
ရန်ကုန် မေ ၂
ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံကျင်းပနေသည့် (၃၂) ကြိမ်မြောက် ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲကို မေ ၃ ရက် (ယနေ့) စတင်ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် ဖိလစ်ပိုင် အသင်းနှင့် ပွဲကျပ်ကစားရမည်ဖြစ် သည်။
ပြိုင်ဆိုင်မှုပြင်းထန်မယ့်
အုပ်စုမှာ ကျရောက်
အမျိုးသမီး ဘောလုံးပြိုင်ပွဲ အုပ်စု(က)အတွက် ပွဲကြိုသတင်း စာရှင်းလင်းပွဲကို မေ ၂ ရက်က ဖနောင်ပင်ဟိုတယ်၌ ကျင်းပရာ ဖိလစ်ပိုင်၊ မြန်မာ၊ ဗီယက်နမ်၊ မလေးရှားအသင်းတို့မှ နည်းပြ ချုပ်များ တက်ရောက်ခဲ့သည်။ မြန်မာနည်းပြချုပ် ယုကီက “မြန်မာအသင်းကို နည်းပြချုပ် အသစ်အနေနဲ့ ကိုင်တွယ်ချိန်က နည်းပါးခဲ့ပါတယ်။ ဒီကာလထဲမှာ ကစားသမားတွေ၊ အုပ်ချုပ်မှုအဖွဲ့ တွေအနေနဲ့ အကောင်းဆုံး ပူးပေါင်းကြိုးစားခဲ့ကြပါတယ်။ တကယ်ကို ပြိုင်ဆိုင်မှုပြင်းထန် မယ့်အုပ်စုမှာ ကျရောက်နေတာ ဖြစ်လို့ ကျွန်တော်တို့အနေနဲ့ တတ်စွမ်းသလောက် အကောင်း ဆုံး ကြိုးစားယှဉ်ပြိုင်သွားပါမယ်။ ကျွန်တော့်အနေနဲ့ အသင်းကို အချက် နှစ်ချက်ပြင်ဆင်ခဲ့ပါတယ်။ အသင်းသားတွေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပြန်ရလာဖို့နဲ့ ကျွန်တော်တို့အသင်းရဲ့ အားသာ ချက်တွေကို ကောင်းကောင်းအသုံး ချနိုင်ဖို့ပါ။ အကောင်းဆုံး ယှဉ်ပြိုင် ကြိုးစားသွားပါမယ်” ဟု ပြော ကြားသည်။
မြန်မာနှင့် ဖိလစ်ပိုင်
ယှဉ်ပြိုင်ကစားမည်
အုပ်စုပွဲများကို တစ်ရက် တည်း လေးပွဲကျင်းပမည်ဖြစ်ပြီး မေ ၃ ရက် (ယနေ့) မြန်မာစံတော် ချိန် ညနေ ၃ နာရီခွဲတွင် ဗီယက်နမ် နှင့် မလေးရှား၊ ထိုင်းနှင့် စင်ကာပူ၊ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲ တွင် မြန်မာနှင့် ဖိလစ်ပိုင်၊ ကမ္ဘော ဒီးယားနှင့် လာအိုအသင်းတို့ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ မြန်မာအသင်းသည် အုပ်စုကျပ် အတွင်း ကျရောက်နေသလို အဖွင့် ပွဲကိုလည်း ဖိလစ်ပိုင်အသင်းနှင့် စတင်ကစားရခြင်း ဖြစ်သည်။
အဖွင့်ပွဲ ခက်ခက်ခဲခဲ
ကစားရဖွယ်ရှိနေ
ဖိလစ်ပိုင်အသင်းသည် ယခု နောက်ပိုင်းနှစ်များတွင် သိသိ သာသာ တိုးတက်လာသည့် အသင်းဖြစ်ပြီး အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခွင့်ရခဲ့သည့် အသင်းဖြစ်သလို ၂၀၂၂ အာဆီယံ အမျိုးသမီးချန်ပီယံ ရှစ်ပြိုင်ပွဲတွင် လည်း ချန်ပီယံဆု ရယူနိုင်ခဲ့သည်။ ထို့ကြောင့် မြန်မာအသင်းအနေ ဖြင့် အဖွင့်ပွဲတွင် အမှတ်ပြည့်ရယူ နိုင်ရန် ခက်ခက်ခဲခဲ ကစား ရဖွယ်ရှိနေသည်။ ပြိုင်ပွဲကို အုပ်စု နှစ်ခုခွဲ၍ ကျင်းပမည်ဖြစ်ပြီး အုပ်စု (က) တွင် လက်ရှိချန်ပီယံ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မြန်မာ၊ မလေးရှား၊ အုပ်စု (ခ) အိမ်ရှင် ကမ္ဘောဒီးယား၊ ထိုင်း၊ စင်ကာပူ နှင့် လာအိုအသင်းတို့ ပါဝင်နေ သည်။
ရဲရင့်လွင်၊ ဓာတ်ပုံ-MFF