်တန် အသင်း အတွက် ဒုတိယချေပဂိုးကို ပွဲချိန် ၇၈ မိနစ်တွင်ရရှိခဲ့ပြီး ဝဲလ်ကော့သ် က သွင်းယူပေးခဲ့သည်။ ထို့နောက် ပွဲချိန်ပြည့်ခါနီးတွင် ဆောက်သမ် တန်အသင်း ပယ်နယ်တီကန်သွင်း ခွင့်ရရှိခဲ့ပြီး အသင်းခေါင်းဆောင် ဝက်ပရောက်က အမှားအယွင်းမရှိ သွင်းယူနိုင်ခဲ့သည်။
အခြားသော ပွဲစဉ်ရလဒ်များ တွင် အက်စ်တွန်ဗီလာက ဘုန်းမောက်ကို သုံးဂိုးပြတ်၊ လိဒ်စ်က ဝုဖ်ကို လေးဂိုး- နှစ်ဂိုး ဖြင့် အနိုင်ရရှိခဲ့သည်။ ဘရန့်ဖို့ဒ်နှင့် လက်စတာအသင်းတို့ ပွဲစဉ်တွင် တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ သည်။
အောင်ဇော်