ဆေးရုံတက်ရောက်ရမှု၊ ရောဂါပြင်းထန်မှုတွေက အခုလို ‘ဒယ်လ်တာ’ ဖြစ်တဲ့အချိန်မှာ သိသိသာသာ လျှော့ချနိုင်တဲ့အတွက် ကာကွယ်ဆေးရဲ့ ကောင်းကျိုးတွေက အများကြီးဖြစ်ပါတယ်

 

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း  သိကောင်းစရာ အစီအစဉ်

ထက်လျှံ

ကာကွယ်ဆေးထိုးနှံခြင်း၏ အရေးကြီးပုံနှင့်ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေး ဦးစီးဌာန  ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှ  ညွှန်ကြားရေးမှူး  ဒေါက်တာ  သန်းနိုင်စိုးနှင့် တွေ့ဆုံမေးမြန်းထားပါသည်။

မေး    ။    ။    ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးနှံခြင်းက             အရေးကြီးပုံနဲ့     ကာကွယ်ဆေးရဲ့ ပေါ်ပေါက်လာပုံ  သမိုင်းကြောင်းကို  ပြောကြား ပေးပါဦး။
ဖြေ    ။    ။    ကိုဗစ်-၁၉ ရောဂါနဲ့ ရင်ဆိုင်နေရချိန်မှာ             ရောဂါကာကွယ်ရေးအတွက် ရေရှည် အကျိုးရလဒ်ရရှိဖို့နဲ့ တစ်ခုတည်းသော ထွက်ပေါက် က ကာကွယ်ဆေးထိုးနှံခြင်း ဖြစ်ပါတယ်။ ကာကွယ်  ဆေးတွေ ပေါ်ပေါက်လာတယ်ဆိုတာ ခေတ်ပေါ် ဆေးသိပ္ပံပညာရဲ့ အသီးအပွင့်တွေလို့ ပြောလို့ရပါ တယ်။ 


ကာကွယ်ဆေးတွေက ဘာကြောင့်အရေးပါ လာသလဲဆိုရင်   လူသားတွေအနေနဲ့  ကပ်ရောဂါ တွေကို      အခုမှရင်ဆိုင်ရတာ      မဟုတ်ပါဘူး။ ကိုဗစ် - ၁၉ ရောဂါ မတိုင်ခင် ကပ်ရောဂါတွေ အများ  အပြား ရင်ဆိုင်ခဲ့ရပါတယ်။ ဒီရောဂါတွေကြောင့် သမိုင်းမှာ လူသန်းပေါင်းများစွာ ဆုံးရှုံးခဲ့ရတာတွေရှိ ခဲ့ပါတယ်။ အခု ကိုဗစ်-၁၉ ရောဂါကို နောက်ဆုံး ကပ်ရောဂါလို့    ပြောလို့မရပါဘူး။    နောက်ထပ် အသစ်ဖြစ်ပေါ်လာနိုင်တဲ့ ကပ်ရောဂါတွေ ရှိလာ နိုင်ပြီး ဒါကို Emerging infectious Diseases  လို့ ခေါ်ပါတယ်။   လတ်တလော   ဖြစ်ပွားမှုကျဆင်း နေပေမယ့်      ပြန်လည်   ခေါင်းထောင်လာနိုင်တဲ့ ကူးစက်ရောဂါတွေရှိပြီး   ဒါကို     Re-emerging infectious Diseases လို့ ခေါ်ပါတယ်။ ဒီလို Emer-ging နဲ့ Re-emerging infectious Diseases တွေရဲ့ သဘောအနေနဲ့ ကပ်ရောဂါအသွင် ဖြစ်ပွားနိုင်ပါ တယ်။ ဒီလိုရောဂါတွေ ကပ်ရောဂါအသွင် ဖြစ်ပွား နိုင်တာကို   ဖြေရှင်းနိုင်တဲ့  ထိရောက်တဲ့  စုပေါင်း နည်းလမ်းက ကမ္ဘာလုံးဆိုင်ရာကျန်းမာရေး Global Health  ဖြစ်ပြီး  Global  Health  လုပ်ငန်းစဉ်ရဲ့ အလွန်အစွမ်းထက်တဲ့လက်နက်က ကာကွယ်ဆေးထိုးနှံခြင်းဖြစ်ပါတယ်။ 


ကာကွယ်ဆေးတွေ       ပေါ်လာတဲ့နေရာမှာ အကျိုးရှိဆုံးနဲ့ အထင်ရှားဆုံး ဥပမာက ကျောက် ရောဂါ ဖြစ်ပါတယ်။ ကျောက်ရောဂါဖြစ်ပွားရင် ဖြစ်ပွားသူဦးရေရဲ့ သုံးပုံတစ်ပုံအထိ သေဆုံးနိုင်ပြီး  ရှင်သန်ကျန်ရစ်ခဲ့သူတွေအနေနဲ့        မျက်နှာမှာ ကျောက်ပေါက်မာတွေ၊      မျက်စိမမြင်တာတွေ ဖြစ်တာရှိတဲ့အတွက် ကပ်ရောဂါဆိုးကြီးတစ်ခုလို့  ပြောလို့ရပါတယ်။        ဒီကျောက်ရောဂါကိုလည်း လူသားတွေက    နည်းအမျိုးမျိုးနဲ့      ကာကွယ် ထိန်းချုပ်နိုင်အောင် ဆောင်ရွက်ခဲ့ကြပါတယ်။ 


၁၇၉၆  ခုနှစ်  မေလမှာ   အင်္ဂလိပ်သမားတော် Edward Jenner က နွားခြံက နွားကျောက်ပေါက် ထားသူတွေမှာ  လူနဲ့ပတ်သက်တဲ့ ကျောက်ရောဂါ တွေ မဖြစ်ဘူးဆိုတာကို စတင်တွေ့ရှိပြီး အသက် ရှစ်နှစ်အရွယ် James Phipps ကို နွားနို့ညှစ်တဲ့ အလုပ်သမ   Sarah   Nelms   ရဲ့   နွားကျောက် ပေါက်တဲ့အနာက အရည်ကြည်ကိုယူပြီး James  Phipps ရဲ့ အရေပြားမှာရှိတဲ့ ပြတ်ရှဒဏ်ရာထဲကို ထည့်ပေးလိုက်ပါတယ်။ နောက်ထပ် ခြောက်ပတ် လောက် ကြာတဲ့အခါမှာ ကျောက်ရောဂါနဲ့ ထိတွေ့ စေတယ်။ ဒါပေမယ့် James Phipps မှာ ကျောက် ရောဂါဖြစ်တာ  မတွေ့ရပါဘူး။ အဲဒီကနေ ကျောက် ရောဂါ    ကာကွယ်ဆေးကို    စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။   Edward   Jenner  ရဲ့ တွေ့ရှိမှုက ခေတ်ပေါ်ကာကွယ်ဆေးတွေရဲ့အစလို့    ပြောလို့ ရပါတယ်။    လက်တင် ဘာသာလို    နွားမကို   Vacca လို့  ခေါ်ပါတယ်။ Edward Jenner ရဲ့ တွေ့ရှိ မှုကို ဂုဏ်ပြုပြီး နွားမကနေရတဲ့ ကာကွယ်ဆေး ဖြစ်တဲ့အတွက်   Vacca   ကနေ    နောက်ပိုင်းမှာ ကာကွယ်ဆေး Vaccination ဆိုပြီး ဝေါဟာရအသစ် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ 


ကျောက်ရောဂါ ကာကွယ်ဆေးရဲ့ ကောင်းကျိုး တွေကို  သိတဲ့အတွက်  နိုင်ငံတိုင်းက အစိုးရတွေ အနေနဲ့ ကျောက်ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်း ကို အားပေးခဲ့ပါတယ်။ ၁၇ နဲ့ ၁၈ ရာစု ကြားမှာ ကိန်းဂဏန်းတွေက    သိသိသာသာ     တိုးတက် ပြောင်းလဲလာခဲ့တယ်။    Edward    Jenner     ရဲ့ ကာကွယ်ဆေး မပေါ်ခင်ကာလ သက္ကရာဇ် ၁၇၀၀  ကနေ ၁၇၉၇ ခုနှစ်အထိ ကျောက်ရောဂါကြောင့်  သေဆုံးနှုန်းက လူတစ်သန်းမှာ ၃၀၀၀ အထိရှိခဲ့ပြီး ၁၈၃၈ ခုနှစ်မှ ၁၈၅၃ ခုနှစ်အတွင်း လူတစ်သန်းမှာ  သေဆုံးနှုန်းက  ၄၁၇ ဦးပဲ  ရှိပါတယ်။ မဖြစ်မနေ ကာကွယ်ဆေးထိုးရမယ်လို့   သတ်မှတ်တဲ့ကာလ  ၁၈၅၇ ခုနှစ်မှ ၁၈၆၆ ခုနှစ်အထိ လူတစ်သန်းမှာ သေဆုံးမှုနှုန်းက ၂၁၄ ဦးရှိပါတယ်။ ၁၈၈၉ ခုနှစ်မှ  ၁၈၉၈ ခုနှစ်အထိ ကျောက်ရောဂါကာကွယ်ဆေးကို မထိုးမနေရ   သတ်မှတ်ပြီး    မထိုးရင်အရေးယူတဲ့ အတွက်    ကျောက်ရောဂါကြောင့်       သေဆုံးမှုက လူတစ်သန်းမှာ ၁၀ ဦးရှိပါတယ်။ ၁၉၈၀ ပြည့်နှစ်  ကမ္ဘာပေါ်မှာ ကျောက်‌ရောဂါ လုံးဝကင်းစင်ပြီလို့  ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကြေညာနိုင်ခဲ့ပါတယ်။ Edward Jenner ရဲ့ ကျောက်ရောဂါကာကွယ်ဆေး စတင်တွေ့ရှိမှုကနေ    လူသန်းပေါင်းများစွာရဲ့ အသက်ကို ဆက်လက်ကယ်ဆယ်နိုင်ခဲ့ပြီး ကမ္ဘာ မြေကြီးပေါ်ကနေ     ကျောက်ရောဂါ       လုံးဝ ပျောက်ကွယ်သွားတဲ့အဆင့်အထိ ရောက်ရှိလာ တာက ကာကွယ်ဆေးရဲ့ အလွန်အောင်မြင်တဲ့     သမိုင်းကြောင်း ဖြစ်ပါတယ်။ 


မေး    ။     ။     ကာကွယ်ဆေး အဆင့်ဆင့်ထုတ်လုပ်ပုံ             ကို ရှင်းပြပေးပါဦး။
ဖြေ    ။    ။    ဆေးသိပ္ပံပညာရပ်တွေ ပိုပြီးထွန်းကား             လာတဲ့အခါ ထပ်ပြီး ကာကွယ်ဆေးတွေ တွေ့ရှိလာပါတယ်။   ပြင်သစ်သိပ္ပံပညာရှင်   Louis Pasteur က ၁၈၈၀ ပြည့်နှစ်မှာ ကာလဝမ်းရောဂါ၊  ၁၈၈၅ ခုနှစ်မှာ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး တွေကို တွေ့ရှိခဲ့ပါတယ်။ ဆက်လက်ပြီး ကာကွယ် ဆေးတွေ ထွက်ပေါ်လာတာက ကြက်ညှာချောင်းဆိုး ရောဂါ   (၁၉၁၄   ခုနှစ်)၊   ဆုံဆို့နာကာကွယ်ဆေး (၁၉၂၆   ခုနှစ်)၊   မေးခိုင်ရောဂါ  ကာကွယ်ဆေး (၁၉၃၈ ခုနှစ်)၊   တုပ်ကွေးရောဂါ   ကာကွယ်ဆေး (၁၉၄၅ ခုနှစ်)၊ ပါးချိတ်ရောင်ရောဂါ (၁၉၄၈ ခုနှစ်)၊ ပိုလီယိုရောဂါ   (၁၉၅၅  ခုနှစ်)၊   ဝက်သက်ရောဂါ (၁၉၆၃ ခုနှစ်)၊   ဂျိုက်သိုးရောဂါ   (၁၉၆၉   ခုနှစ်)၊ အသည်းရောင်အသားဝါဘီ ကာကွယ်ဆေး (၁၉၈၆ ခုနှစ်)၊ ဝမ်းပျက်ဝမ်းလျှောအတွက် ရိုတာဗိုင်းရပ်စ် ကာကွယ်ဆေး (၁၉၈၈ ခုနှစ်)၊ Human Papillo-mavirus (HPV)  ကာကွယ်ဆေး  (၂၀၀၆   ခုနှစ်) စသဖြင့် ကူးစက်ရောဂါ တော်တော်များများအတွက် ကာကွယ်ဆေးတွေ ပေါ်ထွက်လာပါတယ်။ အချို့ ကာကွယ်ဆေးတွေက ကူးစက်ရောဂါကာကွယ် ရုံတင်မကဘူး၊ ကင်ဆာရောဂါကိုပါ အကာအကွယ် ပေးလာနိုင်တဲ့    အာနိသင်ရှိပါတယ်။   ဥပမာ- အသည်းရောင်အသားဝါဘီကာကွယ်ဆေးက ဘီပိုး ကြောင့် အသည်းကင်ဆာဖြစ်တာ၊ HPV ကာကွယ် ဆေးက HPV ပိုးကြောင့် သားအိမ်ခေါင်းကင်ဆာ ဖြစ်တာတွေကို   ထိထိရောက်ရောက်   ကာကွယ် ပေးနိုင်ပါတယ်။ 


ကာကွယ်ဆေးဆိုတာ နောက်ဆုံးထွက်ရှိနေတဲ့ ကိုဗစ်-၁၉  ရောဂါ   ကာကွယ်ဆေး   အပါအဝင် မည်သည့်ကာကွယ်ဆေးမဆို ထုတ်လုပ်မှု သုတေ သန အဆင့်ပေါင်းများစွာကို ခက်ခက်ခဲခဲ ဖြတ်ရ  ပါတယ်။ စတင်ထုတ်လုပ်တဲ့ နိုင်ငံအဆင့်မှာ အသိ အမှတ်ပြုဖို့ အတော်ခက်ပါတယ်။ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ရဲ့ အရေးပေါ်အသုံးပြုခွင့် စာရင်းထဲဝင်ဖို့ဆို ပိုပြီးခက်ပါတယ်။    ကာကွယ်ဆေး   ထုတ်လုပ်မှု လုပ်ငန်းစဉ်အစ (Preclinical Phase) မှာ တိရစ္ဆာန် တွေနဲ့    စမ်းသပ်လေ့ရှိပါတယ်။    ကာကွယ်ဆေး ကြောင့် ထွက်လာတဲ့ ပဋိပစ္စည်းတွေက ရောဂါပိုးရဲ့ ဘယ်အပိုင်းကို   တိုက်ခိုက်မလဲ၊  ဘယ်  Antigen  အပိုင်းကို တိုက်ခိုက်နိုင်မယ့်၊ ပဋိပစ္စည်းထွက်နိုင်မယ့်  ဆေးမျိုးဖြစ်ရမလဲဆိုတာကို       ဓာတ်ခွဲခန်းမှာ တိရစ္ဆာန်တွေနဲ့ အရင်စမ်းသပ်ပါတယ်။ 

 

စမ်းသပ်မှုပေါင်း ရာထောင်ချီပြီး စမ်းသပ်လို့  တစ်ခုအောင်မြင်ချင်မှ အောင်မြင်မယ်ဆိုတဲ့ အနေ အထား ဖြစ်ပါတယ်။ ဘယ် Antigen ကို တိုက်ခိုက် မယ်၊ ဘယ် Antibody ကို ထွက်အောင်လုပ်မယ်၊ စတင်သိလာပြီ၊ ဘေးကင်းစိတ်ချရမှုလည်း ရှိလာပြီ ဆိုရင်    ကာကွယ်ဆေးသုတေသန     လုပ်ငန်းစဉ် အဆင့် ၁ အနေနဲ့ လူဦးရေ ဆယ်ဂဏန်းလောက်ကို  စပြီး စမ်းသပ်ပါတယ်။ အသက်အရွယ်လည်းငယ်၊ ကျန်းမာရေးလည်း ကောင်းတယ်၊ သန်သန်မာမာကို ရွေးရပါတယ်။ အဆင့် ၁ မှာ အဓိက စမ်းရတာက ကာကွယ်ဆေးရဲ့ စိတ်ချရမှု၊ ခန္ဓာကိုယ်ရဲ့ ခုခံအား စနစ်ကို      လှုံ့ဆော်နိုင်စွမ်းတွေရှိပြီဆိုရင်      လူမှာ ဘေးကင်းစိတ်ချရမှု ဘယ်လောက်အထိရှိတယ် ဆိုတာ စမ်းသပ်ပါတယ်။


ဘေးကင်းစိတ်ချရမှုတွေ ရှိတယ်ဆိုရင် Phase 2 မှာ ဒီထက်ပိုပြီး လူဦးရေရာဂဏန်း ဖြစ်လာပါ တယ်။   ဒီအဆင့်မှာ   ဘေးကင်းစိတ်ချရမှုအပြင် သူ့ရဲ့အာနိသင်   ထက်မြက်မှုကို   စမ်းသပ်ပါတယ်။ ဆေးပေးတဲ့ အုပ်စု၊ ဆေးမပေးတဲ့အုပ်စု ဒီလိုထားပြီး  စမ်းသပ်ပါတယ်။ ဆေးအာနိသင်အရ အောင်မြင်မှု တွေ ရလာတယ်။ ဘေးအန္တရာယ် ကင်းရှင်းမှုရှိတယ် ဆိုရင် နောက်တစ်ဆင့်အနေနဲ့ Phase 3 ကို စမ်းရပါ တယ်။ 


အဲဒီမှာ နေရာဒေသမတူညီတဲ့၊ နိုင်ငံတွေ မတူညီ တဲ့  လူဦးရေ  ထောင်ပေါင်းများစွာပါတယ်။  ဒီလို သုတေသနမျိုးမှာ အချို့ကို ကာကွယ်ဆေးထိုးတယ်၊  အချို့ကို ဆေးတော့ထိုးတယ်၊ ဒီကာကွယ်ဆေး တော့   မဟုတ်ဘူး။    ဆေးထိုးခံရတဲ့သူကလည်း ကိုယ့်ကို ကာကွယ်ဆေးထိုးသလား၊ အခြားဆေး ထိုးသလား မသိဘူး။ သုတေသနလုပ်တဲ့ ပညာရှင်က လည်း   ဘယ်သူ့ကို    ဘယ်ဆေးထိုးမှန်းမသိဘူး။ ဘယ်သူ့ကို      ဘယ်ဆေးပေးမယ်ဆိုတဲ့   ကိစ္စကို Randomize လုပ်ထားလို့ ဘယ်သူမှ မသိနိုင်ပါဘူး။ အချို့သုတေသနတွေမှာ     ကိန်းဂဏန်း   အချက် အလက်တွေကို ဆန်းစစ်ပေးတဲ့သူကိုယ်တိုင်တောင်  မသိပါဘူး။ ဒီလို အဆင့်ဆင့် တော်တော်ခက်ခက်ခဲခဲ လုပ်ရပါတယ်။ အဆင့်ဆင့်တိုင်းကို လျှို့ဝှက်စွာနဲ့ သုတေသနအဆင့်ဆင့် လုပ်ရပါတယ်။ ဒီလို Phase 3 ဆောင်ရွက်ပြီး အောင်မြင်မှ ဒီသုတေသနတွေ့ရှိ ချက်တွေကို သက်ဆိုင်ရာနိုင်ငံရဲ့ FDA (သို့မဟုတ်) National Regulatory Authority က ကြည့်ပြီး နိုင်ငံအတွင်းမှာ အရင်ဆုံးခွင့်ပြုပါတယ်။ 


နိုင်ငံရဲ့   ခွင့်ပြုချက်ကိုရပြီဆိုမှ    ဒီအထောက် အထားတွေနဲ့    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို   တင်ရ ပါတယ်။    ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှာ   ကျွမ်းကျင် ပညာရှင်တွေ ပါဝင်တဲ့အဖွဲ့ Strategic Advisory Group  of  Experts on Immunization (SAGE) က ထပ်ပြီးအခါခါ Review လုပ်ပါတယ်။   ကျေနပ်မှု ရှိမှ   အရေးပေါ်အသုံးပြုခွင့်စာရင်း   WHO    ရဲ့ Emergency Use List ထဲကိုထည့်ပြီး အသုံးပြုခွင့် ပေးပါတယ်။  


ဒီတော့ ကာကွယ်ဆေး တစ်ခုအနေနဲ့ ဒီအရေးပေါ် အသုံးပြုခွင့်စာရင်းထဲပါဖို့က အလွန်ခက်ခက်ခဲခဲနဲ့ အဆင့်ပေါင်းများစွာ ဖြတ်သန်းရတာ ဖြစ်ပါတယ်။  ဒီလို   အဆင့်ဆင့်ကျော် ဖြတ်ပြီးတာတောင် ဆက် လက်ပြီး ကာကွယ်ဆေးတွေရဲ့ ဘေးကင်းလုံခြုံမှု၊    အာနိသင်ထက်မြက်မှုနဲ့ ထုတ်လုပ်မှုလုပ်ငန်းစဉ် တွေကို သက်ဆိုင်ရာအဖွဲ့ အစည်းတွေက  ဆန်းစစ် ကြီးကြပ်ခြင်း၊      စောင့်ကြပ်ကြည့်ရှုခြင်းတွေ        ဆောင်ရွက်နေတာဖြစ်ပါတယ်။ 


လက်ရှိထိုးနှံနေတဲ့ ကာကွယ်ဆေး Covishield၊ Sinovac နဲ့ Sinopharm တွေက ကမ္ဘာ့ကျန်းမာရေး အဖွဲ့က   အရေးပေါ်အသုံးပြုခွင့်ပေးထားတဲ့   ဆေး တွေဖြစ်ပြီး    စိတ်ချလက်ချထိုးနှံဖို့    လိုပါတယ်။ ဆေးရုံတက်ရောက်ရမှု၊ ရောဂါပြင်းထန်မှုတွေက အခုလို ‘ဒယ်လ်တာ’ ဖြစ်တဲ့အချိန်မှာ သိသိသာသာ လျှော့ချနိုင်တဲ့အတွက် ကာကွယ်ဆေးရဲ့ ကောင်း ကျိုးတွေက အများကြီးဖြစ်ပါတယ်။


မေး ။     ။   လူမှုကွန်ရက်စာမျက်နှာမှာ ကာကွယ်                  ဆေးတွေနဲ့ဆိုင်တဲ့ သတင်းအမှားတွေ အမျိုးမျိုးထွက်ပေါ်နေတာနဲ့ပတ်သက်ပြီး ပြော ကြားပေးပါ။
ဖြေ  ။     ။    ကာကွယ်ဆေးတွေရဲ့ သတင်းအမှားနဲ့                        ပတ်သက်ပြီး ဆေးသုတေသနပညာရှင်လောကမှာ လှုပ်လှုပ်ရှားရှားဖြစ်စေခဲ့တဲ့ အဖြစ် အပျက်တစ်ခုရှိပါတယ်။  ဝက်သက်၊  ဂျိုက်သိုး ရောဂါကာကွယ်ဆေးတွေကို  ၁၉၉၈  ခုနှစ်မှာ အင်္ဂလန်က သုတေသနပညာရှင်တစ်ယောက်က Lancet ဆိုတဲ့ နာမည်ကြီးဆေးပညာဂျာနယ်မှာ ရေးလိုက်တယ်။ ဒီကာကွယ်ဆေးကို ထိုးထားရင် ကလေးတွေမှာ ဦးနှောက်အာရုံကြောဖွံ့ဖြိုးမှုအားနည်းတဲ့ရောဂါ Autism နဲ့ပတ်သက်တဲ့ ရောဂါ တစ်ခုခု ဖြစ်ပွားနိုင်ပြီး အူမကြီးရောင်တဲ့ရောဂါတွေ ဖြစ်ပွားနိုင်တယ်ဆိုပြီး ရေးလိုက်ပါတယ်။ 


သူတို့နိုင်ငံတွေမှာ ကာကွယ်ဆေးနဲ့ပတ်သက် ပြီး  လက်မခံတဲ့သူတွေရှိတဲ့အတွက်  ဒီကာကွယ် ဆေးနဲ့ပတ်သက်ပြီး ဆိုးကျိုးတွေကို ပုံကြီးချဲ့ပြီး ပြောကြပါတယ်။  မီဒီယာတွေကလည်း  ပြောကြ တော့ အားလုံးက စိုးရိမ်သွားကြပါတယ်။ တကယ် တမ်း ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေး ဆိုတာ ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးငယ်တွေ အတွက်  အလွန်ကောင်းတဲ့  ကာကွယ်ဆေးဖြစ် ပါတယ်။ နောက်ဆုံးကမ္ဘာတစ်ဝန်းမှာရှိတဲ့ သုတေ သနအချက်အလက်တွေကို စုစည်းပြီး ဒီလို ဆိုးကျိုး တွေဖြစ်တာ   မဟုတ်ဘူးဆိုပြီး   ပြန်ရှင်းလင်း ရပါတယ်။ နောက်ဆုံး Lancet ဂျာနယ်ကလည်း ဂျာနယ်ထဲမှာ ဖော်ပြပြီးသားစာတွေကို ပြန်ဖြုတ် သွားရပါတယ်။ ရေးသားတဲ့ သုတေသနပညာရှင် လည်း မကောင်းဘူးဖြစ်သွားပါတယ်။  ကာကွယ် ဆေးနဲ့ပတ်သက်တဲ့ ကောလာဟလဆိုတာ အခုမှ ထွက်တာ  မဟုတ်ပါဘူး။  ‌ဒါကြောင့်  သတင်း အမှားတွေကို မယုံကြည်ဖို့လိုပါတယ်။


နိုင်ငံတကာမှာ နိုင်ငံခေါင်းဆောင်တွေ အပါ အဝင် လတ်တလောပြောဆိုနေကြတာက လက်ရှိ ဖြစ်နေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါက ပုံစံပြောင်း သွားပြီလို့ဆိုပါတယ်၊    “the only pandemic  among the unvaccinated” ဆိုပြီးဖြစ်ပါတယ်။  ကာကွယ်ဆေး  မထိုးထားတဲ့သူတွေဆီမှာ  ကပ် ရောဂါ ပြင်းပြင်းထန်ထန်ဖြစ်ပွားမှုတွေများတယ်၊ ကာကွယ်ဆေးထိုးထားသူတွေဆီမှာ ကပ်ရောဂါက သိပ်ပြင်းပြင်းထန်ထန်မဖြစ်တော့ဘူးလို့ ဆိုတဲ့ သဘောကို တင်စားပြီးပြောတာဖြစ်ပါတယ်။


လက်ရှိမြန်မာနိုင်ငံမှာရရှိနေတဲ့ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးတွေက ပထမအဆင့် ထုတ် လုပ်တဲ့နိုင်ငံရဲ့ FDA/ NRA အသိအမှတ်ပြုထားခြင်း၊ ဒုတိယအဆင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အရေးပေါ် အသုံးပြုခွင့် စာရင်းထဲမှာပါဝင်ခြင်း၊ တတိယအဆင့် မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာနရဲ့    အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ အသိ အမှတ်ပြုခြင်းတွေ ရရှိထားတဲ့အပြင် ကမ္ဘာအနှံ့ နိုင်ငံပေါင်းများစွာမှာ    လူသန်းပေါင်းများစွာကို ထိုးနှံပြီးတာဖြစ်တဲ့အတွက်     ဘေးကင်းစိတ် ချရမှုနှင့် အာနိသင်ထက်မြက်မှုတွေရှိတဲ့အတွက် ယုံယုံကြည်ကြည်နဲ့ ထိုးနှံမှုခံယူသင့်ပါတယ်။


ကာကွယ်ဆေးထိုးနှံခြင်းသည်  ရေရှည်မှာ ဒီရောဂါအန္တရာယ်မှ ကင်းဝေးမှာဖြစ်ပြီး လူတိုင်းမှာ ရောဂါကို   တုံ့ပြန်နိုင်တဲ့ကိုယ်ခံအားတွေ၊   ပဋိ ပစ္စည်းတွေရှိနေရင် ရောဂါက ကူးချင်သလို ကူးလို့ မရတော့ပါဘူး။ မျိုးဗီဇပြောင်းတာတွေ လျော့သွား မယ်။ ဒီတော့ ကာကွယ်ဆေး လွှမ်းခြုံမှုအားကောင်း ဖို့လိုပါတယ်။ အခုလို နိုင်ငံတော်က အခမဲ့ထိုးနှံပေး နေတဲ့အချိန်မှာ ကိုယ့်အလှည့်ရောက်ပြီဆိုတာနဲ့ မပျက်မကွက်အကြိမ်ပြည့်ထိုးနှံခြင်းခံယူသင့်ပါတယ်။


ကျန်းမာရေးဝန်ကြီးဌာနက      နောက်ထပ် ကာကွယ်ဆေးထိုးနှံဖို့ လူအုပ်စုတွေကို တိုးချဲ့ပြီး စက်တင်ဘာ ၁၇ ရက်မှာ  ထုတ်ပြန်ထားတာ ရှိပါတယ်။ အသက် ၅၅ နှစ်အထိ အသက်အုပ်စုကို လျှော့ချပြီး မသန်စွမ်းသူတွေအုပ်စု၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက တပ်ဖွဲ့ဝင်နဲ့ မိသားစုဝင်တွေအုပ်စု၊ ရွှေ့ပြောင်းလူအုပ်စုများနှင့် ယာယီစခန်းများမှ လူအုပ်စု၊ နာတာရှည်နှင့် မကူးစက်နိုင်သောရောဂါရှိသူများအုပ်စုတွေကို တိုးချဲ့ ကြေညာထားပါတယ်။ 


ဒါကြောင့် ကာကွယ်ဆေးကို မပျက်မကွက် အကြိမ်ပြည့်ထိုးနှံကြပါ။ ဆေးထိုးစုရပ်ကို လာတဲ့ အခါမှာ မှတ်ပုံတင် သို့မဟုတ် သက်သေခံနိုင်တဲ့ အထောက်အထားတစ်ခုခု ယူသွားဖို့ မမေ့ပါနဲ့။ ပထမအကြိမ်ထိုးပြီးသူတွေက ဒုတိယအကြိမ် မဖြစ်မနေ လာထိုးကြပါ။ ဒုတိယအကြိမ်ကို သတ် မှတ်ရက် အတိအကျ မထိုးနှံနိုင်ပါကလည်း အနီး ဆုံး သတ်မှတ်ကာလအတွင်း နီးစပ်ရာ ကာကွယ် ဆေးထိုးစုရပ်များသို့ သွားရောက်ထိုးနှံခြင်း ခံယူ ကြပါ။ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီးပါက ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပေးတဲ့ QR Code ပါသည့် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုး မှတ်တမ်းကတ်ပြားများကို မပျောက်ပျက်အောင် သိမ်းထားပေးကြပါလို့ တင်ပြလိုက်ရပါတယ်။ ကျေးဇူးတင်ပါတယ်။      ။