
ရန်ကုန် မေ ၃
ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ လျက်ရှိသည့် (၃၂) ကြိမ်မြောက် ဆီးဂိမ်း အမျိုးသား ဘော်လီဘောပြိုင်ပွဲ အုပ်စုပထမနေ့ကို မေ ၃ ရက် က ကမ္ဘောဒီးယားနိုင်ငံရှိ အိုလံပစ်အားကစားရုံ၌ စတင်ကျင်းပရာ မြန်မာအသင်း ရှုံးပွဲကြုံတွေ့ခဲ့သည်။
မြန်မာအသင်းသည် အုပ်စုပထမ ပွဲအဖြစ် ဗီယက်နမ်အသင်းနှင့် ယှဉ်ပြိုင်ကစားရာ သုံးပွဲပြတ် ရှုံးနိမ့်ခဲ့သည်။ ဗီယက်နမ်အသင်းသည် မြန်မာ အသင်းကို ပထမပွဲငယ်တွင် ၂၅-၁၄ မှတ်၊ ဒုတိယ ပွဲငယ်တွင် ၂၅-၂၁ မှတ်၊ တတိယပွဲငယ်တွင် ၂၅-၁၈ မှတ်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ အမျိုးသား ဘော်လီဘောပြိုင်ပွဲကို အုပ်စုနှစ်ခုခွဲ၍ ကျင်းပလျက် ရှိပြီး အုပ်စု (က) တွင် အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ အုပ်စု (ခ) တွင် ဗီယက်နမ်၊ ထိုင်း၊ မလေးရှားနှင့် မြန်မာအသင်းတို့ ပါဝင်နေသည်။ မြန်မာအသင်းသည် အုပ်စုဒုတိယပွဲ အဖြစ် မေ ၄ ရက် (ယနေ့) တွင် မလေးရှားအသင်းနှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။
ရဲရင့်လွင်