ဆီးဂိမ်း ပီတန်းအမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ခင်ချယ်ရီသက် နှစ်ကြိမ်ဆက်တိုက် ရွှေတံဆိပ်ဆု ဆွတ်ခူး

 

ရန်ကုန်      မေ    ၆


(၃၂) ကြိမ်မြောက် ဆီးဂိမ်း ပီတန်းပြိုင်ပွဲ ပထမနေ့ကို မေ ၆ ရက်က စတင်ကျင်းပရာ အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲတွင်  မြန်မာ့လက်ရွေးစင်  ပီတန်းကစားသမား ခင်ချယ်ရီသက်  ဗိုလ်စွဲပြီး  ဆီးဂိမ်းရွှေတံဆိပ်ဆုကို နှစ်ကြိမ်ဆက်တိုက် ရယူနိုင်ခဲ့သည်။ ခင်ချယ်ရီသက်သည် (၃၁) ကြိမ်မြောက် ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲတွင် လည်း ရွှေတံဆိပ်ဆုရခဲ့ပြီး နှစ်ကြိမ်ဆက်တိုက် ရွှေဆုရရှိခဲ့ခြင်းဖြစ်သည်။

 


အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲ တွင်   ခင်ချယ်ရီသက်  အပါအဝင် ဗီယက်နမ်၊    ထိုင်း၊    ဘရူနိုင်း၊ ကမ္ဘောဒီးယား၊    မလေးရှားနှင့် လာအိုတို့မှ     စုစုပေါင်း    ရှစ်ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ပြိုင်ပွဲ ကျင်းပသည့်ပုံစံအရ ပထမအဆင့် တွင်   အမှတ်အများဆုံးရရှိသည့် ထိုင်းနှင့် ဗီယက်နမ်ကစားသမား မှာ ဆီမီးဖိုင်နယ် တက်ရောက်ခွင့် ရပြီး ကျန်ကစားသမားခြောက်ဦး မှာ ဒုတိယအဆင့်  ထပ်မံယှဉ်ပြိုင် ခဲ့ရသည်။  ခင်ချယ်ရီသက်သည် တတိယနေရာသာရသဖြင့်ဒုတိယ အဆင့် ဆက်လက်ယှဉ်ပြိုင်ရပြီး ကမ္ဘောဒီးယား   ကစားသမားနှင့် အတူ   ထိပ်ဆုံးနှစ်ဦး   စာရင်းဝင် သဖြင့် ဆီမီးဖိုင်နယ် တက်ရောက် ခွင့်ရခဲ့သည်။ ခင်ချယ်ရီသက်သည် ဆီမီးဖိုင်နယ်တွင်   ထိုင်းကစား သမား သောင်သာနွန်နှင့် တွေ့ဆုံ ခဲ့ပြီး ၄၄-၃၁ မှတ်ဖြင့် အနိုင်ရရှိ ကာ ဗိုလ်လုပွဲ တက်ရောက်ခဲ့သည်။ ဗိုလ်လုပွဲတွင် ဗီယက်နမ်ကစား သမား ငုယင်သီသီနှင့် တွေ့ဆုံခဲ့ပြီး ၄၂-၃၀   မှတ်ဖြင့်    အနိုင်ရသဖြင့် ရွှေတံဆိပ်ဆုကို      ထိုက်ထိုက် တန်တန်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။


ရဲရင့်လွင်
ဓာတ်ပုံ-seagames2023