ဆီးဂိမ်း ဘိလိယက်တစ်ဦးချင်းပြိုင်ပွဲ ဗိုလ်လုပွဲတွင် ပေါက်စ အနိုင်ရပြီး နှစ်ကြိမ်ဆက်တိုက် ရွှေတံဆိပ်ရယူ

 

နေပြည်တော်   မေ  ၉


ကမ္ဘောဒီးယားနိုင်ငံ၌   ကျင်းပ လျက်ရှိသည့် (၃၂) ကြိမ်မြောက် ဆီးဂိမ်း   ဘိလိယက်တစ်ဦးချင်း ပြိုင်ပွဲ   ဗိုလ်လုပွဲကို မေ ၉ ရက် မွန်းလွဲပိုင်းက      ဆက်လက် ကျင်းပရာ   မြန်မာ့လက်ရွေးစင် ဘိလိယက်ကစားသမား ပေါက်စ အနိုင်ရရှိပြီး နှစ်ကြိမ်ဆက်တိုက်  ရွှေတံဆိပ်ဆုရယူနိုင်ခဲ့သည်။

 


ပေါက်စသည် ဗိုလ်လုပွဲတွင် စင်ကာပူနာမည်ကြီး ဘိလိယက် ကစားသမား   ပီတာဂေးလ်ခရစ် နှင့်    တွေ့ဆုံခဲ့ပြီး    သုံးပွဲပြတ်  အနိုင်ရခဲ့ခြင်းဖြစ်သည်။    ပေါက်စ သည် ပထမပွဲငယ်တွင် ၁၀၀-၁၂ မှတ်၊ ဒုတိယ ပွဲငယ်တွင် ၁၀၀-၇၆ မှတ်၊  တတိယပွဲငယ်တွင် ၁၀၁-၇၈ မှတ်တို့ဖြင့်   အနိုင်ရခဲ့ခြင်း ဖြစ်သည်။ ပေါက်စသည်  ယခု ပြိုင်ပွဲတွင် ကွာတားဖိုင်နယ်အဆင့် မှ   စတင်ယှဉ်ပြိုင်ခဲ့ရပြီး  ကွာတား ဖိုင်နယ်တွင်    ဗီယက်နမ်ကစား သမား   ဗန်ငုယင်ထရန်ကို     သုံးပွဲ ပြတ်၊ ဆီမီးဖိုင်နယ်တွင် ထိုင်းကစား သမား ယူတာပေါ့ကို သုံးပွဲပြတ်၊ ဗိုလ်လုပွဲတွင်   စင်ကာပူကစား သမား ပီတာဂေးလ်ခရစ်ကို   သုံးပွဲ ပြတ်တို့ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ 

 


ပေါက်စသည်   ဆီးဂိမ်းပြိုင်ပွဲ တွင်  နှစ်ကြိမ်ဆက်တိုက်   ရွှေ တံဆိပ် ဆု ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ပေါက်စသည် ပြီးခဲ့သည့် (၃၁) ကြိမ် မြောက် ဆီးဂိမ်းပြိုင်ပွဲ  ဗိုလ်လုပွဲ တွင် ပီတာဂေးလ်ခရစ်ကို  အနိုင်ယူ ခဲ့ပြီး  ယခုနှစ် ဗိုလ်လုပွဲတွင်လည်း    ထပ်မံ အနိုင်ယူခဲ့ခြင်းဖြစ်သည်။


ရဲရင့်လွင်