
ရန်ကုန် မေ ၆
ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၂) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၏ ဘိလိယက် တစ်ဦးချင်းပြိုင်ပွဲ တွင် လက်ရှိချန်ပီယံ မြန်မာ့ လက်ရွေးစင် ဘိလိယက်ကစား သမား ပေါက်စသည် ကွာတား ဖိုင်နယ်အဆင့်မှ စတင်ကစားရ မည်ဖြစ်သည်။
ဘိလိယက် တစ်ဦးချင်းပြိုင်ပွဲ တွင် ကစားသမား ၁၀ ဦး ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ပေါက်စအပါအဝင် ကစားသမား ခြောက်ဦးမှာ ကွာတားဖိုင်နယ်မှ စတင် ကစားရမည်ဖြစ်ကာ ကျန်လေးဦးမှာမူ ပထမအဆင့်မှ စတင် ကစားရမည်ဖြစ်သည်။ ပေါက်စသည် ကွာတားဖိုင်နယ် တွင် အိမ်ရှင်ကမ္ဘောဒီးယား နိုင်ငံသား အိုရာနီနှင့် ဗီယက်နမ် နိုင်ငံသား ဘင်ငုယင်သန်ပွဲမှ အနိုင်ရသူနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ဘိလိယက်အားကစား နည်းတွင် တစ်ဦးချင်းပြိုင်ပွဲ တစ်မျိုးသာ ပါဝင်မည်ဖြစ်ပြီး နာမည်ကြီး ကစားသမားများ ဖြစ်သည့် ပီတာဂေးလ်ခရစ် (စင်ကာပူ) နှင့် ပရာပွတ်(ထိုင်း) တို့လည်း ယှဉ်ပြိုင်မည်ဖြစ်သည်။ ဘိလိယက် တစ်ဦးချင်းပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ကစားသမားနှစ်ဦး ယှဉ်ပြိုင်မည်ဖြစ်ပြီး ဇော်သန်း ထိုက်မှာမူ ထိုင်းနိုင်ငံသား ပရာပွတ်နှင့် ကွာတားဖိုင်နယ်တွင် စတင် ကစားရမည်ဖြစ်သည်။ ပေါက်စ၏ ဗိုလ်လုပွဲ သွားရာ လမ်းကြောင်းတွင် ဆီမီးဖိုင်နယ် အထိ နာမည်ကြီး ကစားသမား များနှင့် တွေ့ဆုံဖွယ်မရှိဘဲ ပရာပွတ် နှင့် ပီတာဂေးလ်ခရစ် တက်ရောက် လာပါကလည်း ဗိုလ်လုပွဲမှသာ တွေ့ဆုံ နိုင်ဖွယ်ရှိနေသည်။ ဘိလိ ယက်တစ်ဦးချင်းပြိုင်ပွဲကို မေ ၇ ရက် (ယနေ့) စတင်ကျင်းပမည် ဖြစ်သည်။
ပေါက်စသည် (၃၁) ကြိမ် မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ဘိလိယက်တစ်ဦးချင်း ရွှေတံဆိပ် ရယူနိုင်ခဲ့ပြီး စင်ကာပူနိုင်ငံသား ပီတာဂေးလ်ခရစ် ခြောက်ကြိမ် ဆက်တိုက် ရွှေတံဆိပ်ရယူထား မှုကို အဆုံးသတ်ကာ ဗိုလ်လုပွဲ တွင် အနိုင်ယူပြီး ထိုက်ထိုက် တန်တန် ချန်ပီယံဖြစ်ခဲ့ခြင်းဖြစ် သည်။
ရဲရင့်လွင်