
ရန်ကုန် မေ ၁၁
(၃၁) ကြိမ်မြောက် ဆီးဂိမ်းအမျိုးသားဘောလုံးနှင့် အမျိုးသမီးပြိုင်ပွဲ အုပ်စုပွဲစဉ်များကို မေ ၁၁ ရက်က ဆက်လက်ကျင်းပရာ အမျိုးသားပြိုင်ပွဲတွင် စင်ကာပူနှင့် မလေးရှား၊ အမျိုးသမီးပြိုင်ပွဲတွင် လက်ရှိချန်ပီယံ ဗီယက်နမ်အသင်း အနိုင်ရရှိခဲ့သည်။
အမျိုးသမီး ဘောလုံးပြိုင်ပွဲ အုပ်စု (က) ပွဲစဉ်အဖြစ် လက်ရှိ ချန်ပီယံ ဗီယက်နမ်နှင့် ဖိလစ်ပိုင် အသင်းတို့ ယှဉ်ပြိုင်ကစားရာ ဗီယက်နမ်အသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။
ယခုနောက်ပိုင်းနှစ်များတွင် တစ်ဟုန်ထိုး တိုးတက်လာပြီး ကမ္ဘာ့ဖလားပြိုင်ပွဲပင် ဝင်ခွင့်ရ ထားသည့် ဖိလစ်ပိုင်အသင်းသည် အိမ်ရှင်ဗီယက်နမ်ကို အကောင်း ဆုံး တုံ့ပြန်နိုင်ခဲ့သော်လည်း ဦးဆောင်ဂိုး မထိန်းနိုင်သဖြင့် ရှုံးပွဲနှင့် ရင်ဆိုင်ခဲ့ရသည်။
အုပ်စုပထမပွဲတွင် ကမ္ဘော ဒီးယားကို ဂိုးပြတ်အနိုင်ရထား သည့် ဖိလစ်ပိုင်အသင်းသည် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့သော် လည်း ဗီယက်နမ်အသင်းက ချေပဂိုးနှင့် အနိုင်ဂိုးပြန်သွင်းကာ အမှတ်ပြည့် ရယူနိုင်ခဲ့ခြင်းဖြစ် သည်။ ဗီယက်နမ်အသင်းသည် နောက်ဆုံးပွဲတွင် ကမ္ဘောဒီးယား ကို အနိမ့်ဆုံး သရေကစားနိုင်ရုံ ဖြင့် အုပ်စုပထမနေရာရရှိမည် ဖြစ်သည်။ လက်ရှိချန်ပီယံ ဗီယက် နမ်အသင်းမှာလည်း အမှား အယွင်းမရှိ ကစားနိုင်ခဲ့ပြီး ရလဒ်ကောင်း ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။
အမျိုးသား ဘောလုံးပြိုင်ပွဲ အဖြစ် အုပ်စု(ခ) ပွဲစဉ်များ ကျင်းပ ခဲ့ပြီး စင်ကာပူအသင်းက ကမ္ဘော ဒီးယားအသင်းကို တစ်ဂိုး-ဂိုးမရှိ၊ မလေးရှားအသင်းက လာအို အသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ အုပ်စုပထမပွဲတွင် နာမည်ကြီး ထိုင်းအသင်းကို အနိုင် ရခဲ့သည့် မလေးရှားအသင်းသည် လာအိုကို ဂိုးပြတ်အနိုင်ယူကာ နှစ်ပွဲဆက် အနိုင်ရခဲ့သည်။ မလေးရှားအသင်းသည် နှစ်ပွဲ ဆက် အနိုင်ရလဒ်ကြောင့် ဆီမီး ဖိုင်နယ် တက်ရောက်ခွင့်ရရန် အခြေအနေကောင်းသွားခဲ့သည်။ မလေးရှားအသင်းသည် ပထမပိုင်း တွင် နှစ်ဂိုး၊ ဒုတိယပိုင်းတွင် တစ်ဂိုးသွင်းယူခဲ့ပြီး လာအိုအသင်း သည် သုံးဂိုးပေးလိုက်ရပြီးမှ တစ်ဂိုး ပြန်သွင်းနိုင်ခဲ့ခြင်းဖြစ် သည်။ နှစ်ပွဲဆက် နိုင်ပွဲပျောက်ဆုံး ထားသည့် စင်ကာပူအသင်းသည် ၂၀၁၉ ပြိုင်ပွဲ ဆီမီးဖိုင်နယ်ရောက်ရှိ ခဲ့သည့် ကမ္ဘောဒီးယားအသင်းကို မထင်မှတ်ဘဲ အနိုင်ရရှိခဲ့သည်။ ကမ္ဘောဒီးယား အသင်းသည် ပထမပွဲတွင် လာအိုကို ဂိုးပြတ် အနိုင်ရခဲ့သော်လည်း ယခုပွဲ တွင် ရှုံးပွဲကြုံတွေ့ခဲ့ခြင်းဖြစ် သည်။ စင်ကာပူ အသင်းအတွက် အနိုင်ဂိုးကို ၃၆ မိနစ်တွင် အက်ကာဘာက သွင်းယူခဲ့ သည်။
ရဲရင့်လွင်