
ရန်ကုန် မေ ၄
ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပ လျက်ရှိသည့် (၃၂) ကြိမ်မြောက် ဆီးဂိမ်း Kun Bokator ပြိုင်ပွဲ ပထမနေ့ကို မေ ၄ ရက်က စတင် ကျင်းပရာ မြန်မာအားကစားအဖွဲ့က ငွေတစ်ခု၊ ကြေးသုံးခု ဆွတ်ခူးရရှိခဲ့ သည်။
ယခုရရှိသည့် ဆုတံဆိပ်များ မှာ ကျင်းပဆဲ (၃၂) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာနိုင်ငံက ပထမဆုံးရရှိသည့် ဆုတံဆိပ်များ လည်းဖြစ်ခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် အားကစား နည်းများကို ဧပြီလကုန်ပိုင်းကတည်းက စတင်ကျင်းပနေ သော်လည်း မေ ၄ ရက်မှသာ ဆုတံဆိပ်များ စတင်ချီးမြှင့်ခြင်း ဖြစ်သည်။ မြန်မာအားကစားအဖွဲ့အနေဖြင့် ပြိုင်ပွဲအမျိုးအစား လေးခုတွင် ဆုတံဆိပ် လေးခုရယူနိုင်ခဲ့ခြင်းဖြစ်ပြီး အမျိုးသမီး တစ်ဦးချင်း Bokator Spirit Form ပြိုင်ပွဲတွင် နီလာစိုးဦးက ငွေတံဆိပ်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ယင်းပြိုင်ပွဲတွင် အိမ်ရှင် ကမ္ဘောဒီးယားက ရွှေတံဆိပ်၊ ဖိလစ်ပိုင်က ကြေးတံဆိပ်ရရှိခဲ့သည်။ အမျိုးသား တစ်ဦးချင်း Bokator Spirit Form ပြိုင်ပွဲတွင် လှိုင်ချစ်ဦးက ကြေးတံဆိပ်၊ ကမ္ဘောဒီးယားက ရွှေတံဆိပ်၊ အင်ဒိုနီးရှားက ငွေတံဆိပ်၊ အမျိုးသမီးတစ်ဦးချင်း Bokator Spirit Form ပြိုင်ပွဲတွင် မြတ်နိုးဝေက အင်ဒိုနီးရှားကစားသမားနှင့် ပူးတွဲကြေးတံဆိပ်၊ ဖိလစ်ပိုင်က ရွှေတံဆိပ်၊ ကမ္ဘောဒီးယားက ငွေတံဆိပ်၊ အမျိုးသားတစ်ဦးချင်း Bare Hand Form ပြိုင်ပွဲ တွင် ခန့်လွန်းဇော်က အင်ဒိုနီးရှားကစားသမားနှင့် ပူးတွဲကြေး တံဆိပ်၊ လာအိုက ရွှေတံဆိပ်၊ ကမ္ဘောဒီးယားက ငွေတံဆိပ် ရရှိခဲ့သည်။
ကိုညီလေး