ဆီးဂိမ်း ခြင်းလုံးပြိုင်ပွဲပြီးဆုံးခဲ့ပြီး မြန်မာအသင်း နောက်ဆုံးနေ့တွင် ရွှေနှစ်ခု ထပ်မံရယူ

 

နေပြည်တော်  မေ  ၉


ကမ္ဘောဒီးယားနိုင်ငံက   အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် (၃၂) ကြိမ်မြောက် ဆီးဂိမ်း ခြင်းလုံးပြိုင်ပွဲပြီးဆုံးခဲ့ပြီး  မေ ၉ ရက်က ကျင်းပသည့် နောက်ဆုံးနေ့တွင်  မြန်မာအသင်းက     ရွှေတံဆိပ်ဆွတ်ခူး ရရှိခဲ့သည်။

 


ပြိုင်ပွဲနောက်ဆုံးနေ့တွင် Event-4 ပြိုင်ပွဲနှစ်ခု         ထည့်သွင်းကျင်းပပြီး အမျိုးသားပြိုင်ပွဲနှင့် အမျိုးသမီးပြိုင်ပွဲနှစ် ခုစလုံးတွင်   ချန်ပီယံဆု   ရရှိခဲ့ခြင်းဖြစ် သည်။    အမျိုးသားပြိုင်ပွဲတွင်   မြန်မာ အသင်းက ရမှတ် ၉၃ မှတ်ဖြင့် ရွှေတံဆိပ်၊ လာအိုအသင်းက  ငွေတံဆိပ်၊   ကမ္ဘော ဒီးယားအသင်းက ကြေးတံဆိပ်ရရှိသည်။ အမျိုးသမီးပြိုင်ပွဲတွင် မြန်မာအသင်းက ရမှတ် ၁၀၁ မှတ်ဖြင့် ရွှေတံဆိပ်၊ ထိုင်း အသင်းက ၈၆  မှတ်ဖြင့်   ငွေတံဆိပ်၊ ကမ္ဘောဒီးယားအသင်းက ရမှတ် ၄၅ မှတ် ဖြင့်    ကြေးတံဆိပ်ရရှိခဲ့သည်။   မြန်မာ ခြင်းလုံးအသင်းသည် ပြိုင်ပွဲအမျိုးအစား ရှစ်မျိုး   ဝင်ရောက်ယှဉ်ပြိုင်ရာ  ရှစ်မျိုး စလုံးတွင် ဆုတံဆိပ်ရယူနိုင်ခဲ့သည်။

 


ခြင်းလုံးအားကစားနည်းကို    ပိုက် ကျော် ခြင်း    အားကစားနည်းအောက်တွင် ထည့်သွင်းကျင်းပခဲ့ပြီး ပြိုင်ပွဲအမျိုးအစား ၁၁  မျိုး    ထည့်သွင်းကျင်းပခဲ့သည်။ ခြင်းလုံးပြိုင်ပွဲအပြီးတွင် မြန်မာအသင်းက ရွှေတံဆိပ်  လေးခု၊  ငွေတံဆိပ်   သုံးခု၊ ကြေးတံဆိပ်တစ်ခုဖြင့်   နိုင်ငံအလိုက် ပထမနေရာရရှိခဲ့ပြီး    အိမ်ရှင်ကမ္ဘော ဒီးယားအသင်းက    ရွှေတံဆိပ်လေးခု၊ ငွေတံဆိပ်တစ်ခု၊ ကြေးတံဆိပ် ခြောက်ခု၊ ထိုင်းအသင်းက  ရွှေတံဆိပ်နှစ်ခု၊  ငွေ တံဆိပ်သုံးခု၊ ကြေးတံဆိပ်တစ်ခု၊ လာအို အသင်းက  ရွှေတံဆိပ်တစ်ခု၊  ငွေတံဆိပ် သုံးခု၊   ကြေးတံဆိပ်  ငါးခု၊  မလေးရှား အသင်းက ငွေတံဆိပ်တစ်ခု၊ ကြေးတံဆိပ် နှစ်ခု ဆွတ်ခူးရရှိခဲ့သည်။


ညီမြတ်သော်တာ၊ ဓာတ်ပုံ-အား/ကာ