ဆီးဂိမ်း Pool 9 Ball တစ်ဦးချင်းပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဘုန်းမြင့်ကျော်အနိုင်ရပြီး ရွှေတံဆိပ် ဆွတ်ခူး

 

ရန်ကုန်    မေ    ၁၀


(၃၂) ကြိမ်မြောက် ဆီးဂိမ်း Pool 9 Ball တစ်ဦး ချင်းပြိုင်ပွဲ ဆီမီးဖိုင်နယ်နှင့်   ဗိုလ်လုပွဲကို   မေ ၁၀ ရက်က     ဆက်လက်ကျင်းပရာ     မြန်မာ့ လက်ရွေးစင် Pool ကစားသမား ဘုန်းမြင့်ကျော် ရွှေတံဆိပ်ဆုရရှိခဲ့သည်။

 


ဘုန်းမြင့်ကျော်သည်   ၂၀၁၉   ဖိလစ်ပိုင် ဆီးဂိမ်းပြိုင်ပွဲတွင် Pool 9 Ball တစ်ဦးချင်းနှင့် နှစ်ယောက်တွဲပြိုင်ပွဲတို့တွင် ရွှေတံဆိပ်ဆုရရှိ ထားသူဖြစ်ပြီး   ယခုအကြိမ်တွင်   တစ်ဦးချင်း ပြိုင်ပွဲ၌     ရွှေတံဆိပ်ဆု           ထပ်မံရရှိခဲ့ခြင်း ဖြစ်သည်။ ဘုန်းမြင့်ကျော်သည်  ယခုပြိုင်ပွဲ တစ်လျှောက် လက်စွမ်းပြကာ  ရွှေတံဆိပ်ဆုကို ထိုက်ထိုက်တန်တန်   ရယူနိုင်ခဲ့ခြင်းဖြစ်သည်။  ဘုန်းမြင့်ကျော်သည်  နံနက်ပိုင်းက  ကျင်းပ သည့်  ဆီမီးဖိုင်နယ်ပွဲတွင်   ဗီယက်နမ်ကစား သမား ငုယင်အန်ကျူရန်ကို ၉-၄ ပွဲဖြင့် အနိုင် ရရှိခဲ့သည်။ ဘုန်းမြင့်ကျော်သည် ပွဲစကတည်း က    လက်ရည်အသာဖြင့်    ကစားနိုင်ခဲ့ပြီး အနိုင်ရခဲ့ခြင်းဖြစ်သည်။       ဗိုလ်လုပွဲတွင်    စင်ကာပူနိုင်ငံသား    အယ်လိုစီယက်ပ်နှင့် တွေ့ဆုံခဲ့ပြီး  ၉-၃  ပွဲဖြင့်   အနိုင်ရရှိခဲ့သည်။ ပထမပွဲငယ်တွင်  ဘုန်းမြင့်ကျော်က   အနိုင်ရ ပြီး   ဒုတိယပွဲငယ်တွင် စင်ကာပူကစားသမားက ပြန်လည်          အနိုင်ရရှိခဲ့သည်။    သို့သော်   တတိယမြောက်    ပွဲငယ်မှ   သတ္တမမြောက် ပွဲငယ်အထိ  ဘုန်းမြင့်ကျော်က      ဆက်တိုက် အနိုင်ရပြီး  ၆-၁ ပွဲဖြင့်    အပြတ်အသတ်   ဦးဆောင်နိုင်ခဲ့သည်။  ဘုန်းမြင့်ကျော်သည်   နောက်ထပ်ပွဲငယ်နိုင်ပွဲ သုံးပွဲကို ငါးပွဲ အတွင်း ရယူကာ     ၉-၃   ပွဲဖြင့်    အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

 


မြန်မာဘိလိယက်အဖွဲ့သည် မေ ၁၀ ရက် ပွဲစဉ်များအပြီးထိ ရွှေတံဆိပ်နှစ်ခု၊ ကြေးတံဆိပ် တစ်ခု ရရှိထားသည်။ 

ရဲရင့်လွင်