ဆီးဂိမ်းအမျိုးသားဘော်လီဘောပြိုင်ပွဲတွင် မြန်မာအသင်း ဗီယက်နမ်နှင့် စတင်ကစားရမည်

 

ရန်ကုန်   ဧပြီ   ၂၀


ကမ္ဘောဒီးယားနိုင်ငံက  အိမ်ရှင်အဖြစ်  လက်ခံကျင်းပမည့်  (၃၂)  ကြိမ် မြောက် ဆီးဂိမ်းအမျိုးသားဘော်လီဘောပြိုင်ပွဲ အုပ်စုပွဲစဉ်များ ထွက်ပေါ် လာပြီဖြစ်ပြီး မြန်မာအသင်းသည် ဗီယက်နမ်အသင်းနှင့် စတင်ကစား ရမည်ဖြစ်သည်။

 


အုပ်စုခွဲဝေထားမှုအရ အုပ်စု (က) တွင် အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊  ဖိလစ်ပိုင်၊ စင်ကာပူ၊ အုပ်စု (ခ) တွင် ထိုင်း၊ မလေးရှား၊ မြန်မာ၊ ဗီယက်နမ် အသင်းတို့ ပါဝင်နေသည်။ ယခင်က ဆီးဂိမ်းအမျိုးသား ဘော်လီဘော ပြိုင်ပွဲတွင် ခုနစ်သင်းသာ ယှဉ်ပြိုင်မည်ဖြစ်သော်လည်း အုပ်စုမဲခွဲပြီးမှ ဖိလစ်ပိုင်အမျိုးသားအသင်း   ထပ်တိုးလာသဖြင့်  သုံးသင်းပါဝင်သည့် အုပ်စု (က) တွင် ထပ်တိုးခဲ့ခြင်းဖြစ်သည်။ အုပ်စုပွဲစဉ် ရေးဆွဲထားမှုအရ မြန်မာအသင်းသည် မေ  ၃  ရက် တွင်  ဗီယက်နမ်အသင်း၊ မေ  ၄ ရက်တွင်   မလေးရှား အသင်း၊   မေ  ၆  ရက်တွင်    ထိုင်းအသင်းတို့နှင့်  ကစားရမည်ဖြစ်သည်။ မြန်မာအသင်းသည် အုပ်စု ကျပ်အတွင်း     ကျရောက်နေပြီး      ဆီမီးဖိုင်နယ် တက်ရောက်ရန်     ခက်ခက်ခဲခဲ       ကစားရဖွယ်ရှိ နေသည်။

 


မြန်မာအမျိုးသား  ဘော်လီဘောအသင်းသည်  နောက်ဆုံးယှဉ်ပြိုင်ခဲ့သည့် ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲ တွင် ဆုတံဆိပ်နှင့် လွဲချော်ခဲ့သလို အုပ်စုအဆင့်မှ လည်း ထွက်ခဲ့ရသည်။            

              
ရဲရင့်လွင်