ဆီးဂိမ်း အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖိလစ်ပိုင်ကို မြန်မာအသင်း အနိုင်ယူ

 

ရန်ကုန်    မေ    ၃
(၃၂) ကြိမ်မြောက် ဆီးဂိမ်းအမျိုး သမီး     ဘောလုံးပြိုင်ပွဲ    အုပ်စု ပထမနေ့ကို  မေ  ၃  ရက်က စတင်ကျင်းပရာ မြန်မာအသင်း သည်      ဖိလစ်ပိုင်အသင်းကို     တစ်ဂိုး - ဂိုးမရှိဖြင့်        အနိုင်ရ ခဲ့သည်။
ယခုနောက်ပိုင်း     နှစ်များ တွင်   ခြေစွမ်းပိုင်း  သိသိသာသာ တိုးတက်လာသည့်    ဖိလစ်ပိုင် အသင်းကို မြန်မာအသင်းအနေ ဖြင့် အကောင်းဆုံး   တုံ့ပြန်နိုင် ခဲ့ပြီး  ပထမပိုင်းတွင်  ဖိအားပေး ကစားနိုင်ခဲ့သည်။ ပထမပိုင်းတွင် မြန်မာအသင်းက   ခြေအသာရ ခဲ့ပြီး ဂိုးသွင်းခွင့်အချို့ အသုံးမချ နိုင်ခဲ့သဖြင့် ပထမပိုင်းအပြီးတွင် ဂိုးမရှိ သရေကျနေသည်။ ဒုတိယ ပိုင်းတွင်  ဖိလစ်ပိုင်အသင်းက အနိုင်ရရန်  ကစားအားမြင့်လာ သလို    မြန်မာအသင်းကလည်း  အကောင်းဆုံး   ရင်ဆိုင်ခဲ့သည်။ နှစ်သင်းစလုံး       ဂိုးရနိုင်သည့်     အခွင့်အရေးများ  ရသော်လည်း အသုံးမချနိုင်ခဲ့ဘဲ မြန်မာအသင်း က ပွဲပြီးခါနီးတွင် အနိုင်ဂိုးရခဲ့ သည်။ ၈၈ မိနစ်တွင်  စန်းသော် သော်ကြောင့် ရရှိသည့် ပယ်နယ် တီကို  တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်း က အမှားအယွင်းမရှိ ကန်သွင်း ယူခဲ့ခြင်းဖြစ်သည်။
အုပ်စုပထမနေ့ အခြားပွဲများ တွင်   ထိုင်းအသင်းက   စင်ကာပူ အသင်းကို လေးဂိုးပြတ်၊ လက်ရှိ ချန်ပီယံ     ဗီယက်နမ်အသင်းက မလေးရှားအသင်းကို သုံးဂိုးပြတ်၊  အိမ်ရှင် ကမ္ဘောဒီးယားအသင်းက လာအိုအသင်းကို      နှစ်ဂိုး-ဂိုးမရှိ ဖြင့် အနိုင်ရခဲ့သည်။ မြန်မာအသင်း သည်      အုပ်စုဒုတိယပွဲအဖြစ် မေ ၆  ရက်တွင် လက်ရှိချန်ပီယံ ဗီယက်နမ်အသင်းနှင့်    ကစားရ မည်ဖြစ်သည်။            ရဲရင့်လွင်
ဓာတ်ပုံ-seagames 2023