
ရန်ကုန် မေ ၃
(၃၂) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၏ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု (က) တတိယနေ့ကို မေ ၄ ရက် (ယနေ့) ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
အုပ်စု (က) တတိယနေ့တွင် အိမ်ရှင် ကမ္ဘောဒီးယားအသင်း ပွဲစဉ်မပါဝင်ဘဲ ကျန်လေးသင်း ယှဉ်ပြိုင်ရမည်ဖြစ်သည်။
အုပ်စု (က) တတိယနေ့အဖြစ် မေ ၄ ရက် (ယနေ့) မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲတွင် မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်း၊ မြန်မာ စံတော်ချိန် ညနေ ၆ နာရီခွဲတွင် တီမောအသင်းနှင့် ဖိလစ်ပိုင် အသင်း ယှဉ်ပြိုင်ကစားမည်ဖြစ် သည်။ မေ ၂ ရက် ပွဲစဉ်များ အပြီး တွင် အုပ်စု (က) ၌ ကမ္ဘောဒီးယား အသင်းက နှစ်ပွဲကစား လေးမှတ်၊ အင်ဒိုနီးရှားနှင့် မြန်မာအသင်းက တစ်ပွဲကစား သုံးမှတ်စီ၊ ဖိလစ်ပိုင် အသင်းက နှစ်ပွဲကစား တစ်မှတ် ရထားပြီး တီမောအသင်းမှာမူ နှစ်ပွဲစလုံး အရေးနိမ့်ထားသည်။
မြန်မာအသင်းသည် တီမော အသင်းကို တစ်ဂိုး-ဂိုးမရှိ၊ အင်ဒို နီးရှားအသင်းသည် ဖိလစ်ပိုင် အသင်းကို သုံးဂိုးပြတ်အနိုင်ရထား ခြင်းဖြစ်သည်။ မြန်မာအသင်း သည် အုပ်စုတွင်း အင်အား အတောင့်တင်းဆုံး အင်ဒိုနီးရှားနှင့် တွေ့ဆုံခြင်းဖြစ်ပြီး ဆီးဂိမ်းပြိုင်ပွဲ အုပ်စုအဆင့်တွင် နှစ်ကြိမ် ဆက်တိုက် တွေ့ဆုံခြင်းဖြစ်သည်။ (၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ တွေ့ဆုံမှုတွင် အင်ဒိုနီးရှားအသင်း က သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရ ထားသည်။
ရဲရင့်လွင်
ဓာတ်ပုံ-MFF