ဆီးဂိမ်း အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် မြန်မာအပါအဝင် ရှစ်သင်း ဝင်ရောက်ယှဉ်ပြိုင်မည်

 

နေပြည်တော်  မေ  ၅
(၃၂)ကြိမ်မြောက် ဆီးဂိမ်းအမျိုးသမီးဘော်လီဘောပြိုင်ပွဲကို မေ ၉ ရက်မှ ၁၄ ရက်အထိ ကျင်းပမည်ဖြစ်ပြီး     မြန်မာ့လက်ရွေးစင်   အမျိုးသမီး  ဘော်လီဘောအသင်းအပါအဝင် ရှစ်သင်းယှဉ်ပြိုင်သွားမည် ဖြစ်သည်။
မြန်မာအမျိုးသမီး ဘော်လီဘောအသင်း သည် ၂၀၁၇ မလေးရှား ဆီးဂိမ်းပြိုင်ပွဲတွင်   နောက်ဆုံးဝင်ရောက်ယှဉ်ပြိုင်ပြီးနောက်  ယခု အကြိမ်မှသာ ပြန်လည်ယှဉ်ပြိုင်ခြင်းဖြစ်သည်။ ဆီးဂိမ်းအမျိုးသမီး   ဘော်လီဘောပြိုင်ပွဲကို လေးသင်း နှစ်အုပ်စုခွဲ၍ ကျင်းပသွားမည်ဖြစ်ပြီး အုပ်စု (က) တွင်  ထိုင်း၊ အင်ဒိုနီးရှား၊ မြန်မာ၊ မလေးရှား၊  အုပ်စု(ခ)တွင်    ဗီယက်နမ်၊ စင်ကာပူ၊ ဖိလစ်ပိုင်နှင့် ကမ္ဘောဒီးယားအသင်း တို့ ပါဝင်ကြသည်။ အုပ်စုပွဲများကို မေ ၉၊ ၁၀၊ ၁၁ ရက်တွင် သုံးရက်ဆက်တိုက် ကျင်းပမည် ဖြစ်ပြီး  တစ်နေ့လျှင် အုပ်စုလေးပွဲနှုန်း ပြုလုပ် သွားမည်ဖြစ်သည်။ မြန်မာအသင်းသည် အုပ်စု ပထမပွဲအဖြစ် မေ ၉ ရက်တွင် မလေးရှား အသင်းနှင့် စတင်ကစားရမည်ဖြစ်ပြီး မေ ၁၀ ရက်တွင်   ထိုင်းအသင်း၊  မေ  ၁၁ ရက်တွင် အင်ဒိုနီးရှားအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။                        ရဲရင့်လွင်